Android စမတ်ဖုန်းတွေမှာလည်း 3D Sensing နည်းပညာအသစ်ကိုထည့်သွင်းပေးဖို့ OEM တွေပြင်ဆင်နေ

date_range 19 November 2017

Android စမတ်ဖုန်းတွေမှာလည်း 3D Sensing နည်းပညာအသစ်ကိုထည့်သွင်းပေးဖို့ OEM တွေပြင်ဆင်နေ

visibility 4560 Views

                Google ကနေပြီးတော့ Face Unlock Feature ကို ၂၀၁၁ ခုနှစ်မှာတုန်းက Android 4.0 Ice Cream Sandwich နဲ့အတူမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ Feature ဟာ သိပ်အသုံးမဝင်တဲ့အပြင် အသုံးပြုရတာလည်းနှေးကွေးပြီး စိတ်ချရတာမျိုးမရှိတာကြောင့် လူစိတ်ဝင်စားမှုနည်းပါးခဲ့တယ်။

                အခုနှစ်အတွင်းမှာတော့ Samsung ဟာ အရင် Android Face Unlock ထက် ပိုမိုလုံခြုံစိတ်ချရတဲ့ Iris Scanner ကို Galaxy Note 7, Galaxy S8 စတဲ့ ဖုန်းတွေမှာ ထည့်သွင်းပြီး၊ ပိုမိုအဆင့်မြင်တဲ့ Biometrics Authentication စနစ်ကို စမတ်ဖုန်းတွေအတွက် ယူဆောင်လာခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ Samsung ရဲ့ Iris Scanner ကို ဓာတ်ပုံတစ်ပုံတည်းနဲ့တင် Bypass ပြုလုပ်သွားနိုင် ခဲ့တာကြောင့် Iris Scanner ကလည်း ထင်သလောက် မတွင်ကျယ်လာခဲ့ပါဘူး။ 

                လွန်ခဲ့တဲ့ စက်တင်ဘာလလောက်တုန်းကတော့ Apple ကနေ iPhone ဆယ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ “iPhone X” ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ iPhone X မှာ Touch ID အစား Face ID ကိုပြောင်းလဲအသုံးပြုခဲ့ပြီး 3D Depth-Sensing နည်းပညာနဲ့အတူ Facial Recognition စနစ်အသစ်ပါဝင်လာခဲ့ပါတယ်။ ဒီ Face ID အတွက် IR Camera, Dot Projector တွေထည့်သွင်းပေးထားခဲ့ပြီး Face ID တစ်ခုတည်းကိုသာ Biometrics Authentication အဖြစ် iPhone X မှာပြောင်းလဲအသုံးပြုခဲ့ပြီး။ ရေပန်းအတော်စားခဲ့တဲ့ Flagship စမတ်ဖုန်းတစ်မျိုးဖြစ်ခဲ့ပါတယ်။ iPhone X ထွက်ရှိပြီးနောက်မှာ VivoOppo စမတ်ဖုန်းအချို့ နဲ့ OnePlus 5T တို့မှာလည်း Face Unlock စနစ်တွေ ပြန်သုံးလာခဲ့ပေမယ့်၊ လက်ရှိမှာတော့ Android စမတ်ဖုန်းအားလုံးရဲ့ Face Unlock စနစ်ဟာ 2D မျက်နှာပုံရိပ်ကို ဖတ်တဲ့စနစ်မှာပဲ ရှိပါသေးတယ်။

                အခုတော့ ၂၀၁၈ ခုနှစ်မှာထုတ်လုပ်သွားမယ့် Android စမတ်ဖုန်းတွေမှာလည်း iPhone X ကလိုမျိုး 3D Sensing နည်းပညာအသစ်ကိုထည့်သွင်းပေးဖို့ OEM တွေကနေ ပြင်ဆင်နေတဲ့အကြောင်းကို DigiTimes ကနေတစ်ဆင့် သိရှိခဲ့ရပါတယ်။ ဒီနည်းပညာကို Huawei, Oppo နဲ့ Xiaomi တို့က ဦးဆောင်ပြီး နောက်ထပ်ထွက်ရှိမယ့်စမတ်ဖုန်းအသစ်တွေမှာ ထည့်သွင်းပေးနိုင်အောင် Suppliers တွေဖြစ်တဲ့ Largan Precision, Sunny Optical, Orbbec နဲ့ Himax Technologies တို့နဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

                လက်ရှိအချိန်မှာတော့ Largan Precision အနေနဲ့ 3D Sensing နည်းပညာထည့်သွင်းပေးဖို့အတွက် အသာစီးရနေတယ်လို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဆီမှာ 3D Sensing Receivers တွေနဲ့ Transmitter Lens Modules တွေဟာ ထုတ်လုပ်ပေးဖို့အသင့်ဖြစ်နေပြီး၊ လက်ရှိ Clients တွေကလည်း ဒီပစ္စည်းတွေကို Order မှာယူထားကြတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် Largan ဟာ iPhone အတွက် Camera Lens တွေကို ထောက်ပံ့ပေးထားတဲ့ Suppliers တစ်ခုလည်းဖြစ်ပြီး၊ အခြား Android စမတ်ဖုန်းတွေမှာလည်း Largan ရဲ့ Camera Lens တွေကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။

                ဒါ့အပြင် Qualcomm, Himax နဲ့ Truly Opto-Electronics တို့ပူးပေါင်းပြီးတော့လည်း 3D Sensing နည်းပညာအတွက် ပူးပေါင်း Develop ပြုလုပ်နေတယ်လို့ သိရှိထားရပါတယ်။ ဒီလိုမျိုး ပူးပေါင်း Develop ပြုလုပ်နေတယ်ဆိုတာကိုတော့ Oppo နဲ့ Xiaomi တို့ကနေ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

                Sunny Optical ကနေလည်း Structure-Light 3D Sensing နည်းပညာကို Develop ပြုလုပ်နေပြီး၊ ၂၀၁၈ နှစ်လယ်ပိုင်းလောက်မှာ အမြောက်အများထုတ်လုပ်ပေးသွားဖို့ရှိတယ်လို့ သိရှိထားပါတယ်။ Orbbec အနေနဲ့လည်း 3D Sensors, Algorithms, Controller Chips နဲ့ Structure-Light 3D Cameras တွေကို Develop ပြုလုပ်ဖို့ ဦးတည်ထားပါတယ်

                Android စမတ်ဖုန်းတွေမှာပါ ဒီလို 3D Sensing နည်းပညာအသစ်တွေထည့်သွင်းပေးလာမယ်ဆိုတာကတော့ စာရေးသူအမြင်မှာ အပြစ်ပြောစရာမရှိပါဘူး။ OEM တွေအနေနဲ့လည်း Fingerprint စနစ်ကိုမဖြုတ်ပစ်ဘဲနဲ့ 3D Sensing Facial Recognition စနစ်ကိုပါ ပေါင်းပြီးထည့်သွင်းပေးမယ်ဆိုရင်တော့ ပိုမိုကောင်းမွန်လိမ့်မယ်လို့ ယူဆပါတယ်။ သိရှိထားရသလောက် Suppliers တွေအနေနဲ့ 3D Sensing နည်းပညာကိုတဟုန်ထိုးပြုလုပ်နေတာကြောင့် ၂၀၁၈ စမတ်ဖုန်းတွေမှာ iPhone X ရဲ့ Face ID ထက်ပိုမိုကောင်းမွန်တဲ့ နည်းပညာနဲ့ Android စမတ်ဖုန်းတွေထွက်ရှိလာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

                ဘယ်စနစ်မှ အပြည့်အဝလုံခြုံမှုမရှိဘူးဆိုသလိုပဲ လက်ရှိအချိန်မှာ ၁၀ နှစ်သားတစ်ဦးကနေ မိခင်ဖြစ်သူရဲ့ iPhone X ကို Face ID အသုံးပြုပြီး Unlock ပြုလုပ်ပြနိုင်ခဲ့ ပြီးပြီ ဖြစ်ပါတယ်။ ဒါ့အပြင် 3D Mask တစ်ခုကိုအသုံးပြုပြီး 2D ပုံရိပ်တွေနဲ့အတူ iPhone X ရဲ့ Face ID ကို Bypass ပြုလုပ်ပြသွားတာကိုလည်း Engadget ရဲ့ Report တစ်ခုအရ သိရှိထားရပြီးဖြစ်တာကြောင့် 3D Facial Recognition စနစ်ဟာလည်း လုံးဝ Perfect ဖြစ်တဲ့ Biometrics Authentication စနစ်တစ်ခုတော့ မဟုတ်သေးပါဘူး။

References
XDA Developers DigiTimes
About Author
Assinged Tags
Xiaomi Facial Recognition Technology Huawei OPPO Android Smartphones Infrared 3D Facial Recognition Infrared Scanner Face ID 3D Face Sensor 3D Sensing
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed