ကိုယ်ပိုင်မိုဘိုင်းပရိုဆက်ဆာထုတ်လုပ်တော့မယ့် Xiaomi

date_range 19 February 2017

ကိုယ်ပိုင်မိုဘိုင်းပရိုဆက်ဆာထုတ်လုပ်တော့မယ့် Xiaomi

visibility 7420 Views

                တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ မိုက်ခရိုပရိုဆက်ဆာသုံး ဖုန်းတစ်လုံးကို မိတ်ဆက်သွားဖို့အတွက် ပြင်ဆင်လျက်ရှိတယ်လို့ Washington Post Journal မှာ ဖော်ပြပါရှိလာပါတယ်။

                Xiaomi ကုမ္ပဏီအနေနဲ့  ပြိုင်ဆိုင်မှုပြင်းထန်လျက်ရှိတဲ့ တရုတ်ပြည်တွင်းဖုန်းစျေးကွက်မှာ ဦးဆောင်နိုင်ဖို့အပြင် ကမ္ဘာ့စမတ်ဖုန်းစျေးကွက်မှာ ထိပ်တန်းနေရာရရှိဖို့အတွက် ကိုယ်ပိုင်ပရိုဆက်ဆာထုတ်နိုင်ဖို့ ကြိုးပမ်းနေပုံပေါ်ပါတယ်။

                ယခုနောက်ပိုင်းနှစ်တွေမှာ တရုတ်ဖုန်းကုမ္ပဏီတွေဟာ ဟာ့ဒ်ဝဲနဲ့ဆော့ဖ်ဝဲတူညီကောင်းမွန်စွာ အလုပ်လုပ်နိုင်တဲ့ ဖုန်းတွေကို ထုတ်လုပ်နိုင်ဖို့အတွက် ကိုယ်ပိုင်နည်းပညာတွေ တီထွင်လာလျက်ရှိတာကိုလည်း တွေ့မြင်ရမှာပါ။

                လက်ရှိမှာ တရုတ်စမတ်ဖုန်းကုမ္ပဏီ Huawei က ကုမ္ပဏီထုတ်ဖုန်းတစ်ချို့မှာ Kirin ပရိုဆက်ဆာတွေကို ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနေပြီဖြစ်ပြီး၊ Xiaomi အနေနဲ့ ဒုတိယမြောက် ကိုယ်ပိုင်ပရိုဆက်ဆာသုံးတရုတ်ဖုန်းကုမ္ပဏီဖြစ်လာဖို့ ရှိနေပါတယ်။

                Xiaomi အနေနဲ့ ကုမ္ပဏီကိုယ်တိုင်ထုတ်လုပ်မယ့် မိုဘိုင်းပရိုဆက်ဆာကို “Pinecone” လို့နာမည်ပေးထားပြီး၊ ဖုန်းမော်ဒယ်အသစ် “Xiaomi Mi 5c” ဖုန်းနဲ့အတူ နောက်တစ်လအတွင်း မိတ်ဆက်ပြသနိုင်ခြေရှိပါတယ်။

                ဒီသတင်းသာ မှန်ကန်ခဲ့မယ်ဆိုရင် Xiaomi ရဲ့ ပရိုဆက်ဆာဟာ တခြား နာမည်ကြီးဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Apple, Samsung နဲ့ Huawei တို့ရဲ့ ကိုယ်ပိုင်ပရိုဆက်ဆာတွေကို ယှဥ်ပြိုင်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

References
Washington Post Journal
About Author
Assinged Tags
Xiaomi
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed