Xiaomi ရဲ့ ပထမဆုံး Gaming စမတ်ဖုန်း “Blackshark” ရဲ့ Specification တစ်ချိူ့ AnTuTu ကနေတဆင့် ပေါက်ကြား

date_range 21 February 2018

Xiaomi ရဲ့ ပထမဆုံး Gaming စမတ်ဖုန်း “Blackshark” ရဲ့ Specification တစ်ချိူ့ AnTuTu ကနေတဆင့် ပေါက်ကြား

visibility 1800 Views

                ဒီနေ့မှာတော့ “Blackshark” အမည်ရှိ စမတ်ဖုန်းတစ်လုံးရဲ့ Specification တွေဟာ AnTuTu Benchmark ကနေတစ်ဆင့် ထွက်ပေါ်လာခဲ့ပါတယ်။ "Blackshark" ဟာ Xiaomi ရဲ့ Brand ခွဲတစ်ခု ဖြစ်လာနိုင်သလို Xiaomi ရဲ့ ပထမဆုံး Gaming စမတ်ဖုန်းလဲ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Gaming စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့အတွက် Nanchang Black Shark နည်းပညာ ကုမ္ပဏီနဲ့အတူ လက်တွဲလုပ်ကိုင်သွားမှာဖြစ်ကြောင်း Xiaomi က ပြောကြားခဲ့ဖူးပါတယ်။ 

                တစ်ဖက်မှာလည်း Black Shark နည်းပညာ ကုမ္ပဏီက သူတို့ကုမ္ပဏီရဲ့ အဓိက ရင်းနှီးမြုပ်နှံသူတွေထဲမှာ Xiaomi လဲ ပါဝင်တယ်လို့ ပြောကြားထားပါတယ်။ ဒီအကြောင်းကို Gizmochina က ပြီးခဲ့တဲ့ အပတ်က မျှဝေခဲ့တာ ဖြစ်ပါတယ်။ Xiaoimi အနေနဲ့ MI စမတ်ဖုန်းတွေနဲ့အတူ Gaming စမတ်ဖုန်းတွေကို ပူးတွဲပြီး မထုတ်လုပ်ချင်တာကြောင့် Black Shark ကုမ္ပဏီမှာ ရင်းနှီးမြှပ်နှံတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်း ပြောဆိုထားပါတယ်။


                AnTuTu မှာ ဖော်ပြထားတဲ့ Specification များအရ "Blackshark" ရဲ့ Processor အပိုင်းကို Qualcomm ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Snapdragon 845 SoC ကို အသုံးပြုထားပါတယ်။ Graphic အပိုင်းမှာတော့ Adreno 630 GPU ပါဝင်ပြီး RAM 8GB မှာပါဝင်မှာပါ။ Internal Storage အနေနဲ့ 32GB, 64GB နဲ့ 128GB ဆိုပြီး ထုတ်လုပ်နိုင်ဖွယ် ရှိပါတယ်။ Display အပိုင်းမှာတော့ Full-HD+ အရည်အသွေးရှိ 18:9 Aspect Ratio Display ကို အသုံးပြုထားနိုင်ဖွယ် ရှိပြီး Resolution ကတော့ 1080 x 2160 Pixels ပါဝင်နိုင်ပါတယ်။

                Display ရဲ့ မျက်နှာပြင် အကျယ်ကိုတော့ အတိအကျ မသိရသေးပါဘူး။ Software အပိုင်းမှာတော့ Android 8.0.0 Oreo ကို ပြန်လည်ဆန်းသစ်ထားတဲ့ MIUI 9 နဲ့ ပွဲထွက်လာနိုင်ပါတယ်။ "Blackshark" ဟာ AnTuTu Benchmark Scores ၂၇၀၆၈၀ ရရှိခဲ့ပြီး AnTuTu ဟာ တရုတ်ဝက်ဆိုက် Weibo ကနေတစ်ဆင့် မျှဝေခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး "Blackshark" ရဲ့ Benchmark Scores ဟာ ဒီလ ၂၅ ရက်နေ့ (နောက် ၄ ရက်အလို) မှာ မိတ်ဆက်ပေးတော့မယ့် Samsung Galaxy S9+ ရဲ့ Benchmark Scores ၂၆၅၂၆၇ ထက် သာနေတာကို တွေ့ရပါတယ်။

                Gaming စမတ်ဖုန်းတွေဘက်ကို မြှားဦးလှည့်လာတဲ့ ကုမ္ပဏီဟာ Xiaomi တစ်ခုထဲလားဆိုရင် မဟုတ်သေးပါဘူး။ Gaming အပိုင်းအတွက် Electronic Device တွေ ထုတ်လုပ်ရောင်းချနေတဲ့ Razer ကုမ္ပဏီအနေနဲ့ "UltraMotion Display" ကို အသုံးပြုထားပြီး Refresh Rates 120Hz ထိ ထောက်ပံ့ပေးနိုင်တဲ့ Razer Phone ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက မိတ်ဆက်ပေးခဲ့ပြီး Gaming စမတ်ဖုန်း လောကထဲကို ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ထိုင်ဝမ်အခြေစိုက် စမတ်ဖုန်း ကုမ္ပဏီဖြစ်တဲ့ ASUS ဟာ Gaming စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့အတွက် ရင်းနှီးမြှပ်နှံနေပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ မိတ်ဆက်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

This Article is contributed by Thaw Zin.
References
Gadgets NDTV
About Author
Assinged Tags
Razer Gaming Related Mobile Gaming Related News Razer Phone Xiaomi Gaming Smartphone Blackskark
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed