အစ္စရေးအခြေစိုက် မျက်နှာဖတ်ရှုမှုနည်းပညာကုမ္ပဏီ RealFace ကို ဒေါ်လာ ၂ သန်းနဲ့ ဝယ်ယူလိုက်တဲ့ Apple

date_range 21 February 2017

အစ္စရေးအခြေစိုက် မျက်နှာဖတ်ရှုမှုနည်းပညာကုမ္ပဏီ RealFace ကို ဒေါ်လာ ၂ သန်းနဲ့ ဝယ်ယူလိုက်တဲ့ Apple

visibility 1050 Views

                Apple ကုမ္ပဏီဟာ အစ္စရေးအခြေစိုက် Facial Recognition ကုမ္ပဏီသစ်တစ်ခုဖြစ်တဲ့ RealFace ကို ကန်ဒေါ်လာ ၂ သန်းနဲ့ ဝယ်ယူလိုက်တာကြောင့် အသစ်ထွက်ရှိမယ့် iPhone မှာ Facial Recognition နည်းပညာပါဝင်မယ်ဆိုတဲ့ ကောလဟာလတွေက ပိုမိုခိုင်မာလာပါတယ်။

                ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ RealFace ကုမ္ပဏီကို Apple က ဒေါ်လာ ၂ သန်း (သို့) ဒီထက်များတဲ့ဒေါ်လာပမာဏနဲ့ ဝယ်ယူလိုက်ပြီဖြစ်ကြောင်း အစ္စရေးအခြေစိုက် Times of Israel သတင်းဌာနဲ့ Calcalist သတင်းဌာနတွေက ဖော်ပြထားတာကြောင့် ဒီသတင်းက သေချာသလောက်ရှိပါတယ်။

                RealFace ကုမ္ပဏီဟာ သူတို့ရေးသားထားတဲ့ Facial Recognition Software ( လူတစ်ယောက်ရဲ့မျက်နှာကို မှတ်သားခွဲခြားနိုင်တဲ့ဆော့ဖ်ဝဲ) ကို အသုံးပြုပြီး User တွေရိုက်ကူးထားတဲ့ဓာတ်ပုံတွေထဲက အကောင်းဆုံးဓာတ်ပုံတွေကို သင်္ချာနည်းအရရွေးထုတ်ပေးနိုင်တဲ့ App တစ်ခုကို ဖန်တီးထားပြီးဖြစ်ပါတယ်။

                RealFace ရဲ့ ဆော့ဖ်ဝဲဟာ iPhone လိုမျိုး ပါဝါသုံးစွဲမှုနည်းတဲ့အီလက်ထရောနစ်ပစ္စည်းတွေမှာ ကောင်းကောင်းအလုပ်လုပ်တဲ့ Facial Recognition ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး၊ ကုမ္ပဏီရဲ့ ရည်ရွယ်ချက်က မိုဘိုင်းငွေပေးချေမှုစနစ်အတွက် “ဇီဝအချက်အလက်စနစ်နဲ့ Log-in ဝင်ရောက်နိုင်တဲ့နည်းပညာတစ်ခု” ကို ဖန်တီးနိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။

                လက်ရှိမှာ RealFace ရဲ့ ဝဘ်ဆိုဒ်ကို ဝင်ရောက်နိုင်ခြင်းမရှိတော့ဘဲ၊ ကုမ္ပဏီကိုယ်တိုင်က ပိတ်ထားတာလား ဒါမှမဟုတ် Apple ကပဲ ပိတ်ထားတာလားဆိုတာကိုတော့ မသိရသေးပါဘူး။

                မကြာသေးခင်ကထွက်ပေါ်လာတဲ့ iPhone ကောလဟာလသတင်းတွေအရလည်း “iPhone 8” ဒါမှမဟုတ် ၂၀၁၇ iPhone မော်ဒယ်တွေမှာ Laser 3D Scanner သုံး မျက်နှာဖတ်သားနိုင်တဲ့စွမ်းဆောင်ရည်ပါဝင်လာမယ်လို့ သိရပါတယ်။ ဒီနည်းပညာကို Apple ဘက်က API ထုတ်ပေးခဲ့မယ်ဆိုရင် iPhone ကနေ တိကျတဲ့အကွာအဝေးတိုင်းစနစ်၊ 3D Printing အတွက် စကန်ဖတ်စနစ်၊ အရွယ်အစားတိုင်းတာမှုစနစ်တွေ လုပ်ဆောင်နိုင်တဲ့ Apps တွေထွက်ပေါ်လာနိုင်ပြီး၊ နောက်ပိုင်းမှာ Augmented Reality နည်းပညာတွေအထိ အသုံးချလာနိုင်ပါတယ်။


References
Times of Israel Apple Insider
About Author
Assinged Tags
iPhone Facial Recognition Technology
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed