ဒီနေ့ဟာ Apple က Steve Jobs တည်ထောင်ခဲ့တဲ့ NeXT ဆိုတဲ့ ကွန်ပျူတာနဲ့ Software ကုမ္ပဏီကို ၀ယ်ယူခဲ့တဲ့နေ့ ဖြစ်ပါတယ်

date_range 21 December 2017

ဒီနေ့ဟာ Apple က Steve Jobs တည်ထောင်ခဲ့တဲ့ NeXT ဆိုတဲ့ ကွန်ပျူတာနဲ့ Software ကုမ္ပဏီကို ၀ယ်ယူခဲ့တဲ့နေ့ ဖြစ်ပါတယ်

visibility 1060 Views

                Steve Jobs အနေနဲ့ ၁၉၇၆ ခုနှစ်မှာ Apple ကို ပူးတွဲတည်ထောင်ပြီး Apple CEO အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှာတော့ Apple CEO အဖြစ်မှ နှုတ်ထွက်ပေးခဲ့ရပြီး NeXT ဆိုတဲ့ ကွန်ပျူတာနဲ့ Software ကုမ္ပဏီလေးတစ်ခုကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။


                NeXT ဟာ ကွန်ပျူတာနဲ့ Software တွေ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး "အဆင့်မြင့် ပညာရေးနဲ့ စီးပွားရေး စျေးကွက်တွေမှာ ကွန်ပျူတာတွေ အစားထိုး အသုံးပြုနိုင်ဖို့" ဆိုတာ NeXT ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။

                ၁၉၈၈ ခုနှစ်မှာတော့ ပထမဆုံး NeXT Computer ကိုစတင် ထုတ်လုပ်ရောင်းချခဲ့ပြီး ၁၉၉၀ ခုနှစ်မှာတော့ NeXT Computer ထက် ပိုမိုသေးငယ်တဲ့ NeXTstation ကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ NeXT အနေနဲ့ ကွန်ပျူတာ အလုံးရေ ၅၀,၀၀၀ ခန့်ပဲ ရောင်းချနိုင်ခဲ့တယ် ဆိုပေမယ့် NeXTSTEP OS နဲ့ Development Environment ကတော့ ကွန်ပျူတာလောကကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။

                ဒါကြောင့်ပဲ ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာ ၂၀ရက်နေ့၊ ဒီနေ့လိုနေ့မျိုးမှာတော့ ကျရှုံးခါနီးဆဲဆဲ အခြေအနေမှာ ရောက်ရှိနေပြီဖြစ်တဲ့ Apple အနေနဲ့ NeXT က ရေးဆွဲထားတဲ့ NeXTSTEP OS ကို Apple ရဲ့ Hardware Platform တွေနဲ့ ပေါင်းစပ်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့အတူ NeXT ကို ကန်ဒေါ်လာ ၄၂၉ မီလီယံနဲ့ ၀ယ်ယူခဲ့ရပြီး Steve Jobs ကိုလည်း အိမ်ပြန်လာခိုင်းခဲ့ရပါတယ်။


                အဲဒီ့နောက်ပိုင်းမှာတော့ NeXT က Developer တွေ ရေးဆွဲခဲ့တဲ့ NeXTSTEP OS ကို အခြေခံထားတဲ့ Macintoch OS ဖြစ်ပေါ်လာခဲ့ပြီး အဲ့ကနေတစ်ဆင့် အခုလက်ရှိ Apple ပရိတ်သတ်တွေ အသုံးပြုနေကြတဲ့ macOS, iOS, tvOS, watchOS စတာတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

This Article is contributed by Thaw Zin.
References
DayInTechHistory Wikipedia
About Author
Assinged Tags
iOS macOS tvOS WatchOS Apple NeXTSTEP NeXTSTEP OS NeXT Computer
Categorized Under
Today Tech

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed