မျက်နှာနဲ့ Unlock လုပ်နိုင်တဲ့ Face Wake စနစ်၊ Full View Display တို့နဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Vivo X20 and X20 Plus

date_range 22 September 2017

မျက်နှာနဲ့ Unlock လုပ်နိုင်တဲ့ Face Wake စနစ်၊ Full View Display တို့နဲ့ ထွက်ရှိလာပြီဖြစ်တဲ့ Vivo X20 and X20 Plus

visibility 17100 Views

                Vivo ဟာ ကြိုတင်သတင်းတွေထွက်ခဲ့တဲ့အတိုင်းပဲ X20 နဲ့ X20 Plus ဆိုတဲ့ စမတ်ဖုန်းမော်ဒယ်သစ်နှစ်မျိုးကို ကြာသပတေးနေ့က တရုတ်နိုင်ငံမှာ မိတ်ဆက်သွားခဲ့ပါတယ်။

                Vivo X20 နဲ့ X20 Plus စမတ်ဖုန်းတွေမှာ အထူးခြားဆုံး Feature တွေကတော့ iPhone X က Face ID လိုမျိုး မျက်နှာနဲ့ Unlock လုပ်နိုင်တဲ့ ‘Face Wake’ Feature နဲ့ Full View Display တို့ ပါဝင်လာတာပါ။ iPhone X လိုမျိုး Camera စနစ်သက်သက်နဲ့ 3D Facial Recognition စနစ် လုပ်ထားတာတော့မဟုတ်ဘဲ၊ ရှေ့ကင်မရာရယ် Software ကိုပဲ အသုံးချထားပုံပေါ်ပါတယ်။ Vivo ရဲ့ အဆိုအရတော့ အခု Face Wake Feature ဟာ ဖုန်းကို  ၀.၁ စက္ကန့်အတွင်းမှာ Unlock လုပ်ပေးနိုင်ပြီး၊ မျက်နှာအစိတ်အပိုင်း ၁၂၈ မျိုးအထိ ခွဲခြားသိရှိနိုင်တယ်လို့ သိရပါတယ်။ Face Wake မသုံးချင်ဘူးဆိုရင်လည်း ဖုန်းနောက်ကျောဘက်က Fingerprint Scanner နဲ့ unlock လုပ်နိုင်ပါတယ်။


                X20 နဲ့ X20 Plus တို့ရဲ့ နောက်ထပ် ထူးခြားချက်ကတော့ 18:9 Aspect Ratio နဲ့ Full View Display တွေ ပါဝင်လာတာပါ။ Full View Display ဆိုတာကတော့ Vivo က ပေးထားတဲ့နာမည်ဖြစ်ပြီး၊ ဘေးဘောင်ကျဉ်းမြောင်းပြီး၊ သာမန် Display တွေထက် အနည်းငယ်ပိုရှည်တဲ့ Aspect Ratio နဲ့ ဖြစ်ပါတယ်။ Galaxy S8 နဲ့ LG G6 တို့ကလည်း 18:9 Aspect Ration နဲ့ Display သုံးထားတဲ့ စမတ်ဖုန်းတွေဖြစ်ပါတယ်။


                Vivo X20 နဲ့ X20 Plus မှာ အဓိကကွာခြားချက်ကတော့ စခရင်အရွယ်အစားနဲ့ ဘက်ထရီပမာဏတို့ ဖြစ်ပြီး၊ X20 က 6.01-inch နဲ့ X20 Plus က 6.43-inch ရှိမှာဖြစ်ပါတယ်။ 2160 x 1080 pixels Super AMOLED Display နဲ့ ဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ကတော့ X20 မှာ 3245mAh ဘက်ထရီ အသုံးပြုထားပြီး၊ X20 Plus ကတော့ 3905mAh ဘက်ထရီနဲ့ပါ။

                Dual Camera ကတော့ 12 MP Sensor, f/1.8 နဲ့ 5 MP Sensor အတွဲဖြစ်ပြီး၊ OIS ပါဝင်ပါတယ်။ ခေတ်စားနေတဲ့ Background Blur ပုံတွေရိုက်ကူးဖို့အတွက် Portrait Mode လည်း ပါဝင်မှာပါ။ Camera and Music ဆိုတဲ့ Vivo ဆောင်ပုဒ်အတိုင်း Hi-Fi Audio အတွက် ES9318 DAC+ Amp ပါဝင်မှာ ဖြစ်ပါတယ်။


                Chipset ကတော့ Snapdragon 660 နဲ့ဖြစ်ပြီး၊ RAM 4 GB ၊ Internal Storage 64 GB ပါဝင်ကာ၊ microSD Card Slot ကနေလည်း 256 GB အထိ ထပ်စိုက်နိုင်ပါတယ်။

                ဖုန်းနှစ်မျိုးစလုံးက Dual-SIM သုံးနိုင်တဲ့ဖုန်းတွေဖြစ်ကာ၊ Connectivity ပိုင်းအနေနဲ့ကတော့ နောက်ဆုံးပေါ် Bluetooth 5.0, Dual-Band Wifi နဲ့ microUSB Port တွေ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။ 

                Android 7.1.1 စနစ်အခြေခံ FunTouch OS 3.0 နဲ့ဖြစ်ပြီး၊ ဖုန်းသုံးတဲ့ပုံစံအလိုက် ကိုယ်အသုံးအများဆုံး Apps တွေကို စွမ်းဆောင်ရည်မြှင့်ပေးမယ့် AI Assistant လည်း ပါဝင်တယ်လို့ သိရပါတယ်။ Snapdragon 660 SoC ဆိုပေမယ့် Gameplay Performance ကောင်းဖို့အတွက် Vivo Game Engine ဆိုတဲ့ စနစ်တစ်ခုပါဝင်လာပြီး၊ Requirements များတဲ့ဂိမ်းတွေဆော့တဲ့အခါ စွမ်းဆောင်ရည်ပိုကောင်းအောင် လုပ်ပေးနိုင်တယ်လို့တော့ Vivo က ပြောထားပါတယ်။ တကယ်တမ်း Results တွေကတော့ ကျနော်တို့လက်ထဲ ဖုန်းရောက်လာရင် Review လုပ်ပေးနိုင်အောင် ကြိုးစားသွားပါမယ်။

Vivo X20 နဲ့ Specifications အပြည့်အစုံကို ဒီမှာ သွားရောက်ကြည့်ရှုနိုင်ကာ၊ X20 Plus ရဲ့ Specifications အပြည့်အစုံကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။

                စျေးနှုန်းအနေနဲ့ကတော့ Vivo X20 ကို ၄၅၀ ဒေါ်လာခန့် နဲ့ X20 Plus ကို ၅၃၀ ဒေါ်လာဝန်းကျင်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ အခုလာမယ့် စက်တင်ဘာ ၂၅ ရက်နေ့က စတင်ကာ Pre-Order မှာယူနိုင်မှာဖြစ်ပြီး၊ စက်တင်ဘာ ၃၀ ဆို ရောင်းချသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

References
GizmoChina Gadgets NDTV
About Author
Assinged Tags
Facial Recognition Technology Smartphones Vivo Dual Camera Smartphones Snapdragon 660 Face Wake X20 X20 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed