MWC 2018 မှာ မိတ်ဆက်လာဖွယ်ရှိတဲ့ Samsung Galaxy Tab S4 ရဲ့ အချက်အလက်များ ပေါက်ကြား

date_range 21 February 2018

MWC 2018 မှာ မိတ်ဆက်လာဖွယ်ရှိတဲ့ Samsung Galaxy Tab S4 ရဲ့ အချက်အလက်များ ပေါက်ကြား

visibility 820 Views

                Samsung အနေနဲ့ မျိုးဆက်သစ် Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S9 နဲ့ Galaxy S9+ ကို MWC 2018 မှာ မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပြီး ဖြစ်ပါတယ်။ အခုအခါမှာတော့ Galaxy S9, S9+ တို့နဲ့ အတူ MWC 2018 မှာ မိတ်ဆက်သွားနိုင်တဲ့ Galaxy Tab S4 နဲ့ ပက်သတ်တဲ့ အချက်အလက်တွေ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

                Galaxy Tab S3 ကို ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီမှာ ကျင်းပသွားခဲ့တဲ့ MWC 2017 မှာ မိတ်ဆက်သွားခဲ့တာ ကြောင့် မျိုးဆက်သစ် မော်ဒယ်တစ်ခုဖြစ်တဲ့ Galaxy Tab S4 ကိုလည်း MWC 2018 မှာ မိတ်ဆက်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။

                Galaxy Tab S4 လို့ ခန့်မှန်းရတဲ့ Model နံပါတ် SM-T835 နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေဟာ GFXBench လို့ အမည်ရတဲ့ Benchmark Website ကနေတစ်ဆင့် ပေါက်ကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Samsung အနေနဲ့ Galaxy Tab S2 ကို SM-T815၊ Galaxy Tab S3 ကို SM-T825 လို့ Model နံပါတ်တွေ ပေးခဲ့တာကြောင့် SM-T835 ဟာ Galaxy Tab S4 ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားကြတာပါ။

                GFXBench မှာ ဖေါ်ပြထားချက်များအရ အသစ်ထွက်ရှိလာမယ့် Samsung Galaxy Tab S4 မှာ ၁၀.၅ လက်မ အရွယ်အစားရှိ 2560 x 1600 Pixel Resolution Display ကို အသုံးပြုလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ Processor ပိုင်းမှာတော့ 2.3GHz Octa-Core Qualcomm Processor ကို အသုံးပြုထားတယ်လို့ ဖေါ်ပြထားတာကြောင့် ၂၀၁၇ ထုတ် Flagship စမတ်ဖုန်း တော်တော်များများ မှာ အသုံးပြုခဲ့တဲ့ Qualcomm ရဲ့ Snapdragon 835 SoC ကို အသုံးပြုလာနိုင်ပါတယ်။

                Graphic အနေနဲ့ Adreno 540 GPU ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Samsung Galaxy Tab S4 မှာ RAM 4GB, Internal Storage 64GB ပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။ Camera ပိုင်းမှာတော့ Rear Camera 12-Megapixel, Selfie Camera 7-Megapixel နဲ့ ပွဲထွက်လာနိုင်ဖွယ် ရှိပါတယ်။ Galaxy Tab S4 မှာ Android 8.0 Oreo ကို အသုံးပြုလာနိုင်ပြီး အခြား Features တွေ အနေနဲ့ Accelerometer, Barometer, Bluetooth, Compass, GPS, Gyroscope, Light Sensor, Pedometer, Proximity, Wi-Fi တို့ ပါဝင်လာနိုင်ပါတယ်။

                ယခုနှစ် အတွင်းမှာ ထွက်ရှိလာမယ့် Flagship စမတ်ဖုန်း တော်တော်များများမှာ Snapdragon 845 SoC ကို အသုံးပြုလာမှာ ဖြစ်တာကြောင့် Samsung Tab Series မှာ Flagship Series ဖြစ်တဲ့ Samsung Galaxy Tab S Series ရဲ့ နောက်ဆုံးပေါ်မော်ဒယ် ဖြစ်လာမယ့် Tab S4 မှာ Snapdragon 835 အစား 845 ကို အသုံးပြုသင့်တယ်လို့ ကျွမ်းကျင်သူများက ဝေဖန်ထားကြပါတယ်။ Galaxy Tab S3 တုန်းကလည်း Samsung အနေနဲ့ Apple iPad Pro ရဲ့ ပြိုင်ဘက်အဖြစ် ထုတ်လုပ်ခဲ့တာကြောင့် Galaxy Tab S4 ကိုလည်း ဘယ်လို ကောင်းမွန်တဲ့ Features တွေနဲ့ MWC 2018 မှာ မိတ်ဆက်သွားမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV TechJuice
About Author
Assinged Tags
Samsung Smartphone Leaks Rumors Galaxy Tab S3 Leaks Galaxy Tab S4
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed