"A Revolution in Recognition" လို့ ကြွေးကြော်ထားတဲ့ Face ID အကြောင်း သိထားသင့်တဲ့အရာများ

date_range 20 September 2017

"A Revolution in Recognition" လို့ ကြွေးကြော်ထားတဲ့ Face ID အကြောင်း သိထားသင့်တဲ့အရာများ

visibility 8600 Views

                စက်တင်ဘာလ ၁၂ ရက်နေ့က Steve Job’s Theater မှာ ကျင်းပသွားခဲ့တဲ့ Event မှာ Apple ကနေ Flagship စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ iPhone 8, iPhone 8 Plus နဲ့ iPhone X တို့ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီအထဲမှာမှ အထူးခြားဆုံးနဲ့ လူစိတ်၀င်စားမှုအများဆုံးကတော့ Apple ကနေ iPhone ထုတ်လုပ်မှုသက်တမ်း ၁၀ နှစ်ပြည့်အနေနဲ့ မိတ်ဆက်ပေးလိုက်တဲ့ iPhone X ပါပဲ။ 

                iPhone X မှာ Home Button မပါ၀င်တဲ့အပြင် iPhone 5S ကနေ စ ပြီးမြင်တွေ့လာခဲ့ရတဲ့ Fingerprint Security (တစ်နည်းအားဖြင့်) Touch ID အစား၊ မျက်နှာကိုအသုံးပြုပြီး ဖုန်းကို Unlock ပြုလုပ်ရမယ့်စနစ်ဖြစ်တဲ့ Face ID ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ Apple ရဲ့ Face ID နည်းပညာဟာ ဘယ်လိုထူးခြားတယ်၊ ဘယ်လိုမျိုးပြုလုပ်ထားတယ်ဆိုတာကို နည်းနည်းလောက်လေ့လာကြည့်လိုက်ကြရအောင်။

Face ID ဆိုတာဘာလဲ


                Face ID ဆိုတာကတော့ Biometric Authentication (လူသားတွေရဲ့မတူညီတဲ့ ဇီ၀လက္ခဏာတွေကိုအသုံးပြုပြီး သက်သေပြတဲ့စနစ်) တစ်ခုပါပဲ။ Password, Security Dongle ဒါမှမဟုတ် Authentication App လိုမျိုးပဲ Security စနစ်မှာ မိမိရဲ့ Bio အချက်အလက်အသုံးပြု ပိုင်ဆိုင်ကြောင်းသက်သေပြတဲ့စနစ်တစ်မျိုးပါ။ Fingerprint Recognition ဟာလည်း Biometric Authentication တစ်မျိုးဆိုတာကိုလည်း သတိချပ်ရမှာဖြစ်ပါတယ်။

                Apple ရဲ့ Face ID ဟာ Facial Recognition စနစ်အတွက် ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ကျော်လွှားပေးနိုင်မယ်လို့လည်း ပြောကြားထားပါတယ်။ အဲ့ဒါတွေကတော့

  • မျက်နှာကို Scan စတင်ဖတ်ဖတ်ချင်းမှာပဲ တိတိကျကျမှတ်သားထားပေးနိုင်မှာဖြစ်ပြီး၊ နောက်ပိုင်းမှာလည်း မြန်မြန်ဆန်ဆန် မှတ်မိနိုင်အောင်ပြုလုပ်ပေးထားမှာဖြစ်ပါတယ်။
  • မျက်နှာကို Scan အသစ်ဖတ်တိုင်းမှာ အရင်ကဖတ်ထားတဲ့ မျက်နှာပုံစံအဟောင်းနဲ့ အမြဲနှိုင်းယှဉ်ပေးသွားမှာမို့ မိမိရဲ့မျက်နှာပုံစံကို အမြဲမှတ်မိနေမှာဖြစ်ပါတယ်။
  • မျက်နှာကို အလင်း၊ အမှောင်အခြေအနေအမျိုးမျိုးမှာလည်း မှတ်မိနိုင်အောင်ပြုလုပ်ပေးထားပါတယ်။
  • အသက်ကြီးလာလို့ မျက်နှာပုံစံပြောင်းလဲသွားတာ၊ ဆံပင်ပုံစံပြောင်းလဲသွားတာ၊ မုတ်ဆိတ်မွှေးတွေနဲ့ မျက်ခုံးမွှေးတွေ ရှည်လျားလာတာ စတဲ့ မျက်နှာပုံစံအနည်းငယ်ပြောင်းလဲသွားမှုတွေကိုလည်း အမြဲ Update လုပ်ပေးနေပြီး မျက်နှာကိုသေသေချာချာမှတ်မိအောင် ပြုလုပ်ပေးထားပါတယ်။
  • မျက်နှာပုံစံတူ၊ ဓာတ်ပုံ၊ မျက်နှာဖုံး စ တဲ့ အခြားနည်းလမ်းတွေနဲ့ ဖုန်းကို Unlock လုပ်လို့မရအောင် ကာကွယ်ပေးထားမှာဖြစ်ပါတယ်။

Face ID ဟာ Touch ID ကိုအစားထိုးထားတာလား

                လက်ရှိအချိန်မှာတော့ iPhone X တစ်မျိုးတည်းကသာ Touch ID အစား Face ID ကိုပြောင်းလဲအသုံးပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနာဂတ်မှာတော့ Apple ဟာ Products အချို့မှာ Face ID ကို Premium Feature အဖြစ်၊ Touch ID အစားပြောင်းလဲအသုံးပြုလာမယ်လို့တော့ ခန့်မှန်းရပါတယ်။ ၂၀၁၈ ခုနှစ်မှာ မိတ်ဆက်မယ့် iPhone တွေနဲ့အတူ၊ iPhone SE နဲ့ iPad Pro တို့မှာလည်း Face ID ထည့်သွင်းပေးလာမယ်လို့လည်း ယူဆရပါတယ်။ 

Face ID ကို ဘယ်လိုနေရာမှာ အသုံးပြုလို့ရလဲ

                လက်ရှိ Touch ID အသုံးပြုလို့ရတဲ့ Apple Pay, App Store Purchases တွေနဲ့ အခြား Third Party Authentication အချို့အတွက် Face ID ကိုအစားထိုးအသုံးပြုလို့ရပါတယ်။ ဒါပေမယ့်လည်း အခုချိန်ထိတော့ Face ID နဲ့ ဘယ်လိုမျိုး Authenticate ပြုလုပ်လို့ရတယ်ဆိုတာကို အတိအကျမသိရှိရသေးပါဘူး။ 

                Third Party App တွေအနေနဲ့ Facial Mapping တွေကိုအသုံးပြုလို့ရမှာဖြစ်ပေမယ့်လည်း Apple ရဲ့ System ပိုင်းမှာ အသုံးပြုထားတဲ့ Facial Recognition စနစ်လောက်ထိကိုတော့ အသုံးပြုခွင့်ရရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် Live Depth Map တွေကိုတော့ Rear Dual-Camera တွေနဲ့အတူ iOS 11 မှာ Third-Party App တွေအနေနဲ့ အသုံးပြုခွင့်ရရှိလာမှာဖြစ်ပါတယ်။ 

Face ID ကို Set Up ဘယ်လိုပြုလုပ်ရမှာလဲ


                Face ID အနေနဲ့ Enroll ပြုလုပ်တာဟာ Touch ID နဲ့ ဆင်တူပါတယ်။ Settings ထဲကိုသွားပြီး Face ID & Passcode ဆိုတဲ့နေရာမှာ "Enroll Face" ဆိုတာနှိပ်လိုက်ရုံပါပဲ။ ဒီလိုဆို iPhone ဟာ Front-Camera နဲ့ Infrared Sensor ကိုအသုံးပြုပြီး မိမိရဲ့မျက်နှာကို အစိမ်းရောင်စက်ဝိုင်းအတွင်းထဲမှာ စတင်မှတ်သားထားတော့မှာဖြစ်ပါတယ်။ ဒီလိုတိုင်းတာနေတဲ့အချိန်မှာ မိမိရဲ့မျက်နှာပုံစံကို အတိအကျမှတ်သားထားနိုင်ဖို့အတွက် ခေါင်းကိုအနည်းငယ်လှုပ်ရှားပေးရတာမျိုး (ဥပမာ- Fingerprint Enroll လုပ်ရင်လည်း လက်ချောင်းကို ဖိလိုက်၊ ပြန် မ လိုက် လုပ်ရသလိုမျိုး) ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

Face ID ဘယ်လိုအလုပ်လုပ်သလဲ


                Apple အနေနဲ့ Infrared Emitter နဲ့ Sensor နှစ်ခုစလုံးကိုပေါင်းစပ်အသုံးပြုပြီး (ဒီနည်းပညာကို TrueDepth လို့လည်းခေါ်ပါတယ်) မိမိရဲ့မျက်နှာပြင်ကို Infrared Light ပေါင်း ၃၀၀၀၀ ထုတ်လွှတ်ပေးမှာဖြစ်ပါတယ်။ Camera ကနေလည်း ပြန်ရလာတဲ့ပုံရိပ်နဲ့အတူ ပေါင်းဖက်ပြီး Depth, Angle တွေကို တစ်ခါတည်းတိုင်းတာပေးသွားမှာဖြစ်ပါတယ်။ ဒီလိုမျိုး TrueDepth နည်းပညာနဲ့ မိမိမျက်နှာရဲ့ပုံရိပ်ကို 3D အနေနဲ့ ဖမ်းယူပြီး ပုံရိပ်တွေနှိုင်းယှဉ်တာနဲ့၊ AniEmoji လို့ခေါ်တဲ့ Emoji လေးတွေကို မျက်နှာအမူအရာနဲ့စကားပြောတဲ့ပုံစံအတွက် Live Tracking ပြုလုပ်တာမှာ အသုံးပြုပါတယ်။ 

Face ID ကိုအသုံးပြုပြီး ဖုန်းကိုဘယ်လို Unlock ပြုလုပ်မလဲ

                iPhone အနေနဲ့ မျက်နှာကိုအမြဲတမ်း Scan ပြုလုပ်နေမှာတော့မဟုတ်ပါဘူး။ ဖုန်းကိုအရင်ဆုံး Rise To Wake Feature အသုံးပြုတာပဲဖြစ်ဖြစ်၊ Sleep/Wake Button (Power Button လို့လည်းပြောလို့ရပါတယ်) ကိုအသုံးပြုပြီး အရင်းဆုံး Screen လင်းလာအောင်ပြုလုပ်ပေးရပါမယ်။ ပြီးတော့မှ ဖုန်းကိုကြည့်လိုက်ရုံပါပဲ။ Apple ဟာ Face ID နည်းပညာဟာ နေကာမျက်မှန်တွေကိုတောင်ဖောက်ပြီး မိမိမျက်နှာကိုဖတ်နိုင်တယ်လို့ပြောကြားထားပါတယ်။ ဒါပေမယ့် မျက်စိကတော့ဖွင့်ထားရပါမယ်။ 

                မျက်စိဖွင့်ထားရမယ်ဆိုတဲ့အတွက်ကြောင့် မိမိအိပ်ပျော်နေတဲ့အချိန်နဲ့ ငိုက်မြည်းနေတဲ့အချိန်တို့မှာ အခြားတစ်စုံတစ်ယောက်က မိမိဖုန်းကိုယူ၊ မျက်နှာကိုတေ့ထားလိုက်ပြီး Unlock အလွယ်တကူပြုလုပ်လို့ရမှာမဟုတ်ပါဘူး။ 

                နောက်ထပ်လည်း Apple အနေနဲ့ မတော်တဆ ဖုန်းကို Unlock ပြုလုပ်မိတာကနေ ကာကွယ်ပေးဖို့အတွက် “Attention Aware” ဆိုတဲ့ စနစ်ကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ တကယ်လို့သင်ဟာ ဖုန်းကို သေချာကြည့်မနေတာမျိုးနဲ့ Lock Screen ကနေ Activity တစ်ခုခုပြုလုပ်နေတဲ့အချိန်မျိုးမှာ Face ID အနေနဲ့ မိမိမျက်နှာကို Scan ဖတ်ပြီး Unlock Process ကို ပြုလုပ်မှာမဟုတ်ပါဘူး။ ဒီ Awareness Feature ကိုအသုံးမပြုချင်ရင်တော့ Accessibility Option ထဲမှာ၀င်ရောက်ပြုပြင်နိုင်တယ်လို့ သိရှိထားပါတယ်။

                Face ID နည်းပညာဟာ ဘယ်လိုအလင်းရောင်အခြေအနေမျိုးမှာမဆို (မှောင်မည်းနေတဲ့အခန်းတွေအပါအ၀င်) အလုပ်လုပ်တယ်လို့လည်း Apple ကနေပြောကြားထားပါသေးတယ်။ Apple ဟာ အမှောင်ထဲမှာ Infrared Illumination ကိုအသုံးပြုပြီး TrueDepth ကိုအထောက်အပံ့ပေးနိုင်တဲ့ “Flood Illuminator” ဆိုတဲ့နည်းပညာကိုလည်း ပြသခဲ့ပါသေးတယ်။ ဒါ့အပြင်အမှောင်ထဲမှာ မျက်နှာကို Scan ဖတ်တဲ့အခါမှာလည်း မျက်နှာကိုမြင်ရစေမယ့် အခြားအလင်းရောင်လည်း တစ်ခုမှအသုံးမပြုသွားခဲ့ပါဘူး။

Face ID ဟာ လုံခြုံမှုရှိရဲ့လား

                Apple အနေနဲ့ Face ID Data တွေကိုသိမ်းဆည်းထားတာဟာ Touch ID နဲ့ အတော်လေးကိုဆင်တူတယ်လို့ပြောကြားထားပါတယ်။ ဆိုလိုတာက Face ID Data တွေဟာ Secure Enclave လို့ခေါ်တဲ့ Tamper-Resistant Chip တစ်ခုထဲမှာသိမ်းဆည်းပေးထားမှာဖြစ်ပါတယ်။ ဒီ Secure Enclave Chip ဟာ Security Authentication တွေနဲ့ အခြား Apple Pay လိုမျိုး Process တွေအတွက်ပဲ အသုံးပြုနိုင်တဲ့ လုံခြုံမှုအပြည့်အ၀ရှိတဲ့ Security Chipset တစ်ခုလည်းဖြစ်ပါတယ်။ 

                Apple ကိုယ်တိုင်လည်း Face ID Data တွေကို Touch ID တုန်းကလိုပဲ Apple Server တွေမှာ သိမ်းဆည်းထားခြင်းလုံး၀မရှိပါဘူး။ ဒါ့အပြင် ဒီ Data တွေကို Cracking ပြုလုပ်တာ၊ ဖုန်းရဲ့ Backup တွေကနေ Decrypt ပြုလုပ်တာမျိုးတွေကနေလည်း ရရှိနိုင်မှာမဟုတ်ဘူးလို့ သိရှိရပါတယ်။

                ဒါပေမယ့် အစိုးရနဲ့ အခြားအာဏာပိုင်တွေဟာ Apple ကို ဖိအားပေးပြီး Data တွေယူခိုင်းရင်ကော၊ Apple အနေနဲ့ ဒီ Data တွေကို ရအောင်ယူပေးမှာလားဆိုတာကိုတော့ အတိအကျမသိရှိပါဘူး။ 

                လက်ရှိ Hardware Architecture အရကတော့ Apple ဟာ Reverse Engineering ပြုလုပ်ပြီး ဒီလို Face ID နဲ့ Touch ID ဒေတာတွေကိုပြန်ယူမရအောင် ပြုလုပ်ပေးထားပါတယ်။ ဒါကြောင့်မို့ Face ID Data တွေဟာ လုံခြုံမှုရှိတယ်လို့ ပြောလို့ရပါတယ်။

Face ID ကို အရူးလုပ်လို့ရလား 

                အတိုဆုံးအဖြေကိုပေးရမယ်ဆိုရင်တော့ မရပါဘူး။ Data Points တွေ၊ Infrared Scanning အသုံးပြုတာနဲ့ Attention Awareness တွေကြောင့် Apple ရဲ့ Face ID ကို အလွယ်တကူတော့ အရူးလုပ်ပြီး Unlock ပြုလုပ်လို့ရမယ်လို့ မထင်ပါဘူး။ ဓာတ်ပုံတွေ၊ Plaster Models တွေ၊ မျက်နှာဖုံးအသုံးပြုတာတွေ စ တဲ့ နည်းလမ်းတွေဟာ Face ID အတွက်အလုပ်မဖြစ်ပါဘူး။ Plaster Model ဟာ တကယ့်မျက်နှာလိုမျိုး 100% ပုံရိပ်မပြန်ပေးနိုင်တဲ့အတွက်လည်း Face ID အတွက် Unlock ပြုလုပ်နိုင်မှာမဟုတ်ပါဘူး။

Face ID ကို မျက်နှာသုံးလေးခု မှတ်သားထားခိုင်းလို့ရလား

                လက်ရှိအခြေအနေမှာတော့ iPhone X ဟာ မျက်နှာတစ်ခုတည်းကိုပဲ မှတ်သားထားနိုင်သေးပါတယ်။ ဒါဟာ နောက်ပိုင်းမှာတော့ပြောင်းလဲလာနိုင်သေးပါတယ်။ iPhone X ရဲ့ Face ID ကတော့ အသုံးပြုသူရဲ့မျက်နှာတစ်မျိုးတည်းကိုပဲ မှတ်သားထားနိုင်ဦးမှာမို့ ဖုန်းကိုသုံးလေးယောက် Share ပြီး အသုံးပြုချင်တယ်ဆိုရင်တော့ Passcode ပြောပြထားဖို့ပဲရှိပါတယ်။

Face ID ဟာ အသားအရောင်ပေါ်ခွဲခြားပြီးတော့ အလုပ်လုပ်တယ်၊ မလုပ်ဘူးဆိုတာမျိုးရှိလား

                Apple ရဲ့ Vice President တစ်ဦးဖြစ်တဲ့ Phil Schiller ရဲ့ပြောကြားချက်အရ Apple ဟာ Face ID အတွက် ပုံသန်းပေါင်းများစွာနဲ့ စမ်းသပ်ခဲ့ပါတယ်။ ဒါ့အပြင် Apple ရဲ့ Software Engineering Chief ဖြစ်တဲ့ Craig Federighi ကနေ TechCrunch ကို ရှင်းပြချက်အရ 

ကျွန်တော်တို့အနေနဲ့ ကမ္ဘာတ၀န်းလုံးမှာရှိတဲ့ မျက်နှာ Data တွေကို စုဆောင်းမှုတွေပြုလုပ်ခဲ့ပြီး၊ လူမျိုး နဲ့ နေရာဒေသအလိုက်ဒေတာတွေ ကျွန်တော်တို့ဆီမှာရှိနေအောင် သေသေချာချာလုပ်ထားပါတယ်။ ဒီလိုမျိုးစုဆောင်းထားတဲ့ Data တွေကို စမ်းသပ်ဖို့နဲ့ Recognition ကောင်းကောင်းမွန်မွန်ပြုလုပ်နိုင်ဖို့အတွက် အသုံးပြုထားတာဖြစ်ပါတယ်

လို့သိရှိထားပါတယ်။ 

                ဒါ့အပြင် Apple ရဲ့ Website မှာလည်း ကြေညာချက်တစ်ခုထုတ်ပြန်ထားပါသေးတယ်။ အဲ့ဒါကတော့ Apple ဟာ Face ID Feature အတွက် American နဲ့ European တွေအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အသုံးပြုနိုင်အောင်ပြုလုပ်ပေးထားပြီး၊ မှဲ့ထူထပ်နေတဲ့မျက်နှာပြင်တွေ နဲ့ ဆံပင်ရှည်ထားတတ်တဲ့ မိန်းကလေးတွေအတွက်ပါ အသုံးပြုလို့ရအောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ 

အခြားဖုန်းတွေရဲ့ Facial Recognition စနစ်တွေဟာ မကောင်းမွန်ခဲ့ဘူး။ Face ID ကကော ကောင်းမွန်ပါ့မလား

                Apple အနေနဲ့ Face ID နည်းပညာကို အခြားနည်းပညာကုမ္ပဏီတွေ အသုံးပြုပြီးတော့ အဆင်မပြေတဲ့အချိန်မှာ ဒီနည်းပညာကို အသစ်အနေနဲ့မိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Apple ရဲ့ Face ID ဟာ Samsung လိုမျိုးတော့ ဓာတ်ပုံတစ်ပုံတည်းနဲ့ Bypass လုပ်လို့ရတာမျိုးလုံး၀မဟုတ်တာကိုလည်း အပေါ်မှာရှင်းပြခဲ့ပြီးပါပြီ။ 

                ဒါပေမယ့်လည်း Apple ရဲ့ Face ID ဟာ စင်ပေါ်မှာစမ်းသပ်ပြတုန်းကတော့ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပါသေးတယ်။ ဒီအကြောင်းကို Apple ကနေ ပြန်လည်ရှင်းပြချက်အရတော့ ၀န်ထမ်းတွေဟာ iPhone X ကိုစမ်းသပ်ပြသဖို့အတွက်တပ်ဆင်တဲ့အချိန်မှာ မတော်တဆဖုန်းကိုနှိုးမိတာတွေကြောင့် Log In Attempt များသွားပြီး၊ တကယ်တမ်း စမ်းသပ်ပြသတဲ့အခါမှာ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရတာလို့ ပြောကြားထားခဲ့ပါတယ်။ ဒီလိုမျိုးတွေဖြစ်ခဲ့ပေမယ့်လည်း Craig ကတော့ အသုံးပြုသူတွေရဲ့လက်ထဲရောက်သွားရင် Face ID အလွဲလွဲအချော်ချော်ဖြစ်တဲ့ပြဿနာတွေဟာ အရည်ပျော်သွားလိမ့်မယ်လို့လည်း ပြောကြားထားခဲ့ပါတယ်။

                လက်ရှိအချိန်မှာတော့ Apple ရဲ့ Face ID မှာအသုံးပြုထားတဲ့ TrueDepth နည်းပညာဟာ အခြားစမတ်ဖုန်းတွေမှာ တွေ့မြင်နေကြဖြစ်တဲ့ သာမန် Infrared Scanner ထက်တော့ ပိုမိုကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။ ဒါ့အပြင် ဘယ်လို အလင်းအမှောင်အခြေအနေမျိုးမဆို Face ID အသုံးပြုနိုင်တာဟာ အတော်ကိုကောင်းမွန်တယ်လို့ ယူဆရပါတယ်။ 

Face ID က သုံးကိုသုံးရမှာလား

                မလိုပါဘူး။ Face ID အသုံးမပြုချင်လည်း Passcode ပဲအသုံးပြုလည်းရပါတယ်။

Face ID ကိုဘယ်လိုပိတ်မလဲ

                Face ID ကို ပိတ်လို့ရတဲ့နည်းအများကြီးရှိပါတယ်။

  • Settings ထဲကနေ Face ID ကို ၀င်ရောက်ပိတ်လိုက်လို့ရပါတယ်။
  • iPhone ကို ပါဝါပိတ်ပြီး ပြန်ဖွင့်လိုက်လို့ရပါတယ်။
  • Failed Attempts ငါးခါဖြစ်အောင် ပြုလုပ်လိုက်လို့ရပါတယ်။

Face ID ကို ဘယ်လိုအခြေအနေမျိုးမှာ အသုံးပြုလို့မရဘူးလဲ

                အချို့အခြေအနေမျိုးတွေမှာ Face ID ကိုအသုံးပြုလို့မရပါဘူး။ ဘယ်လိုအခြေအနေမျိုးတွေလဲဆိုတော့

  • ဖုန်းကို Restart ချလိုက်တဲ့အခါ
  • မိမိစမတ်ဖုန်းကို အသုံးမပြုတာ ၄၈ နာရီကြာသွားတဲ့အခါ 
  • အသုံးပြုနေစဉ် ခြောက်ရက်တိုင်းမှာ ရှစ်နာရီကြာ Timer တစ်ခုစတင်ပါတယ်။ အဲ့ဒီ ရှစ်နာရီအတွင်း Face ID အသုံးမပြုဘူးဆိုရင်တော့ နောက်တစ်ခါပြန်အသုံးပြုတဲ့အခါကျ Passcode တောင်းတော့မှာဖြစ်ပါတယ်။

                ဒီလောက်ဆိုရင်တော့ Apple ရဲ့ Face ID အကြောင်းကို အတော်လေးနားလည်သွားကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ Apple ရဲ့အဆိုအရ Touch ID ဟာ လူအယောက် ၅၀၀၀၀ မှာ ၁ ယောက်ဖွင့်လို့ရနိုင်မယ့်အခြေအနေမှာရှိပြီး၊ Face ID အတွက်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက် မျက်နှာတူညီဖို့ဆိုတာ လူအယောက်တစ်သန်းမှာမှ တစ်ယောက်လောက်ပဲဖြစ်နိုင်ချေရှိတယ်လို့ဆိုပါတယ်။

                ဒါကြောင့်မို့လို့ iPhone X မှာ Face ID ကို Touch ID အစားထိုးထည့်သွင်းဖို့ဆုံးဖြတ်ထားတာဟာ တကယ်ကောအလုပ်ဖြစ်ပါ့မလားဆိုတာကို ကျွန်တော်တို့အနေနဲ့ iPhone X စတင်ရောင်းချတဲ့အချိန်ကျရင်တော့ အသုံးပြုသူတွေရဲ့ Feedback အရသိရှိနိုင်လာတော့မှာဖြစ်ပါတယ်။

References
Mac World
About Author
Assinged Tags
iPhone Facial Recognition Technology 3D Facial Recognition Apple iPhone X Face ID
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed