MWC 2018 မှာ မိတ်ဆက်သွားမယ့် Sony Xperia XZ2၊ Xperia XZ2 Compact တို့နဲ့ ပက်သတ်တဲ့ အချက်အလက်များနဲ့ စျေးနှုန်းများ ပေါက်ကြား

date_range 21 February 2018

MWC 2018 မှာ မိတ်ဆက်သွားမယ့် Sony Xperia XZ2၊ Xperia XZ2 Compact တို့နဲ့ ပက်သတ်တဲ့ အချက်အလက်များနဲ့ စျေးနှုန်းများ ပေါက်ကြား

visibility 460 Views

                နောက် ၅ ရက်ကျရင် Mobile Word Congress (MWC) 2018 ကို ဘာစီလိုနာမြို့မှာ ကျင်းပတော့မှာ ဖြစ်တာကြောင့် MWC 2018 မှာ မိတ်ဆက်သွားနိုင်တဲ့ Flagship စမတ်ဖုန်းတွေ၊ Mid-Range၊ Budget စမတ်ဖုန်းတွေ၊ Tablet တွေနဲ့ ပတ်သတ်တဲ့ ကောလာဟလတွေ တောက်လျှောက် ကို ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။ အခုအခါမှာလည်း MWC 2018 မှာ မိတ်ဆက်လာနိုင်ဖွယ်ရှိတဲ့ Sony ရဲ့ Xperia XZ2၊ မကြာသေးမီ အချိန်က ကောလဟလတွေ ထွက်ရှိထားတဲ့ Xperia XZ2 Compact တို့နဲ့ ပက်သတ်တဲ့ အချက်အလက်တွေ၊ စျေးနှုန်းတွေ ထပ်မံ ထွက်ပေါ်လာပြန်ပြီ ဖြစ်ပါတယ်။

                Swedroid မှာ ဖော်ပြထားချက်များအရ Xperia XZ2 ရဲ့ Display အတွက် ၅.၇ လက်မ အရွယ်အစား ရှိ 18:9 Bezel-Less Display ကို အသုံးပြုထားမှာ ဖြစ်တဲ့အပြင် Gorilla Glass 5 Protection Layer ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Full HD+ (2160x1080 Pixels) Resolution ကို Support လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းနားထောင်ရာမှာ Vibration တုန်ခါစေမယ့် Special Music Feature တစ်ခုလည်း XZ2 မှာ ပါဝင်လာမယ်လို့ သိရပါတယ်။

                Processor ကိုတော့ ၂၀၁၈ မှာ ထွက်ရှိလာမယ့် Flagship စမတ်ဖုန်းတွေရဲ့ ထုံးစံအတိုင်း Qualcomm ရဲ့ Snapdragon 845 SoC ကို အသုံးပြုထားပြီး RAM 4GB၊ Internal Storage 64GB ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Android 8.0 Oreo ကို အသုံးပြုထားမှာ ဖြစ်ပြီး Xperia XZ2 မှာ 3.5mm Headphone Jack ပါဝင်တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ Xperia XZ2 ကို ကန်ဒေါ်လာ ၉၈၅ ဒေါ်လာ (မြန်မာငွေ ၁၃ သိန်း ဝန်းကျင်) နဲ့ MWC 2018 မှာ မိတ်ဆက်ပြသအပြီး မတ်လ ၆ ရက်နေ့မှာ စတင် ရောင်းချသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

                Xperia XZ2 Compact ကိုတော့ Xperia XZ2 ရဲ့ အရွယ်အစားထက် သေးငယ်တဲ့ Version အဖြစ် ထုတ်လုပ် ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Xperia XZ2 Compact မှာ ၅ လက်မ အရွယ်အစားရှိ Full HD+ 18:9 Bezel-Less Display ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ XZ2 မှာလိုပဲ XZ2 Compact မှာလည်း 3.5mm Headphone Jack ပါဝင်တော့မှာ မဟုတ်ပါဘူး။ XZ2 Compact ရဲ့ ကိုယ်ထည် အရွယ်အစားကတော့ အရင်တုန်းက ထွက်ရှိထားတဲ့ XZ1 Compact နဲ့ တူညီမှာဖြစ်ပြီး Display အရွယ်အစားသာ ကွာခြားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                Snapdragon 845 Processor၊ RAM 4GB၊ Internal 64GB နဲ့အတူ ပွဲထွက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ Xperia XZ2 Compact မှာလည်း Android 8.0 Oreo ကိုပဲ အသုံးပြုထားမှာ ဖြစ်ပြီး Xperia XZ2 နဲ့အတူ မတ်လ ၆ ရက်နေ့မှာ ကန်ဒေါ်လာ ၇၃၈ ဒေါ်လာ (မြန်မာငွေ ၁၀ သိန်း ဝန်းကျင်) နဲ့ ရောင်းချလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

                Xperia XZ2၊ Xperia XZ2 Compact တို့နဲ့အတူ ကမ္ဘာ့ပထမဆုံး 4K OLED Display အသုံးပြုထားမယ့် Xperia XZ2 Pro Flagship စမတ်ဖုန်းကိုလည်း MWC 2018 မှာ မိတ်ဆက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမယ့် XZ2 Pro ကိုတော့ ဇွန်လ နောက်ပိုင်းကျမှ စျေးကွက်ထဲမှာ မြင်တွေ့ရနိုင်တယ်လို့ သိရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
XperiaBlog GizMoChina
About Author
Assinged Tags
Sony Smartphone Leaks Rumors Sony Xperia XZ1 Sony Xperia XZ1 Compact Leaks
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed