FHD+ Full Screen နဲ့ Oppo F5 Youth စမတ်ဖုန်းကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

date_range 16 November 2017

FHD+ Full Screen နဲ့ Oppo F5 Youth စမတ်ဖုန်းကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်

visibility 1200 Views

                Oppo ဟာ F5 စမတ်ဖုန်းရဲ့ Lite ဗားရှင်းလို့ ခေါ်ဆိုနိုင်မယ့် F5 Youth စမတ်ဖုန်းကို မနေ့က ( နိုဝင်ဘာ ၁၅ ရက်နေ့) က မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်သွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ F5 စမတ်ဖုန်းကို F5 Youth နဲ့ တခါတည်း မိတ်ဆက်သွားခဲ့တာဖြစ်ပေမယ့်၊ မြန်မာနိုင်ငံမှာတော့ ရှေ့လ ဒီဇင်ဘာကျမှ F5 စမတ်ဖုန်းကို ထပ်မံမိတ်ဆက်ဖို့ ရှိတယ်လို့ သိရပါတယ်။


                ၂၀၁၇ ဒုတိယနှစ်ဝက်အတွင်းမှာ Bezel-less Smartphone တွေ ရေပန်းစားလာတာနဲ့အတူ Oppo F5 Youth စမတ်ဖုန်းမှာ 6-Inch (2160x1080 pixels) FHD+ Resolution ရှိတဲ့ ‘Full Screen’ 18:9 Display ကို အသုံးပြုထားပြီး၊ Oppo F စီးရီးစမတ်ဖုန်းတွေ ထုံးစံအတိုင်း Selfie အသားပေး စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။


                ရှေ့ကင်မရာက f/2.0 16 MP Camera ကို အသုံးပြုထားပြီး၊ အနောက်ကင်မရာကတော့ 13 MP Single Camera နဲ့ ဖြစ်ပါတယ်။

                F5 Youth မှာ အသုံးပြုထားတဲ့ SoC ကို မော်ဒယ်တိတိကျကျ သတင်းထုတ်ပြန်ထားခြင်းမရှိသလို၊ ကျနော်တို့ မေးမြန်းရာမှာလည်း ပြောကြားခွင့်မရှိဘူးလို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် 16nm Octa-Core CPU လို့ပဲ ပြောထားတာ တွေ့ရတာကြောင့် MediaTek ရဲ့ Mid-Range Smartphone Processor တစ်ခုဖြစ်တဲ့ Helio P23 MT6763T Processor ဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။ 3GB RAM နဲ့ 32GB Internal Storage တို့ကို အသုံးပြုထားပြီး၊ Nano SIM နှစ်ကတ်နဲ့ microSD ကတ်တစ်ကတ် အသုံးပြုနိုင်မယ့် Triple Slot နဲ့ ထွက်ရှိလာမှာပါ။


                F5 Youth ရဲ့ Fingerprint Scanner ကို ကျောဘက်မှာ တွေ့မြင်ရမှာဖြစ်ပြီး၊ Facial Unlock ဆိုတဲ့ Facial Authentication စနစ်လည်း ပါဝင်မှာပါ။ ဘက်ထရီကတော့ 3,200mAh Battery နဲ့ပါ။

                F5 Youth ရဲ့ တခြား Features တွေကတော့ Front Camera မှာ ‘Bokeh Effect’၊ မျက်နှာပုံစံအလိုက် ဓာတ်ပုံပြင်ပေးမယ့် AI Beauty Recognition စနစ်၊ Oppo ဖုန်းအချင်းချင်း File Transfer လုပ်နိုင်မယ့် O-Share စတဲ့ Feature တွေ ပါဝင်ပါတယ်။ 

                F5 Youth စမတ်ဖုန်းကို စျေးနှုန်း ၃၁၉,၀၀၀ ကျပ်နဲ့ နိုဝင်ဘာလ ၁၆ ရက်ကနေ ၂၃ ရက်အတွင်း Pre-Order မှာယူနိုင်မှာဖြစ်ပြီး၊ Pre-Order မှာတဲ့သူတွေအတွက် Oppo ကျောပိုးအိတ်တစ်လုံး လက်ဆောင်ရရှိမှာပါ။

                Oppo F5 Youth ရဲ့ Specifications အတိအကျကို လောလောဆည်မသိရှိရသေးဘဲ၊ သိရှိရတာနဲ့ TechX ရဲ့ Mobile Finder ကဏ္ဍမှာ ထည့်သွင်းပေးသွားပါမယ်။


References
Oppo Myanmar
About Author
Assinged Tags
Smartphones OPPO OPPO Myanmar Bezel-Less Smartphones Oppo F5 18:9 Aspect Ratio Oppo F5 Youth
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed