Apple က iPhone ဆယ်နှစ်ပြည့် iPhone X ကို မိတ်ဆက်

date_range 13 September 2017

Apple က iPhone ဆယ်နှစ်ပြည့် iPhone X ကို မိတ်ဆက်

visibility 13020 Views


                    Apple တို့ကတော့ ဒီနေ့ကျင်းပခဲ့တဲ့ Apple Event မှာ iPhone 8 နဲ့ iPhone 8 Plus တို့ကို မိတ်ဆက်ပြီး “One More Thing …” ဆိုပြီး iPhone ဆယ်နှစ်ပြည့် iPhone X ကို ထပ်မံမိတ်ဆက်လိုက်ပါပြီ။ ဆိုတော့ကား... ကောလဟာလ သတင်းတွေအရ iPhone Model သုံးမျိုး မိတ်ဆက်မယ်ဆိုတာ မှန်တယ်လို့ ဆိုရတော့မှာပေါ့။ iOS 11 GM Built ကလည်း Leaked ဖြစ်ထားတာတွေကလည်း မှန်ပါတယ်။ ကျနော်တို့ရဲ့ Mobile Finder ကနေပြီးတော့ iPhone X Specification အပြည့်အစုံကို ကြည့်ရှုနိုင်ပါပြီ။ Mobile Compare နဲ့လည်း Specifications တွေနှိုင်းယှဉ်နိုင်ပါတယ်။


                    Tim Cook ကတော့ iPhone 10 လို့ အသံထွက်သွားပါတယ်။ X ဆိုတာ ရောမအက္ခရာ ၁၀ ပေါ့။ နာမည်တင် ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ ဒီဇိုင်းပိုင်းကလည်း အရမ်းပြောင်းလဲသွားပါတယ်။ Bazel-Less Display ဖြစ်သွားပြီး iPhone 8 နဲ့ 8 Plus မှာလိုပဲ ဖုန်းရဲ့ကျောဘက်က Glass နဲ့ဖြစ်ပါတယ်။ Bazel-Less Display ကြောင့် Home Button မပါတော့ပါဘူး။

                    Home Button မပါတော့တဲ့အတွက် App ထဲက ထွက်ချင်တာတို့၊ Multitasking လုပ်ချင်တာတို့ဆိုရင် Display ရဲ့ အောက်ဆုံး၊ Dock ရဲ့အောက်မှာ Bar လေးတစ်ခု ရှိမှာပါ။ App ထဲကထွက်ချင်တယ်ဆိုရင် အဲ့ဒီ Bar လေးကို  အောက်ကနေ အပေါ်ဆွဲတင်လိုက်ရုံပါပဲ။ Multitasking လုပ်ချင်တယ်ဆိုရင်တော့ အောက်ကနေ အလယ်နားလောက်ထိဆွဲတင်ရမှာပါ။ အဲ့လိုမလုပ်ချင်ဘူးဆိုရင်လည်း အဲ့ဒီ Bar လေးပေါ်ထောက်ပြီး ဘေးဘယ်ညာ ရွေ့ပြီးတော့လည်း Multitasking လုပ်လို့ရပါတယ်။ Control Center ကို ခေါ်ချင်တယ်ဆိုရင်တော့ Status Bar ညာဘက်က နေရာလွတ်နားကနေ အောက်ကိုဆွဲချရမှာ ဖြစ်ပါတယ်။ Siri ကို ခေါ်ချင်ရင်တော့ ဘေးဘက်က Power Button ကို ဖိနှိပ်ပြီး ခေါ်နိုင်ပါတယ်။


                    Home Button မပါတော့တဲ့အတွက် TouchID ကလည်း မပါတော့ပါဘူး။ ဒီတော့ Apple အနေနဲ့ iPhone X ရဲ့ Security အတွက် Facial Recognition နည်းပညာကို အသုံးပြုထားတဲ့ FaceID ကို မိတ်ဆက်လိုက်ပါတယ်။ FaceID ကတော့ Samsung ရဲ့ Iris Scanner နဲ့တော့ မတူပါဘူး။ Iris Scanner က မျက်ဝန်းကိုပဲ ဖတ်ရှုတာဖြစ်ပြီး FaceID ကတော့ မျက်နှာတစ်ခုလုံးကို ဖတ်ရှုမှာဖြစ်ပါတယ်။


                    ဒီလို ဖတ်ရှုနိုင်ဖို့အတွက် ဖုန်းရဲ့ရှေ့ဘက်မှာ Front-Camera အပြင် Flood Illuminator, Infrared Camera, Dot Projector စတာတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ Apple အဆိုအရ FaceID ဟာ TouchID ထက် ပိုမိုလုံခြုံတယ်လို့ သိရပါတယ်။

                    ပိုမိုလုံခြုံတဲ့အပြင် အမှောင်ထဲမှာအပြင်၊ ဦးထုတ်ဆောင်းထားတာ၊ ဆံပင်ပုံစပြောင်းလိုက်တာ၊ နှုတ်ခမ်းမွှေးရိတ်လိုက်တာ၊ စတာတွေရှိလာရင်လည်း Machine Learning ရဲ့အကူအညီကြောင့် အခက်အခဲမရှိပဲ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် ဖတ်ရှုနိုင်မယ်လို့ သိရပါတယ်။ FaceID ကို Setup လုပ်ရတာကလည်း လွယ်ကူပါတယ်။ ခေါင်းကို အထက်အောက်၊ ဘယ်ညာ လှည့်ပေးလိုက်ရုံပါပဲ။ FaceID ကိုလည်း ဖုန်းရဲ့ Security ပိုင်းအတွက်သာမက Apple Pay အတွက်ပါ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။


                iPhone X ရဲ့ Display ဟာ Super Retina HD Display ဖြစ်ပြီး 5.8in OLED Multi-Touch Display ဖြစ်ပါတယ်။ Resolution ကတော့ 2436x1125 pixels ရှိပါတယ်။ HDR10 Video Playback Support လည်း ရမှာပါ။ လက်ရှိမှာ HDR Video Playback ကြည့်နိုင်တဲ့ စမတ်ဖုန်းက လက်ချိုးရေလို့ ရပါသေးတယ်။ iPhone 8 နဲ့ 8 Plus လိုမျိုးပဲ Dust and Water Resistant ဖြစ်ပြီး IP67 ဖြစ်ပါတယ်။ CPU ကတော့ iPhone 8 နဲ့ 8 Plus ကလိုမျိုးပဲ Apple ရဲ့ A11 Bionic Chip ကို အသုံးပြုထားပါတယ်။ အခု Chip မှာဆိုရင် Machine Learning, AI, AR စတာတွေအတွက် Neural Engine လို့ခေါ်တဲ့ Coprocessor လေးအပြင်၊ M11 Motion Coprocessor လည်း ပါဝင်ပါတယ်။ ထုံးစံအတိုင်း iPhone 7 နဲ့ 7 Plus ထက်တော့ Processing ပိုင်းက ပိုပြီးမြန်ဆန်မှာ ဖြစ်ပါတယ်။


                Back Camera ကတော့ Dual Camera Setup ဖြစ်ပြီး Wide-Angle Lens ရော Telephoto Lens ရော 12MP ရှိမှာပါ။ Wide-Angle Lens ကတော့ Aperture f/1.8 ရှိပြီး Telephoto Lens ကတော့ f/2.4 ရှိပါတယ်။ Aperture f/1.8 ရှိတဲ့အတွက် Low Light အတွက် ကောင်းလာမှာ ဖြစ်ပါတယ်။


                iPhone 8 နဲ့ 8 Plus မှာလိုပဲ Lens နှစ်ခုစလုံး Optical Image Stabilizer ပါဝင်မှာဖြစ်ပြီး Portrait Mode အတွက် Portrait Lighting လဲ ပါဝင်ပါတယ်။ Video Recording ပိုင်းမှာဆိုရင် ဒီယိုတွေရိုက်မယ်ဆိုရင်လည်း 4K Video ကို 24fps, 30fps, 60fps တို့နဲ့ ရိုက်ကူးနိုင်ပြီး 1080p HD Video ကို 30fps, 60fps တို့နဲ့ ရိုက်ကူးနိုင်မှာပါ။ Slo-mo Video တွေအတွက်လည်း 1080p မှာဆိုရင် 120fps ဒါမှမဟုတ် 240fps တို့ကို Support ပေးလိုက်ပြီ ဖြစ်ပါတယ်။


                Battery ပိုင်းမှာလည်း iPhone 8 နဲ့ 8 Plus ထက် နှစ်နာရီကြာအောင် ခံမယ်လို့သိရပါတယ်။ iPhone 8 နဲ့ 8 Plus မှာလိုမျိုးပဲ Wireless Charging, Fast Charging စတာတွေလည်း ပါဝင်တယ်ဆိုတော့ iPhone ပရိတ်သတ်တွေအနေနဲ့ ဖုန်းကိုကြာကြာလည်း သုံးနိုင်သလို၊ မြန်မြန်လည်း ပြန်အားသွင်းနိုင်ပြီ ဖြစ်ပါတယ်။

                iPhone 8 နဲ့ 8 Plus မှာလိုပဲ၊ AR နည်းပညာတွေ၊ Animoji လေးတွေလည်း ပါဝင်မှာဖြစ်တဲ့ iPhone X ကို 64GB Model နဲ့ 256GB Model ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ အရောင်ကတော့ Space Grey နဲ့ Sliver ဆိုပြီးတော့ နှစ်ရောင်ထဲသာ ရွေးချယ်နိုင်မှာပါ။ ဈေးနှုန်းကတော့ 64GB Model က ကန်ဒေါ်လာ ၉၉၉ ဒေါ်လာ၊ 256GB Model က ကန်ဒေါ်လာ ၁,၁၄၉ ဒေါ်လာတောင်ဆိုတော့ ဈေးကတော့ တော်တော်လေးကို ကြီးပါတယ်။


                iPhone 8, iPhone 8 Plus, iPhone X တို့နဲ့အတူ Wireless Charging လုပ်နိုင်မယ့် AirPower Mat လေးတွေကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ AirPower Mat တစ်ခုထဲကိုအသုံးပြုပြီး iPhone, Apple Watch, AirPods စတာတွေကို တစ်ပြိုင်တည်း အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

References
Apple Newsroom
About Author
Assinged Tags
iPhone Wireless Charging Wireless Charging Mat Apple iPhone X AirPower Mat
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed