Dual-Curved Display နဲ့ ထွက်ရှိလာဖွယ်ရှိတဲ့ Huawei P10 Plus

date_range 21 February 2017

Dual-Curved Display နဲ့ ထွက်ရှိလာဖွယ်ရှိတဲ့ Huawei P10 Plus

visibility 5520 Views

                Huawei ကုမ္ပဏီကနေ မကြာခင် အသစ်မိတ်ဆက်မယ့် Huawei P10 စမတ်ဖုန်းပုံတွေ အင်တာနက်ပေါ်မှာ ပျံ့နှံ့ခဲ့ပြီး မကြာမီမှာပဲ Huawei P10 Plus ဖုန်းရဲ့ အသေးစိတ်ဒီဇိုင်းပုံတွေ ထပ်မံထွက်ရှိလာပြီဖြစ်ပါတယ်။

                Huawei ကုမ္ပဏီဘက်က P10 စမတ်ဖုန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့၊ ဘာစီလိုနာမြို့မှာကျင်းပမယ့် MWC 2017 ပွဲမှာ မိတ်ဆက်သွားမယ်လို့ အတည်ပြုပြောကြားထားပြီးဖြစ်တာကြောင့်၊ အဆိုပါပွဲမှာ P10 အပြင် P10 Plus မော်ဒယ်ကိုပါ တပါတည်းမိတ်ဆက်ဖွယ်ရှိနေပါတယ်။

                တရုတ်နည်းပညာဝဘ်ဆိုဒ် MyDrivers ကနေ ပေါက်ကြားလာတဲ့ပုံတွေအရ Huawei P10 Plus စမတ်ဖုန်းမှာ Samsung ရဲ့ Galaxy S7 Edge လိုပဲ ဘေးနှစ်ဖက်အကွေးမျက်နှာပြင်ပါဝင်လာမှာဖြစ်ပြီး၊ S7 Edge နဲ့ ဒီဇိုင်းတော်တော်လေးတူနေတာကို တွေ့ရပါတယ်။

                ထူးခြားချက်အနေနဲ့ P10 ဖုန်းမှာ လက်ဗွေရာဆန်ဆာကို Home ခလုတ်မှာထားထားပေမယ့်၊P10 Plus မှာ တော့ လက်ဗွေရာဆန်ဆာကို ဖုန်းကျောဘက်မှာ ပို့ထားတာတွေ့ရပါတယ်။ P9 တုန်းကလိုပဲ နာမည်ကျော် Leica တံဆိပ် ကျောကင်မရာနှစ်လုံးတွဲကိုလည်း ဖုန်းနှစ်မျိုးလုံးမှာ ထပ်မံအသုံးပြုထားပါတယ်။ လက်ဗွေရာဆန်ဆာနေရာကွာခြားတာကလွဲရင် P10 နဲ့ P10 Plus ဖုန်းနှစ်မျိုးလုံးရဲ့ တခြားအသေးစိတ်အချက်အလက်တွေက အတူတူပဲဖြစ်ပါတယ်။

                GFXBench ဝဘ်ဆိုဒ်မှာ စစ်ဆေးထားတဲ့အချက်အလက်တွေအရဆိုရင် Huawei P10 နဲ့ P10 Plus မှာ ၅.၅ လက်မအကျယ် QHD မျက်နှာပြင်၊ Kirin 960 ပရိုဆက်ဆာ၊ RAM 4GB တို့ ပါဝင်ဖွယ်ရှိပြီး၊ Storage ကတော့ 32GB, 64GB နဲ့ 128GB ဆိုပြီး သုံးမျိုးခွဲထွက်ဖွယ်ရှိပါတယ်။ ဘက်ထရီကိုတော့ 3100mAh ဘက်ထရီလောက်သာ တွေ့မြင်ရနိုင်ပြီး၊ Android 7.0 Nougat တပါတည်းပါဝင်လာမယ်လို့ ဆိုပါတယ်။

References
Gadgets 360 My Drivers
About Author
Assinged Tags
Android Huawei Smartphones Nougat
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed