Huawei Nova 2i ကို အဆင့်မြှင့်တင်မှု အများအပြားပြုလုပ်ထားတဲ့ Huawei Nova 2s ထွက်ရှိ

date_range 09 December 2017

Huawei Nova 2i ကို အဆင့်မြှင့်တင်မှု အများအပြားပြုလုပ်ထားတဲ့ Huawei Nova 2s ထွက်ရှိ

visibility 46920 Views

                ပြီးခဲ့တဲ့ လတွေမှာ Huawei ကနေ Mate 10/Mate 10 Pro, Honor View 10 ၊ Honor 7X နဲ့ Nova 2i တို့ကို ထုတ်ခဲ့တဲ့အပြင်၊ အခုလည်း Huawei Nova 2s ဆိုတဲ့ စမတ်ဖုန်းမော်ဒယ်အသစ်တစ်ခုကို China Event တစ်ခုမှာ ကြာသပတေးနေ့က မိတ်ဆက်သွားခဲ့ပါတယ်။


                Nova 2s က Huawei ရဲ့  Mid-range Smartphones တွေထဲက  နောက်ဆုံးထွက်ရှိထားတဲ့ ဖုန်းဖြစ်ပေမယ့်၊ သူ့အရင်ထွက်ရှိထားတဲ့ Nova 2i ထက် အများကြီးပိုကောင်းလာတာ တွေ့ရပါတယ်။  စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်က Huawei P10 တို့ Huawei Mate 9 တို့လို Flagship ဖုန်းတွေမှာ အသုံးပြုခဲ့တဲ့ Kirin 960 Processor ကို Nova 2s မှာ အသုံးပြုလာတာပါ။ Nova 2s အရင်ထွက်ရှိထားတဲ့ Nova 2i မှာတောင် Kirin 659 ကိုပဲ သုံးခဲ့တာကြောင့်၊ Nova 2s နဲ့ Nova 2i တို့က Performance မှာ သိသိသာသာကွာခြား လာပါလိမ့်မယ်။ Huawei Nova 2i ရဲ့ နောက်ထပ်ကောင်းတဲ့တစ်ချက်ကတော့ လက်ရှိနောက်ဆုံး Android OS Version ဖြစ်တဲ့ Android Oreo 8.0-based EMUI 8.0 နဲ့ ထွက်လာတာ ဖြစ်ပါတယ်။

                Display ကတော့ Nova 2i ထက် ကြီးသွားပြီး၊ 6-inch FullView 18:9 Display နဲ့ ဖြစ်ပါတယ်။ Resolution ကတော့ Full HD+ 1080 x 2160 Pixels ဖြစ်ပြီး၊ Bezel-less Display နဲ့ ဖြစ်ပါတယ်။ ဒီမှာလည်း နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်က Huawei Nova 2i အပါအဝင် Bezel-less Smartphones တော်တော်များများမှာ Home Button မပါတော့ဘဲ၊ Fingerprint Sensor ကို ဖုန်းနောက်ဘက် ပို့ခဲ့ကြပေမယ့်၊ Nova 2s မှာတော့ Fingerprint ပါ Home Button ကို ဖုန်းရှေ့ဘက်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

Huawei Nova 2i စမတ်ဖုန်း နှင့် Huawei Nova 2s စမတ်ဖုန်းတို့ကို နှိုင်းယှဉ်မြင်တွေ့ရပုံ

                ကင်မရာပိုင်းမှာလည်း Nova 2i အတိုင်း စုစုပေါင်း ကင်မရာလေးလုံးနဲ့ ဖြစ်ပေမယ့်၊ Upgrade လေးတွေ လုပ်ထားတာ တွေ့ရပါတယ်။ ကျောကင်မရာက 16MP (REB Sensor) + 20MP (Monochrome Sensor) Dual Rear Camera Setup နဲ့ ဖြစ်လာပါတယ်။ ရှေ့ကင်မရာနှစ်လုံးတွဲကတော့ 20 MP (Wide-angle Lens) f/2.0 နဲ့ 2 MP Sensor တို့ ဖြစ်ပါတယ်။ Dual Front Camera Setup အတွက် Flash မီး သက်သက် ပါဝင်မှာပါ။

                ဒီဇိုင်းပိုင်းအနေနဲ့လည်း Nova 2i လို ပိုလီကာဘွန်နိတ်ပလတ်စတစ်ကိုယ်ထည်မဟုတ်တော့ဘဲ၊ Metal နဲ့ Glass ကို ရောစပ်အသုံးပြုထားတာကြောင့်၊ တကယ့် Flagship ဖုန်းတစ်လုံးလို ခံစားရမှာပါ။


                Nova 2s နဲ့ ပတ်သတ်ပြီး နောက်ထပ်သိသင့်တဲ့အချက်လေးတွေကတော့ Face Unlock စနစ်ပါဝင်မယ်။ Dual-SIM ဖုန်းဖြစ်ပေမယ့်၊ Hybrid SIM Tray နဲ့ ဖြစ်တာကြောင့် SIM နှစ်ကတ် (သို့) SIM တစ်ကတ် + microSD ကတ် တစ်ကတ်စိုက်လို့ရမယ်။ 3.5mm Headphone Jack ပါမယ်။ ဘက်ထရီကတော့ 3,300mAh ဘက်ထရီတို့ ပါဝင်ပါလိမ့်မယ်။ USB Type-C ဖြစ်ပြီး Huawei ရဲ့ SuperCharge စနစ် ပါ၀င်တဲ့အတွက်အကြောင့် မိနစ် ၃၀ အတွင်း 50% ထိ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ 

                Storage Versions တွေကိုတော့ 4GB RAM + 64GB Storage နဲ့ 6GB RAM + 64GB Storage နဲ့ ဆိုပြီး နှစ်မျိူးထုတ်ထားပါတယ်။ 4GB RAM မော်ဒယ်က တရုတ်ယွမ်ငွေ ၂,၆၉၉ ကျသင့်မှာဖြစ်ပြီး၊ 6GB RAM မော်ဒယ်ကတော့ ၂,၉၉၉ ယွမ် ကျသင့်မှာပါ။ တရုတ် Entertainer တစ်ဦးဖြစ်တဲ့ Yixing Zhang ကို ဂုဏ်ပြုထုတ်လုပ်ထားတဲ့ Nova 2s Yixing Zhange Special Edition လည်း ရှိပါသေးတယ်။ သူကတော့ 6GB RAM + 128GB Storage နဲ့ ထွက်လာမှာပါ။

                Huawei Nova 2s ကို အရောင်တွေအနေနဲ့ Black, Gray, Red, Blue, နဲ့ Rose Gold ဆိုပြီး၊ အရောင် ၅မျိူး ရွေးချယ်နိုင်ပါလိမ့်မယ်။


This Article is Contributed by Thaw Zin
References
Android Authority GSM Arena Gadgets NDTV
About Author
Assinged Tags
Huawei Smartphones Bezel-Less Smartphones 18:9 Aspect Ratio Nova 2s
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed