Galaxy S8 နဲ့ S8+ ကို မိတ်ဆက်လိုက်တဲ့ Samsung

date_range 30 March 2017

Galaxy S8 နဲ့ S8+ ကို မိတ်ဆက်လိုက်တဲ့ Samsung

visibility 2450 Views

                ကောလဟာလတွေ အများကြီးထွက်၊ ခန့်မှန်းတဲ့သူတွေကလည်း ခန့်မှန်းကြ၊ မျှော်နေတဲ့သူတွေကလည်း မျှော်ကြနဲ့၊ နောက်ဆုံးမှာတော့ Samsung က Galaxy S8 နဲ့ S8+ ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။

                ကောလဟာလတွေကတော့ တော်တော်မှန်တယ်ပြောရမှာပါ။ ဘာလို့လဲဆိုတော့ ဒီဇိုင်းကအစ၊ ပါဝင်တဲ့ Feature တွေအဆုံး၊ အကုန်လုံးနီးပါး မှန်ပါတယ်။ မော်ဒယ်လ် နှစ်မျိုးစလုံးကို ဧပြီလ ၂၁ ရက်နေ့မှာ တရားဝင်ရောင်းချမှာဖြစ်ပြီး၊ Midnight Black, Orchid Gray, Arctic Silver, Coral Blue နဲ့ Maple Gold၊ စသည်ဖြင့် အရောင်အသွေးစုံစုံလင်လင်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။


                အားလုံးမျှော်လင့်ထားကြတဲ့အတိုင်းပဲ Samsung ရဲ့ ကိုယ်ပိုင် Virtual Assistant ဖြစ်တဲ့ Bixby ကိုလည်း Galaxy S8 နဲ့ S8+ တို့နဲ့အတူ ပွဲထုတ်လိုက်ပါတယ်။ Bixby နဲ့ တွဲဖက်အသုံးပြုနိုင်မယ့် App တွေလည်း Galaxy S8 နဲ့ S8+ တို့မှာ ပါဝင်ဦးမှာ ဖြစ်ပါတယ်။

                Galaxy Note 7 တုန်းက ပါရှိခဲ့တဲ့ Iris Recognition လည်း ပါဝင်မှာဖြစ်ပြီး ဖုန်းရဲ့ကျောဘက်၊ Camera ရဲ့ဘေးမှာလည်း Fingerprint Scanner ပါဝင်တာကြောင့် မိမိကြိုက်နှစ်သက်တဲ့ Biometric Authentication Method ကို အသုံးပြုနိုင်မှာပါ။ 

                နောက်ထပ်အသစ်ပါဝင်လာတဲ့ Feature လေးကတော့ Microsoft ရဲ့ Continuum နဲ့အနည်းငယ်တူညီတဲ့ Feature လေးပါ။ Samsung DeX လို့ခေါ်ပြီး Smartphone ကို Computer တစ်လုံးကဲ့သို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

                Galaxy Note 7 တုန်းကလိုပဲ Galaxy S8 နဲ့ S8+ မော်ဒယ်လ်နှစ်မျိုးလုံးဟာ Water Resistance ရော၊ Dust Resistance ရောဖြစ်ပြီး IP68 Certification ရရှိထားပါတယ်။ နှစ်မျိုးစလုံးဟာ Android 7.0 Nougat နဲ့ အလုပ်လုပ်မှာ ဖြစ်ပါတယ်။

                Display အနေနဲ့ Galaxy S8 က ၅.၈ လက်မ QHD+ Super OMLED Display နဲ့ ဖြစ်ပြီး၊ Galaxy S8+ ကတော့ ၆.၂ လက်မ QHD+ Super AMOLED Display နဲ့ ဖြစ်ပါတယ်။ Resolution အနေနဲ့ S8 ရော၊ S8+ ရော 1440x2960 Pixels ရှိမှာ ဖြစ်ပါတယ်။

                Display တွေရဲ့ထူးခြားချက်ကတော့ Bazel တွေမပါဝင်တော့တာပဲ ဖြစ်ပါတယ်။ Samsung ကတော့ Infinity Display လို့ ခေါ်ပြီး Corning Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ UHD Alliance ရဲ့ Mobile HDR Premium ကို ပထမဆုံးအနေနဲ့ Certify ဖြစ်ထားတယ်လို့လည်း Samsung ကဆိုထားပါသေးတယ်။

                မော်ဒယ်လ်နှစ်မျိုးစလုံးရဲ့ နောက် Camera ကတော့ Aperture f/1.7 ရှိပြီး၊ Opitical Image Stabilization ပါဝင်တဲ့ 12 Megapixel Dual Pixel Camera ဖြစ်ပါတယ်။ Front Camera ကတော့ Aperture f/1.7 ရှိပြီး၊ Autofocus ပါဝင်တဲ့ 8 Megapixel Camera ဖြစ်ပါတယ်။

                မော်ဒယ်လ်နှစ်မျိုးဟာ RAM က 4GB ရှိပြီး Storage ကတော့ 64GB ပမာဏရှိမှာပါ။ Storage ပိုင်းကိုလည်း 256GB အထိ Upgrade လုပ်နိုင်ဦးမှာပါ။ Connectivity ပိုင်းအနေနဲ့ 4G LTE (Cat. 16), Wi-Fi 802.11 ac (2.4GHz , 5GHz), Bluetooth 5.0, USB Type-C, NFC နဲ့ GPS တို့ပါဝင်မှာ ဖြစ်ပါတယ်။ Sensor တွေကတော့ Accelerometer, Ambient Light Sensor, Barometer, Gyroscope, Heart Rate Sensor, Magnetometer နဲ့ Proximity Sensor တို့ပါရှိပါတယ်။ Galaxy S8 နဲ့ S8+ တို့ဟာ ပထမဆုံး Bluetooth 5.0 ပါဝင်တဲ့ ဖုန်းတွေလည်း ဖြစ်ပါတယ်။

                Wireless Charging နဲ့ Fast Charging ကိုလည်း မော်ဒယ်နှစ်မျိုးစလုံးက Support လုပ်မှာ ဖြစ်ပါတယ်။ S8 မှာတော့ 3000mAh Battery ပါရှိပြီး၊ S8+ မှာတော့ 3500mAh Battery ပါရှိပါတယ်။

                S8 က 148.9x68.1x8mm အတိုင်းအထွာရှိပြီး ၁၅၅ ဂရမ်းလေးပါတယ်။ S8+ ကတော့ 159.5x73.4x8.1mm အတိုင်းအထွာရှိပြီး ၁၇၃ ဂရမ်လေးမှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့ S8 က အမေရိကန်ဒေါ်လာ ၇၂၀ ကျသင့်ပြီး S8+ ကတော့ အမေရိကန်ဒေါ်လာ ၈၄၀ ကျသင့်မှာပါ။

References
Gadgets 360
About Author
Assinged Tags
Samsung Samsung Galaxy S8 Galaxy S8 Galaxy S8 and S8+ Galaxy S8 Plus (Snapdragon) Samsung DeX DeX Dock
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed