Xiaomi ဖုန်းတွေအတွက် China ROM ပေါ်မှာပဲ Google Play Store အလွယ်တကူသွင်းနည်း

date_range 02 July 2017

Xiaomi ဖုန်းတွေအတွက် China ROM ပေါ်မှာပဲ Google Play Store အလွယ်တကူသွင်းနည်း

visibility 346600 Views

                ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အတော်များများ Xiaomi စမတ်ဖုန်းကို အသုံးပြုကြပြီး လူကြိုက်များကြပါတယ်။ ဒါပေမဲ့ Xiaomi ဖုန်းတွေအသုံးပြုတဲ့အခါမှာ တစ်ခုတော့ အာရုံနောက်ရပါတယ်။ ဒီပြဿနာကို Xiaomi အသုံးပြုတဲ့လူတိုင်း ကြုံနေကြပါ။ အဲ့ဒါကတော့ China ROM နဲ့၀င်လာတဲ့ဖုန်းတွေမှာ Google Play Store မပါ၀င်လာခြင်းပဲဖြစ်ပါတယ်။ 

                နိုင်ငံတကာမှာဖြန့်ချိတဲ့ Xiaomi ဖုန်းတွေအတွက် Global ROM မှာ Google Play Store ပါ၀င်ပြီးသားဖြစ်ပေမဲ့လည်း ဒီကိုရောက်လာတာကတော့ အများစု China ROM ပဲပါလာတတ်ပါတယ်။ Global ROM ပြောင်းလို့မရဘူးလားဆိုတော့ ရပါတယ်။ ဒါပေမဲ့လည်း တစ်ချို့ Xioami မှ ထုတ်လုပ်တဲ့ဖုန်းတွေဟာ Global Version ထွက်မလာသလို ( ဥပမာ- Redmi Pro )၊ တစ်ချို့ဖုန်းတွေဟာလည်း ထွက်ခါစမို့လို့ Global မှာ မဖြန့်ချိရသေးတာမို့ Global ROM ထွက်မလာသေးတဲ့အခါမှာ China ROM ကိုပဲ အသုံးပြုရတဲ့အခိုက်အတန့်တွေရှိပါတယ်။

                ဒီ Article မှာတော့ သိပြီးသူများအတွက် အထူးအဆန်းမဟုတ်ပေမဲ့ မသိသေးတဲ့သူတွေအတွက် Google Play Store ကို လွယ်လွယ်ကူကူ China ROM မှာ ဘယ်လိုသွင်းရမလဲဆိုတာကို ပြသပေးသွားပါမယ် (ဖိုင်တွေ ဒေါင်းလုပ်အနည်းငယ် ပြုလုပ်ရမှာမို့ Internet တော့လိုပါလိမ့်မယ်)။


  • ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ Home Screen မှာပဲ Mi App Store ကိုရှာပြီး ၀င်လိုက်ပါ။ Agreement တွေပေါ်လာရင် Agree သာနှိပ်လိုက်ပါ။ 


  • App Store Home Screen ကိုရောက်သွားတဲ့အခါမှာ အပေါ်ဆုံးမှာရှိတဲ့ Search Box ကနေ Google လို့ရိုက်လိုက်ပါ။ 


  • တကယ်လို့ ဘာမှမပေါ်လာသေးဘူးဆိုရင် အပြာရောင်နဲ့ Du ဆိုတဲ့ဟာလေးကိုနှိပ်ပြီးထပ်ရှာလိုက်ပါ။ 


  • အဲ့ဒီအခါကျ Google Play Store icon လေးနဲ့ တရုတ် App လေးတစ်ခုပေါ်လာပါလိမ့်မယ်။ Install နှိပ်လိုက်ပါ။


  • သွင်းပြီးသွားတဲ့အခါကျ Home Screen မှာ App အသစ်တစ်ခုပေါ်လာမှာပါ။ အဲ့ဒီအခါကျ အဲ့ App ကို၀င်ပြီး အောက်နားမှာရှိတဲ့ အပြာရောင်ခလုပ်ကိုနှိပ်လိုက်ပါ။


  • တစ်ခုချင်း စ ပြီး အပေါ်ကပုံမှာမြင်တဲ့အတိုင်း ရာခိုင်နှုန်းနဲ့အတူ APK တွေဒေါင်းလုပ်ဆွဲသွားပါလိမ့်မယ်။ Google Account Manager, Google Calendar Sync, Google Contacts Sync, Google Play Services, Google Play Store နဲ့ Google Services Framework ဆိုပြီး တစ်ခုပြီးတစ်ခုသွင်းရပါမယ်။ ကိုယ်က Install ထိုင်နှိပ်ပြီးစောင့်ပေးရုံပါပဲ။ 

                အားလုံးပြီးသွားတဲ့အခါ Google Account Login ၀င်ပြီး Google Play Store ကို စ တင်အသုံးပြုနိုင်မှာပါ။ ဘာမှလည်းအခက်အခဲမရှိသလို Error လည်းသိပ်မရှိပါဘူး။  ဒီနည်းလမ်းဟာ Google Play Store မရှိသေးသူတွေအဖို့ China ROM မှာ ခဏတဖြုတ်နေနေရတာပဲဖြစ်ဖြစ်၊ Global ROM မထွက်လာလို့ China ROM ပဲအသုံးပြုနေရတဲ့သူတွေအတွက် အဆင်ပြေဆုံးနဲ့ အလွယ်ဆုံး Google Play Store ရရှိအောင်ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။ 

References
TechX How-To
About Author
Assinged Tags
Android Android App Google Play Store Google Play How To Install Install Google Play Store On Xiaomi Phones Xiaomi Smartphones Xiaomi Phones Mi Phones
Categorized Under
How To

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed