ပိုကြီးမားတဲ့ Bezel-less Display၊ Dual-Camera စနစ်အသစ်တို့နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ OnePlus 5T

date_range 17 November 2017

ပိုကြီးမားတဲ့ Bezel-less Display၊ Dual-Camera စနစ်အသစ်တို့နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ OnePlus 5T

visibility 21800 Views

                OnePlus ပရိတ်သတ်တွေ စောင့်မျှော်နေတဲ့ OnePlus 5T ကို မနေ့ညက တရားဝင်မိတ်ဆက်သွားပြီ ဖြစ်ပါတယ်။

                ကြိုတင်ထွက်ရှိထားတဲ့သတင်းတွေအတိုင်း OnePlus 5T မှာ Bezel-less Display ကို ပြောင်းလဲအသုံးလာတာ တွေ့ရပြီး၊ နောက်ထပ်ထူးခြားမှုတစ်ခုကတော့ Dual-Camera စနစ်ကို Low-light မှာ ပုံထွက်ကောင်းအောင် Sensor ပြောင်းလဲသုံးထားတာ ဖြစ်ပါတယ်။


                အရင် OnePlus 5 ဖုန်းအတိုင်းပဲ OnePlus 5T ဖုန်းရဲ့ ကိုယ်ထည်ကို Anodized Aluminum ကို အသုံးပြုထားပြီး၊ Display Protection အနေနဲ့ Gorilla Glass 5 ကိုပဲ ဆက်လက်သုံးထားတာ တွေ့ရပါတယ်။ OnePlus 5T ဖုန်းဟာ အခုခေတ်စားနေတဲ့ 18:9 Bezel-less Display ကို ပထမဆုံးအသုံးပြုထားတဲ့ OnePlus ဖုန်းဖြစ်ပြီး၊ Display အရွယ်အစားက ၆.၀၁ လက်မ ဖြစ်သွားပါတယ်။ Display Resolution က Full HD+ (1080 x 2160 pixels) ၊ 401 ppi နဲ့ ဖြစ်ပြီး၊ အခြေခံအားဖြင့် OnePlus 5 အတိုင်း FullHD ပဲ ဖြစ်နေပါသေးတယ်။ OnePlus ကတော့ Full Optic AMOLED Display လို့ ခေါ်ထားပါတယ်။


                OnePlus 5T မှာ နောက်ထပ်ပြောင်းလဲမှုတစ်ခုကတော့ Camera System ပါ။ Dual Camera System ပဲ ဖြစ်ပြီး၊ အရင် OnePlus 5 လိုပဲ 16MP+20MP Camera Setup နဲ့ပါ။ ဒါပေမယ့် OnePlus 5 မှာတုန်းက 20MP ဒုတိယ Camera က f/2.6 Telephoto Lens ဖြစ်ပေမယ့်၊ OnePlus 5T မှာတော့ f/1.7 20MP Sony IMX 376K Sensor ကို ပြောင်းသုံးထားပါတယ်။ ဒါကြောင့် OnePlus 5T ဟာ ကိန်းဂဏန်းတွေ အရ OnePlus 5 ထက်စာရင် Low-light မှာ ပိုကောင်းလာမှာပါ။


                OnePlus 5T ဟာ Bezel-less Display ကို ပြောင်းလဲသုံးလိုက်တာကြောင့် ဖုန်းအရှေ့ဘက်မှာ Home Button နဲ့ Fingerprint Sensor တို့ ပါမှာမဟုတ်တော့ဘဲ၊ Fingerprint Sensor က နောက်ရောက်သွားမှာ ဖြစ်ပါတယ်။ OnePlus 5T ရဲ့ Processor နဲ့ ဘက်ထရီ အပါအဝင် ကျန်တဲ့ Specifications တွေက အရင် OnePlus 5 နဲ့ အတူတူပဲ ဖြစ်ပါတယ်။


                Oppo နဲ့ OnePlus တို့ဟာ မိခင်ကုမ္ပဏီတစ်ခုတည်းဖြစ်တာကြောင့် Oppo ဖုန်းတွေမှာ ပါလာတဲ့ Face Unlock စနစ်ကို အခု OnePlus 5T ဖုန်းမှာလည်း တွေ့မြင်ရမှာပါ။ iPhone X လို့တော့ 3D Facial Recognition စနစ် မဟုတ်သေးဘဲ၊ 2D Facial Recognition ပဲ ဖြစ်ပါလိမ့်မယ်။

                OnePlus 5T ဖုန်းကို ၄၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ အရင် OnePlus 5 နဲ့ ဒေါ်လာ ၂၀ လောက်ပဲ စျေးပိုများသွားတာကြောင့် စျေးကတော့ မဆိုးဘူးလို့ ဆိုရမှာပါ။ လောလောဆည် အနက်ရောင်ကာလာတစ်မျိုးပဲ ရရှိဦးမှာဖြစ်ပြီး၊ နိုဝင်ဘာ ၂၁ ရက်နေ့မှာ Europe နဲ့ North America တို့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

                OnePlus 5T ဖုန်းရဲ့ Specifications အပြည့်အစုံကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်။


References
OnePlus Cnet
About Author
Assinged Tags
OnePlus 5 OnePlus Face Unlock Bezel-Less Display OnePlus 5T 18:9 Aspect Ratio
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed