iPhone 8 နဲ့ Galaxy Note 8 ကို ကျော်လွန်ကာ DxOMark Mobile မှာ 97 Marks ရရှိသွားတဲ့ Huawei Mate 10 Pro

date_range 23 October 2017

iPhone 8 နဲ့ Galaxy Note 8 ကို ကျော်လွန်ကာ DxOMark Mobile မှာ 97 Marks ရရှိသွားတဲ့ Huawei Mate 10 Pro

visibility 58780 Views

                ဒီရက်ပိုင်းမှာ ထွက်ရှိလာတဲ့ Flagship ဖုန်းတွေတော်တော်များများမှာ ကင်မရာပိုင်းကို တိုင်းတာတဲ့နေရာမှာ Megapixels တွေ၊ Sensor Size ၊ Aperture Size တွေနဲ့တင်တိုင်းတာတာမဟုတ်ပဲ ကင်မရာရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာတဲ့ Benchmarking Website တစ်ခုဖြစ်တဲ့ DxOMark က ပေးတဲ့ ရမှတ်တွေနဲ့ တိုင်းတာမှုတွေ ကို အလေးထားပြုလုပ်လာကြပါတယ်။

                Pixel 2 မထွက်ခင်က iPhone 8 Plus နဲ့ Samsung Galaxy Note 8 တို့ဟာ DxOMark Mobile ရဲ့ Overall Score 94 Marks အသီးသီးရရှိထားကြပြီး ကင်မရာအကောင်းဆုံးစမတ်ဖုန်းတွေဆိုပြီး ဂုဏ်ယူစွာ ကြော်ငြာခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒါတွေက Google Pixel 2 နဲ့ Pixel 2 XL ဖုန်းတွေထွက်လာတဲ့အချိန်မှာတော့ ပျောက်ကွယ်သွားခဲ့ပြန်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် Google ရဲ့ Pixel 2 ဖုန်းဟာ DxOMark Mobile မှာ စံချိန်တင် 98 Marks အထိ ရရှိကာ၊ လက်ရှိကင်မရာအကောင်းဆုံးစမတ်ဖုန်းနေရာကို ရယူလိုက်နိုင်ခဲ့တာကြောင့်ပါ။

                အခုလည်း Huawei ကနေ မကြာမီက မိတ်ဆက်ခဲ့ပြီးတဲ့ Mate စီးရီး Flagship ဖုန်းတွေဖြစ်တဲ့ Huawei Mate 10 နဲ့ Mate 10 Pro ဖုန်းတွေဟာ DxOMark Mobile မှာ ရမှတ် 97 Marks ရရှိခဲ့တာကို တွေ့ရပါတယ်။ လက်ရှိအချိန်မှာ Apple iPhone 8 နဲ့ Samsung Galaxy Note 8 တို့ကို ကျော်တက်သွားပြီး Google Pixel 2 ပြီးရင် DxOMark Mobile မှာ ကင်မရာပိုင်းဆိုင်ရာ ဒုတိယအမှတ်အကောင်းဆုံး ဖုန်းတွေဖြစ်လာခဲ့ပါတယ်။


                DxOMark ရဲ့ စမ်းသပ်မှုတွေက ဝေဖန်မှုတွေအမြောက်အများခံနေရတယ်ဆိုပေမယ့် သူရဲ့ စမ်းသပ်မှုတွေကတော့ တကယ်ကို့ အသေးစိတ်ကျပါတယ်။ စမ်းသပ်မှုတစ်ခုစီတိုင်းအတွက် ဓါတ်ပုံပေါင်း ၁၅၀၀ ကျော်ရိုက်ယူကာ၊ ဗီဒီယို ၂ နာရီကျော် ရိုက်ကူးပြီးမှ ရလဒ်တွေကို ထုတ်ပြန်တာပါ။ ဒါ့အပြင် Overall Score တစ်ခုထဲ ထုတ်ပြန်တာမျိုးမဟုတ်ပဲ Category တစ်ခုချင်းစီအလိုက် အမှတ်ပေးပြီးတော့မှ နောက်ဆုံး Overall Score တစ်ခုအနေနဲ့ သတ်မှတ်တာဖြစ်ပါတယ်။ 

                ယခု Huawei ရဲ့ နောက်ဆုံး Flagship ဖုန်းတွေဖြစ်တဲ့ Huawei Mate 10 နဲ့ Mate 10 Pro ဖုန်းတွေကိုလည်း DxOMark ကနေ အသေးစိတ်အချက်အလက်တွေထုတ်ပြန်ခဲ့ပါတယ်။

                DxOMark ရဲ့ ထုတ်ပြန်ချက်အရ Huawei Mate 10 ဟာ Camera Specification ပိုင်းအနေနဲ့ f1.6 Aperture 12MP + 20MP LEICA Lens တွေကိုအသုံးပြုထားပြီးတော့ Low-Light မှာ အသေးစိတ် Details တွေကိုရိုက်ကူးနိုင်ရုံသာမက ကျယ်ပြန့်တဲ့ Dynamic Range ၊ မြန်ဆန်တဲ့ Auto focus နဲ့ ကောင်းမွန်တဲ့ Bokeh Effect တွေကို ရိုက်ကူးနိုင်တယ်လို့ မှတ်ချက်ပြုထားတာဖြစ်ပါတယ်။ Category အရဆိုရင်တော့ Huawei Mate 10 ဟာ ဓါတ်ပုံရိုက်ကူးမှုမှာ ရမှတ် 100 Marks နဲ့ ဗီဒီယိုမှာတော့ ရမှတ် 91 Marks ပဲရရှိခဲ့တဲ့အတွက် Overall 97 Marks ပဲရရှိသွားတာဖြစ်ပါတယ်။


                အသေးစိတ် စမ်းသပ်မှုတွေကိုတော့ ယခု Link မှာ ဖတ်ရှုနိုင်မှာဖြစ်ပြီး အခုလိုမျိုး DxOMark Mobile ရဲ့ မြင့်မားတဲ့ရမှတ်ကို ရရှိထားတဲ့ Huawei Mate 10 ဟာဆိုရင် ယခင် Huawei P10 ရဲ့ 87 Marks နဲ့ယှဉ်ရင် အများကြီးတိုးတက်လာတယ်လို့ သတ်မှတ်နိုင်မှာပါ။ 


References
Android Authority
About Author
Assinged Tags
Huawei Camera iPhone 8 related news Galaxy Note 8 Pixel 2 Benchmark DxOMark Huawei Mate 10 iPhone 8 Plus Huawei Mate 10 Pro Pixel 2 XL Camera Benchmarks DxOMark Mobile
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed