သက်တမ်းကုန်သွားတဲ့ Rainbow Apple Logo ကို Trademark ပြန်တင်ခဲ့တဲ့ Apple

date_range 21 February 2018

သက်တမ်းကုန်သွားတဲ့ Rainbow Apple Logo ကို Trademark ပြန်တင်ခဲ့တဲ့ Apple

visibility 700 Views

                အမေရိကန်နိုင်ငံရဲ့ မူပိုင်ခွင့်နဲ့ Trademark ရုံးက ချမှတ်ထားတဲ့ စည်းကမ်းအရ Logo တစ်ခုရဲ့ Trademark သက်တမ်းက ၁၀ နှစ်ပဲ ရရှိမှာပါ။ ဒီတော့ သက်တမ်းကုန်သွားပြီဖြစ်တဲ့ Rainbow Apple Logo လေးကို Apple က Trademark ပြန်တင်ခဲ့ပါတယ်။

                Apple ဘက်က ရည်ရွယ်ချက် အတိအကျကို မပြောခဲ့တဲ့အတွက် ထုံးစံအတိုင်း ကောလဟာလ သတင်းတွေ ထွက်လာခဲ့ပါတယ်။ အဲ့ဒီ့မှာ Blast ဆိုတဲ့ Website က Apple တို့ Rainbow Apple Logo ကို Trademark ပြန်တင်ခဲ့တဲ့ ရည်ရွယ်ချက်က Rainbow Apple Logo ကို အသုံးပြုပြီး အင်္ကျီအဝတ်အထည်တွေ၊ T-Shirt တွေ၊ ဦးထုပ်တွေ ထုတ်လုပ်ရောင်းရဖို့ အတွက်ဖြစ်တယ်လို့ ကောလဟာလ သတင်းတစ်ပုဒ် တင်ထားခဲ့ပါတယ်။

                ဒါပေမယ့် ဒီနေ့မှာတော့ အဲ့ဒီ့ကောလဟာလကို Patently Apple က ပြန်လည် ဖြေရှင်းလိုက်ပါတယ်။ ဖြစ်ချင်တော့ Apple က Rainbow Apple Logo ကို Trademark တင်ခဲ့တုန်းက စာရွက်စာတမ်းထဲမှာ အင်္ကျီအဝတ်အထည်တွေ၊ T-Shirt တွေ၊ ဦးထုပ်တွေအတွက် ဝန်ဆောင်မှု၊ ထုတ်လုပ်ရောင်းချမှုနဲ့ သက်ဆိုင်တဲ့ Class 25 အောက်မှာ တင်ခဲ့တာ ဖြစ်တဲ့အတွက် Blast က နားလည်မှု လွဲသွားတာ ဖြစ်ပါတယ်။


                Apple ကတော့ Trademark ပြန်တင်ရတဲ့ ရည်ရွယ်ချက်ကို တိတိကျကျ မပြောထားပေမယ့် Patently Apple ကတော့ Apple တို့ Rainbow Apple Logo ကို Trademark ပြန်တင်ခဲ့တာဟာ သမိုင်းဝင်တဲ့ Logo လေးကို Apple ပိုင်အဖြစ် ဆက်လက် သိမ်းဆည်းထားချင်တာကြောင့်ပဲ ဖြစ်ပြီး အခြား ဘာရည်ရွယ်ချက်မှ မရှိဘူးလို့ ပြောထားပါတယ်။

                Apple အနေနဲ့ သမိုင်းတွင်တဲ့ ဒီ Rainbow Logo လေးကို အခု Trademark တင်ထားပြီး နောင် ၁၀ နှစ်ကြာလို့ သက်တမ်းကုန်သွားရင်လည်း ပြန်ပြီး Trademark တင်သွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။ Blast က ပြောထားသလိုမျိုး Apple ကိုယ်တိုင်တော့ Rainbow Apple Logo နဲ့ အင်္ကျီအဝတ်အထည်တွေ၊ T-Shirt တွေ၊ ဦးထုပ်တွေ ထုတ်လုပ်ရောင်းရသွားမှာ မဟုတ်ပေမယ့် Apple Park ထဲမှာတော့ အမှတ်တရ အင်္ကျီအဝတ်အထည်တွေ၊ T-Shirt တွေ၊ ဦးထုပ်တွေ ဝယ်ယူလို့ရမယ်လို့ သိရပါတယ်။

References
9to5Mac
About Author
Assinged Tags
Apple Apple Rainbow Logo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed