Samsung Galaxy S8 ရဲ့ Iris Recognition ကို Bypass လုပ်လို့ရ

date_range 25 May 2017

Samsung Galaxy S8 ရဲ့ Iris Recognition ကို Bypass လုပ်လို့ရ

visibility 800 Views

                လက်ရှိ Samsung ကထုတ်လုပ်ထားတဲ့ Galaxy S8 ဟာ အခုဆိုရင်စျေးကွက်ထဲကိုရောက်ရှိခဲ့တာ တစ်လလောက် ရှိခဲ့ပါပြီ။ အအောင်မြင်ဆုံး ဖုန်းတစ်လုံးလည်းဖြစ်သလို Design ကအစ အားလုံးပြောင်းလဲခဲ့တဲ့ဖုန်းတစ်လုံးမို့ လူကြိုက်လည်းများခဲ့ပါတယ်။ Samsung Galaxy S8 မှာ Screen နီရဲနေတာတွေ၊ Reboot ဖြစ်ဖြစ်သွားတာတွေ၊ Fast Charging ဟာ Screen ဖွင့်ထားရင်အလုပ်မလုပ် တာတွေ နဲ့အတူ Storage Speed နှေးတာတွေ Users အချို့ကြုံခဲ့ရပါတယ်။

                ဒါပေမဲ့ ဒီအရာတွေဟာ အရေးကြီးတဲ့ပြဿနာတွေမဟုတ်ဘူးလို့လည်း အသုံးပြုတဲ့သူတွေကဆိုပြန်ပါတယ်။ ဟုတ်တော့လည်းဟုတ်ပါတယ်။ အားနည်းချက်၊ အားသာချက်ဆိုတာ ဖုန်းတိုင်းမှာရှိတာကြောင့် ကျွန်တော်တို့ အားနည်းချက်တစ်ခုတည်းရွေးကြည့်နေပြီး အပြစ်မြင်နေလို့မရပါဘူး။ 

                Samsung ကနေ ထုတ်လုပ်ထားတဲ့ Iris Scanner (မျက်၀န်းဖတ်စနစ်) ဟာဆိုရင်တော့ အသုံးပြုသူရဲ့ မျက်၀န်းကို Infrared Light (အနီအောက် ရောင်ခြည်) ကိုသုံးပြီး Sensor နဲ့ဖတ်တဲ့စနစ်ပဲဖြစ်ပါတယ်။ ဒီစနစ်ကို Fingerprint Scanner အတိုင်းပဲ Security စနစ်အတွက်အသုံးပြုပါတယ်။ Users တွေဟာ Screen ကို Unlock လုပ်ရာမှာ Power ခလုပ်နှိပ်၊ ဖုန်းကိုတစ်ချက်ကြည့်လိုက်တာနဲ့ Screen Lock ပွင့်သွားမှာမို့ Fingerprint Scanner လို တချို့အခြေအနေမှာ ဖွင့်မရတာမျိုးနဲ့ Sensor ပေါ်အတင်းဖိနေရတာမျိုးတွေမရှိတော့ပါဘူး။ Fingerprint တွေလိုပဲ လူတစ်ယောက်ရဲ့ Iris ဟာလည်း တစ်ယောက်နဲ့တစ်ယောက်တော့မတူကြပါဘူး။

                အခုအခါမှာဆိုရင်တော့ Iris Recognition System ကိုကျော်တဲ့နည်းကို တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ဒီနည်းလမ်းဟာ Night Mode နဲ့အတူ Infrared Filter ကိုဖြုတ်ထားတဲ့ Digital Camera ကောင်းကောင်းတစ်လုံး လိုအပ်ပါတယ်။ 

                ဖုန်းပိုင်ရှင်ရဲ့ မျက်နှာကို Night Mode နဲ့ရိုက်ပြီး ထွက်လာတဲ့ဓာတ်ပုံကို Laser Printer နဲ့ Print ထုတ်ပြီးတဲ့အခါကျရင် ဓာတ်ပုံရဲ့ မျက်၀န်းနေရာနားမှာ မျက်ကပ်မှန်တစ်ခုကို ကပ်လိုက်ပါ။ ပြီးရင် ဓာတ်ပုံကို Samsung Galaxy S8 ရဲ့ Iris Scan ဖတ်နေချိန်မှာ ပြသပေးလိုက်တာနဲ့ အလိုအလျောက် Unlock ပွင့်သွားမှာပါ။ ဓာတ်ပုံရိုက်တဲ့အခါမှာ Night Mode ကိုသာလိုပြီး ညဘက်မှာရိုက်စရာမလိုတာကြောင့် တကယ်လို့ ဖုန်းကို ခိုးယူထားတယ်ဆိုရင် Iris Scanner Security ကိုကျော်ဖြတ်လိုပါက IR Filter ဖြုတ်ထားတဲ့ Digital Camera တစ်လုံးနဲ့ ဖုန်းပိုင်ရှင်ကိုဓာတ်ပုံလိုက်ရိုက်ရုံပါပဲ။ 

                Flagship ဖုန်းဖြစ်တဲ့ Samsung Galaxy S8 ရဲ့ ထူးခြားတဲ့ Iris Recognition Security System ကို ဓာတ်ပုံတစ်ပုံနဲ့အတူ မျက်ကပ်မှန် (Contact Lens) တစ်ခုလောက်နဲ့ပဲ Bypass လုပ်လို့ရတယ်ဆိုတာကတော့ Iris Scanner ရဲ့ Security Measures ဟာ အတော်လေးကိုအားနည်းတယ်လို့ဆိုရမှာပါ။ Samsung ဘက်ကနေကော ဒီကိစ္စအတွက် ဘယ်လိုဖြေရှင်းချက်ပေးမလဲ ဆိုတာကိုလည်းစောင့်ကြည့်ရဦးမှာပါ။ 

                Bypass လုပ်ပြသွားတဲ့ Demonstration Video ကိုအောက်မှာကြည့်ရှုနိုင်ပါတယ်။




References
Android Community
About Author
Assinged Tags
Samsung Android Security Samsung Galaxy S8 Iris Scanner Mobile Security Android Phone Iris Recognition Iris DSLR
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed