Pixel Launcher Design အသစ်နဲ့ မြင်တွေ့ခဲ့ရတဲ့ Google Pixel 2 နဲ့ Pixel 2 XL

date_range 03 October 2017

Pixel Launcher Design အသစ်နဲ့ မြင်တွေ့ခဲ့ရတဲ့ Google Pixel 2 နဲ့ Pixel 2 XL

visibility 1800 Views

                Google ကနေ အောက်တိုဘာလ ၄ ရက်နေ့ (မနက်ဖြန်) မှာ တရား၀င်မိတ်ဆက်ပေးတော့မယ့် Google Pixel 2 နဲ့ Pixel 2 XL တို့အတွက် သတင်းပေါက်ကြားမှုတွေကတော့ အတော်လေးကိုများပြားနေခဲ့ပါပြီ။ 

                ကျွန်တော်တို့အနေနဲ့ Pixel 2 စမတ်ဖုန်းအတွက် Specifications တွေ၊ Pixel 2ကို HTC ကနေ တာ၀န်ယူထုတ်လုပ်ပေးပြီး Pixel 2 XL ကိုတော့ LG ကနေ တာ၀န်ယူထုတ်လုပ်ပေးမယ်ဆိုတာတွေ၊ ဘေးဘောင်ကျဉ်းမြောင်းပြီး ညှစ်လို့ရတဲ့ Frame ပါ၀င်လာဖွယ်ရှိတာတွေ စတဲ့ သတင်းတွေပေါက်ကြားထားပါတယ်။ 

                ဒါ့အပြင် မကြာသေးခင်ကမှ Pixel 2 အပါအ၀င် မိတ်ဆက်ပေးမယ့် Google Product ငါးခုရဲ့ စျေးနှုန်းတွေနဲ့ Pixel 2/ 2 XL တို့မှာ Always Listening Music, Portrait Mode, Dual Speakers တို့ပါ၀င်လာဖွယ်ရှိတယ်ဆိုတဲ့ ကောလာဟလတွေလည်း အင်တာနက်ပေါ်မှာ ပျံ့နှံ့လို့နေခဲ့ပါတယ်။ 

                အခုအခါမှာတော့ Mobile သတင်းပေါက်ကြားမှုတွေအတွက် ဆရာတစ်ဆူဖြစ်တဲ့ Evan Blass (@evleaks) ကနေ Twitter မှာ Google Pixel XL 2 ရဲ့ Case ထဲထည့်ထားတဲ့ပုံစံနဲ့ Case မပါတဲ့ပုံစံတို့ကို Tweet ပြုလုပ်ထားခဲ့ပါတယ်။ ဒါဆိုရင်တော့ ဒီပုံစံဟာ Google Pixel XL 2 ရဲ့ တကယ်တရား၀င်ထွက်ရှိလာမယ့် ပုံစံဆိုတာ ကျိန်းသေနီးပါးဖြစ်နေပါပြီ။ 

                Venture Beat မှာလည်း Evan Blass က Pixel XL နဲ့ Pixel 2 XL တို့ရဲ့ ဓာတ်ပုံကို ဆောင်းပါးတစ်ခုနဲ့အတူ တွဲပြီးတင်ထားခဲ့ပါသေးတယ်။ (ပုံကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်)


                ပုံတွေမှာမြင်တွေ့ရတဲ့အတိုင်း Google Pixel XL 2 ဟာ Bezel-Less Design ကို ဦးစားပေးထားပေမယ့် Pixel 2 ဟာတော့ ကောလာဟလထွက်ရှိထားတဲ့အတိုင်း အရင်နှစ်က Design ပုံစံနဲ့ပဲ ပွဲဦးပြန်ထွက်လာဖို့ရှိပါတယ်။ 

                ဒီပုံရိပ်တွေထဲမှာမှ သတိထားမိတာကတော့ Pixel Launcher ပါပဲ။ Weather Widget ပုံစံအသစ်နဲ့အတူ အထူးခြားဆုံးကတော့ Google Search Bar ကို အရင်ကလို Home Screen ရဲ့အပေါ်ဆုံးမှာ ထားထားတာမျိုးမဟုတ်တော့ဘဲ၊ Home Screen ရဲ့ အောက်ဆုံးနားမှာ ပြောင်းလဲထားထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။


                အခုလိုမျိုးပုံစံပြောင်းလဲလိုက်တာကလည်း တစ်ခုတော့ကောင်းပါတယ်။ Google Search ပြုလုပ်ဖို့အတွက် Home Screen ရဲ့အပေါ်ဘက်ကနေ နှိပ်ပြီး ရှာဖွေရတာထက်၊ အလွယ်တကူ အောက်နားကနေ နှိပ်ပြီး လိုသလိုရှာဖွေနိုင်ဖို့ ပြောင်းလဲထားပေးထားတာကြောင့် Search မကြာခဏပြုလုပ်နေရသူတွေအတွက်တော့ အဆင်ပြေစေမှာ အမှန်ပါပဲ။ 

                Google Pixel 2/ Pixel XL 2 တို့ဟာ Android 8.1 (Oreo) နဲ့ တရား၀င်ထွက်ရှိလာမယ်လို့လည်း သိရှိထားရပါသေးတယ်။ နောက်ထပ်ကော ဘယ်လို Feature အသစ်တွေနဲ့ Google ရဲ့ Flagship အသစ်ဖြစ်တဲ့ Pixel 2 နဲ့ Pixel XL 2 တို့ထွက်ရှိလာမလဲဆိုတာကို မနက်ဖြန် တရား၀င်မိတ်ဆက်ပေးလာခဲ့တဲ့အခါကျ ဆက်လက်တင်ပြပေးသွားပါမယ်။ 

References
Android Authority Venture Beat
About Author
Assinged Tags
Google Smartphone Leaks Android Smartphones Google Pixel 2 Oreo Pixel 2 Google Pixel XL 2 Android Oreo Pixel 2 XL
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed