Google Pixel 2 ကို HTC မှ ထုတ်လုပ်ပေးမည်

date_range 16 August 2017

Google Pixel 2 ကို HTC မှ ထုတ်လုပ်ပေးမည်

visibility 1600 Views

                ကျွန်တော်တို့အနေနဲ့ Google Pixel XL 2 ကို  LG ကိုယ်တိုင်ထုတ်လုပ်ပေးမယ်လို့ သတင်းတစ်ခုအရ သိရှိထားရပါတယ်။ အခုအခါမှာတော့ Google Pixel 2 ကို HTC ကိုယ်တိုင်ထုတ်လုပ်ပေးမယ်လို့ FCC ရဲ့ စာရွက်စာတမ်းတွေအရ သိရှိခဲ့ရပါပြီ။


                ဒါ့အပြင် Google Pixel XL 2 မှာ ညှစ်လို့ရမယ့် Frame ပါ၀င်လာဖွယ်ရှိတာကို ကောလာဟလ တစ်ခုအရသိရှိခဲ့ရပြီးပါပြီ။ ဒါပေမဲ့လည်း ဒီ Pixel XL 2 ကို ထုတ်လုပ်ပေးမယ့်သူဟာ HTC မဟုတ်ဘဲ LG ဖြစ်နေတာကြောင့် HTC ဟာ သူတို့ရဲ့ Edge Sense နည်းပညာကို LG ကိုပေးပြီး ထုတ်လုပ်ခိုင်းတာလား ဆိုတာကိုတော့ အတိအကျ မသိရှိရသေးပါဘူး။ 

                Pixel 2 မှာလည်း ညှစ်လို့ရမယ့်ဘေးဘောင်တွေပါ၀င်လာဖို့ကသေချာသလောက်ရှိပြီး ဒီ Feature ကိုတော့ “Active Edge” လို့အမည်ပေးထားတယ်လို့လည်း သိရှိရပါတယ်။ 


                Pixel 2 အတွက် FCC ကနေ ရရှိတဲ့ E-Label Screenshot အရ 50.66 GB Free လို့မြင်နေရတဲ့အတွက် Internal Storage 64GB ပါ၀င်လာမယ်လို့လည်း အကြမ်းဖျင်းသိရှိရပြီး၊ “Languages, input & gestures” ဆိုတဲ့ Settings အရ ဘေးဘောင်ကိုညှစ်လိုက်တာနဲ့ Google Assistant ခေါ်နိုင်တာမျိုးတွေနဲ့ အခြား Gestures Function တွေပါ Pixel 2 မှာ အသုံးပြုလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

                Baseband Number “8998” အရလည်း Pixel 2 မှာ Snapdragon 835 SoC ကိုပဲ အသုံးပြုထားဖွယ်ရှိပါတယ်။ လက်ရှိအချိန်မှာ မြင်တွေ့နေရတဲ့ Screenshot အရ Pixel 2 ဟာ Android 8.0.1 ကိုအသုံးပြုထားပြီး၊ သြဂုတ်လ Security Patch ကိုထည့်သွင်းပေးထားတာကို သိရှိရပါတယ်။ 

                Google Pixel 2 နဲ့ Pixel XL 2 တို့ကို ယခုနှစ် အောက်တိုဘာလလောက်မှာ မိတ်ဆက်ပေးသွားမှာဖြစ်ပြီး၊ Apple iPhone 8, Samsung ရဲ့ Galaxy Note 8 စတဲ့ Flagship ဖုန်းတွေနဲ့ ပြိုင်ဆိုင်ရဖွယ်ရှိပါတယ်။

References
Android Central
About Author
Assinged Tags
Google Google Pixel Google Smartphones Google Pixel 2 Active Edge
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed