Google Pixel 2 စမတ်ဖုန်းအတွက် Specifications များပေါက်ကြား

date_range 25 June 2017

Google Pixel 2 စမတ်ဖုန်းအတွက် Specifications များပေါက်ကြား

visibility 3320 Views

                OnePlus 5 ထွက်ရှိပြီးနောက် သိပ်မကြာခင် Google မှလည်း Pixel 2 ကိုထုတ်လုပ်ဖို့ကြိုးစားနေပါပြီး ကောလဟာလအနေနဲ့လည်း Specifications အချို့ပေါက်ကြားထားပါတယ်။ အခုအသစ်ထွက်ရှိလာမယ့် Pixel 2 နဲ့ Pixel XL 2 စမတ်ဖုန်းတွေဟာ Google Pixel တုန်းကအတိုင်းပဲ စက်တင်ဘာလ/အောက်တိုဘာလ လောက်မှာ ထွက်ရှိမယ်လို့လည်းသိရှိရပါတယ်။ OnePlus 5 ရဲ့ ရင်ခုန်မှုတွေပြီးသွားတဲ့အခါ အခုအခါမှာတော့ Android သမားတွေအတွက် Google Pixel 2 အတွက် ဘယ်လိုထွက်ရှိလာမလဲဆိုတာ ရင်ခုန်စောင့်စားရတော့မှာပါ။ 

                Codename အနေနဲ့တော့ လောလောဆယ်မှာ “Taimen” နဲ့ “Walleye” ဆိုပြီးနှစ်မျိုးရှိပါတယ်။ “Taimen” ဆိုတဲ့ Codename အတွက် မျက်နှာပြင်အကျယ်အ၀န်းဟာ 5.99 လက်မရှိ Google Pixel ထက် တစ်လက်မပိုမိုကျယ်၀န်းမှာဖြစ်ပြီး ဘေးဘောင်ဟာလည်း မနှစ်ကထုတ်ခဲ့တဲ့ Pixel ထက်ပိုပြီး ကျဉ်းမြောင်းသွားမှာဖြစ်ပါတယ်။ LG ကုမ္ပဏီမှ 1440p Resolution ထောက်ပံ့ပေးနိုင်တဲ့ OLED Panel တွေကိုလည်း အသုံးပြုမယ်လို့ဆိုပါတယ်။ Snapdragon 835 SoC နဲ့ 4GB RAM ကိုအသုံးပြုမယ်လို့သိရှိရပြီး 128GB နဲ့ Variant လည်းထွက်ရှိလာဦးမှာပါ။ ဒီ 128GB Variant မှာကော OnePlus 5 လိုမျိုး 6GB RAM အသုံးပြုမှာလား အတိအကျမသိရှိရသေးပါဘူး။ 

                HMD Global ကနေတောင် Flagship ဖုန်းဖြစ်တဲ့ Nokia 6 အတွက် RAM 6GB နဲ့ထွက်နိုင်ဖို့ အပူတပြင်းကြိုးစားနေပြီး LG မှလည်း LG G6+ ဆိုပြီး RAM 6GB, Internal Storage 128GB ပါ၀င်တဲ့ Model တွေအပြိုင်အဆိုင်ထုတ်နေတဲ့အချိန်မှာ Pixel 2 ဟာ RAM 4GB ပဲပါမယ်ဆိုရင်တော့ အားရစရာ သိပ်မကောင်းပါဘူး။ ဒါပေမဲ့လည်း Pixel 2 ရဲ့ 128GB ဟာ ရွေးချယ်စရာ Variant တစ်မျိုးတည်းမဟုတ်ဘူး ဆိုတဲ့အတွက် Variant ပေါင်းများစွာ နောက်ထပ်ထွက်ရှိလာတဲ့အချိန်မှာ 6GB RAM ကိုမြင်ရနိုင်ချေရှိပါတယ်။ မျက်နှာပြင်ကျယ်၀န်းပေမဲ့လည်း Glass Panel ကို ဖုန်းရဲ့ နောက်ကျောဘက်မှာ Google Pixel တုန်းကအတိုင်း ထည့်ပေးထားမယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်း Fingerprint Sensor ကိုတော့ Glass အောက်မှာ ထည့်ပေးမထားလောက်တော့ဘူးလို့ ဆိုပါတယ်။ Dual-Camera လည်း ပါ၀င်လာမှာမဟုတ်သလို ထူးထူးခြားခြားကြီးလည်း Camera အတွက် ကောလဟာလတွေ မထွက်ထားတာကြောင့် OnePlus 5 လိုမျိုးတော့ ထူးထူးခြားခြားကြီးကောင်းမွန်တဲ့ ကင်မရာအရည်အသွေးတွေ ပါ၀င်လာမှာမဟုတ်ပါဘူး။

                “Walleye” ဆိုတဲ့ Codename နာမည်မှာတော့ 4.97 လက်မ မျက်နှာပြင်အကျယ်အ၀န်းရှိပြီး 1080P (Full HD) Display ပါ၀င်မှာဖြစ်ပါတယ်။ မနှစ်ကထုတ်တဲ့ Pixel နဲ့ မျက်နှာပြင်အကျယ်အ၀န်းအတူတူပါပဲ။ Full HD ပဲ ပါ၀င်တာကတော့ အားရစရာမကောင်းပါဘူး။ ဘေးဘောင်တွေကတော့ ကျဉ်းမြောင်းနေမှာမဟုတ်ပဲ Front-Firing (ဖုန်းအရှေ့ဘက် အပေါ်နားလောက်မှာ ရှိမယ့်) Speaker တစ်စုံပါ၀င်လာမှာပါ။ Earphone အသုံးပြုဖို့ 3.5mm Headphone Jack ပါ၀င်လာမှာဖြစ်ပြီး Apple မှ ထုတ်လုပ်ထားတဲ့ iPhone 7 လိုမျိုးတော့ Headphone Jack ကိုဖြုတ်ပစ်တာမျိုးတွေ အခုထိမလုပ်သေးပါဘူး။ Walleye မှာလည်း Taimen နဲ့အတူတူ Snapdragon 835 SoC, 4GB RAM ပါ၀င်မှာပါ။ Internal Storage အနေနဲ့ကတော့ 64GB နဲ့ပဲ စတင်ထွက်ရှိလာမယ်လို့ဆိုပါတယ်။ Internal Storage နဲ့ RAM ပိုမိုပါ၀င်တဲ့ Variant တွေထွက်ရှိလာမှာလားဆိုတာကို အတိအကျမသိရှိရသေးပေမဲ့ စမတ်ဖုန်းစျေးကွက်အရ Google ဘက်မှလည်း ရွေးချယ်စရာ Variant တွေတော့ ထပ်မံထုတ်လုပ်လာနိုင်ခြေရှိပါတယ်။

                မျက်နှာပြင်အကျယ်အ၀န်း ကြီးမားတဲ့ စမတ်ဖုန်းတွေဟာ စျေးကွက်ထဲမှာ အောင်မြင်နေတဲ့အခါမှာ (ဥပမာ- Samsung Galaxy S8 နဲ့ S8 Plus) Google ဘက်မှလည်း အသစ်ထွက်ရှိလာမယ့် Google Pixel 2 အတွက် မျက်နှာပြင်အကျယ်အ၀န်းကို 6 လက်မအထိ ရည်ရွယ်ထုတ်လုပ်ဖို့ကြံရွယ်နေတာကို ကောလဟာလတွေအရ သိရှိရပါတယ်။ ရွေးချယ်စရာတော့ ရှုပ်ယှက်ခတ်နေအောင် Model အများကြီးထုတ်လုပ်မှာမဟုတ်ပဲ Pixel 2 နဲ့ Pixel XL 2 ဆိုပြီး နှစ်မျိုးပဲထုတ်လုပ်ပေးမှာပါ။

                Google မှ Nexus ကနေ Pixel ကိုပြောင်းလဲခဲ့ပြီး စျေးသက်သာတဲ့ Pure Android အသုံးပြု စမတ်ဖုန်းတွေအစား Google Pixel ဆိုပြီး Flagship စမတ်ဖုန်းတစ်လုံးအနေနဲ့ထုတ်လုပ်ခဲ့ပါတယ်။ Google Pixel ကိုကြိုက်နှစ်သက်တဲ့သူတွေရှိပေမဲ့ Nexus ပရိသတ်အတော်များများကတော့ အနည်းငယ်စိတ်ပျက်သွားကြပါတယ်။ အခုတစ်ခေါက် ထွက်ရှိလာမယ့် Pixel XL 2 ဟာ Taimen ဖြစ်ဖို့ပိုများတာကိုလည်း ကောလဟလတစ်ခု အရ သိရှိရပြီး ဒီ စမတ်ဖုန်းကို LG ကုမ္ပဏီမှထုတ်လုပ်ပေးမယ်လို့ဆိုပါတယ်။ အခုထွက်ရှိလာတဲ့ ကောလဟာလ အရလည်း LG Display တွေကိုအသုံးပြုထားမယ်ဆိုတော့ Pixel XL 2 ဟာ Taimen ဖြစ်တဲ့အခါမှာ Walleye ဟာ Pixel 2 များဖြစ်လာမလားဆိုတာ စဉ်းစားစရာတစ်ခုဖြစ်လာပြီ။ 

                Pixel 2 မှာကော Nexus တုန်းကအချိန်တွေကို ပြန်လည်ခေါ်ဆောင်လာမလား ဆိုတာကို အသေအချာမသိရှိရသေးပေမဲ့  “Taimen” မှာတော့ “Pixel Imprint” ဆိုတဲ့ Fingerprint Software ကိုအသုံးပြုထားပြီး “Walleye” မှာ “Nexus Imprint” ကိုအသုံးပြုထားမှာပါ။ ဒါကြောင့် Walleye အနေနဲ့ စျေးသက်သာပြီး Nexus နာမည်အသုံးပြုထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာမလား၊ ဒါမှမဟုတ် Pixel 2 ဆိုတဲ့နာမည်နဲ့ပဲထွက်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။ 

References
Android Authority
About Author
Assinged Tags
Google Android Smartphone Leaks Android Smartphones Leaked information Android Phone Specifications Google Pixel Google Nexus Google Smartphones Google Pixel XL Google Pixel 2 Google Pixel XL 2 Nexus
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed