Google Assistant ကို တခြား Android ဖုန်းတွေမှာပါ အသုံးပြုနိုင်တော့မှာလား?

date_range 12 February 2017

Google Assistant ကို တခြား Android ဖုန်းတွေမှာပါ အသုံးပြုနိုင်တော့မှာလား?

visibility 930 Views

                Google Assistant ဆိုတာ Google က နောက်ဆုံးမိတ်ဆက်ထားတဲ့ Digital Assistant ဆော့ဖ်ဝဲတစ်ခုဖြစ်ပြီး၊ ကျနော်တို့အရင်ကအသုံးပြုနေတဲ့ “Google Now” ထက် အများကြီး ပိုအဆင့်မြင့်ပါတယ်။

                Google Assistant ကို လက်ရှိမှာ Allo App၊ Google Home ကြိုးမဲ့စပီကာ၊ Pixel ဖုန်းတွေနဲ့  Android Wear 2.0 သုံး စမတ်နာရီ တစ်ချို့မှာပဲ အသုံးပြုနိုင်သေးပြီး၊ Pixel ဖုန်းမဟုတ်တဲ့ တခြား Android ဖုန်းတွေမှာ လုံးဝမရရှိသေးပါဘူး။

                ဒါပေမယ့် မကြာသေးမီက Google App Beta အစီအစဥ်မှာပါဝင်ထားတဲ့ အသုံးပြုသူတစ်ချို့ဟာ Google App v6.13 ‘Alpha’ ဗားရှင်းကို အသုံးပြုခွင့်ရခဲ့ကြပြီး၊ အဆိုပါလူတွေထဲက တစ်ချို့တစ်လေမှာ Google Assistant အသုံးပြုခွင့်ရခဲ့ကြောင်း Android Police ဝဘ်ဆိုဒ်က တင်ပြထားပါတယ်။

                Screenshorts ပြထားတဲ့ပုံတွေအရ Google Assistant မရသေးတဲ့ဖုန်းတွေဖြစ်တဲ့ Nexus 6P ( Android 7.1.1) နဲ့ Samsung Galaxy Note 5 (Android 6.0.1) ဖုန်းတွေမှာ Google Assistant သုံးလို့ရနေတာကို တွေ့ရမှာပါ။

                Google App "Alpha" ဗားရှင်းကို စမ်းသုံးကြည့်သူတွေရဲ့အဆိုအရ App ကို Install လုပ်ပြီးလို့ အရင်က Google Now On Tap ခေါ်နေကြအတိုင်း Home ခလုတ်ကို ဖိနှိပ်ထားရာမှာ “New! You just got the Google Assistant” ဆိုတဲ့မက်ဆေ့ကို တွေ့မြင်ခဲ့ကြရတာ ဖြစ်တယ်လို့သိရပါတယ်။

                ဒီအတိုင်းသာဆိုရင် Google အနေနဲ့ Google Assistant ကို Pixel မဟုတ်တဲ့ တခြား Android ဖုန်းတွေအတွက်လည်း ထုတ်ပေးဖို့ရှိနေပြီး၊ Google app v6.13 တရားဝင်ထွက်ရှိလာရင် ပါဝင်လာဖို့ မျှော်လင့်ရပါတယ်။

                Google App v6.13.5 "Alpha" ကို စမ်းသုံးကြည့်ချင်တယ်ဆိုရင် အောက်ပါလင့်ခ်ကနေ ဒေါင်းလုဒ်ရယူနိုင်ပါတယ်။ ဒါပေမယ့် "Beta" အဆင့်တောင် မရောက်သေးတဲ့ စမ်းသပ်ဆဲ "Apha" ဗားရှင်းဖြစ်တာကြောင့် Error တော်တော်များများ ကြုံတွေ့ရနိုင်ပြီး။ ဖုန်း OS မကျွမ်းကျင်သူဆိုရင် စမ်းသုံးမကြည့်သင့်ပါဘူး။

Download Google App v.6.13.5 From APK Mirror

References
Android Police 9to5Google
About Author
Assinged Tags
Google Google Assistant Android Google App Applications Artificial Intelligence Digital Assistant
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed