အရင်ထွက်ရှိထားတဲ့ Pixel အတိုင်း ပွဲဦးပြန်ထွက်လာဖွယ်ရှိတဲ့ Google Pixel 2

date_range 06 August 2017

အရင်ထွက်ရှိထားတဲ့ Pixel အတိုင်း ပွဲဦးပြန်ထွက်လာဖွယ်ရှိတဲ့ Google Pixel 2

visibility 580 Views

                Google Pixel 2 XL ဖြစ်လာဖွယ်ရှိတဲ့ Codename “Taimen” အတွက် ပုံစံအချို့ကို ကျွန်တော်တို့မြင်တွေ့ခဲ့ရပြီး အဆိုပါစမတ်ဖုန်းမှာ ဘေးဘောင်ကျဉ်းမြောင်းတဲ့ Bezel-Less Display ပါ၀င်လာမယ်လို့ ကောလာဟလတွေအရ သိရှိထားပါတယ်။ အခုချိန်မှာတော့ Google Pixel 2 ဖြစ်လာဖွယ်ရှိတဲ့ Codename “Walleye” အတွက် Design ဓာတ်ပုံကို Venturebeat မှ Evan Blass ရဲ့ ဓာတ်ပုံတစ်ပုံအရ သိရှိခဲ့ရပါပြီ။


                ဓာတ်ပုံအရ အရင်နှစ်က Google Pixel ထက် ဘေးဘောင်တွေဟာ အနည်းငယ်ကျဉ်းမြောင်းသွားတယ်ဆိုပေမဲ့ Samsung Galaxy S8, Note 8 (လက်ရှိ Evan Blass ရဲ့ ပေါက်ကြားချက်အရ) နဲ့ LG V30 တို့လောက်တော့ Edge-To-Edge ပုံစံမျိုးမဟုတ်တာ သေချာသလောက်ရှိပါတယ်။ Display Ratio ကိုလည်း 16:9 အတိုင်းပဲဆက်လက်သုံးစွဲထားမယ်လို့ မျှော်မှန်းရပါတယ်။ အရင်နှစ်ကအတိုင်း Design ပိုင်းမှာလည်း ကွာခြားမှုမရှိဘဲ Pixel 2 ကော Pixel 2 XL မှာပါ Dual-Camera Setup လည်းပါ၀င်လာဖို့မရှိပါဘူး။

                Dual-Camera Setup ကို OnePlus 5 နဲ့ Essential Phone တွေမှာ မြင်တွေ့ခဲ့ရပြီး ယခုနှစ်အတွက် Trend တစ်ခုဖြစ်နေခဲ့ချိန်မှာ Pixel 2 နဲ့ Pixel 2 XL မှာလုံး၀အသုံးမပြုတဲ့အတွက် အားရစရာတော့မကောင်းပါဘူး။ ဒါပေမဲ့လည်း လက်ရှိအချိန်မှာ Pixel နဲ့ Pixel XL တို့ဟာ ကင်မရာအရည်အသွေးကောင်းမွန်တဲ့ Result တွေရရှိထားတဲ့အတွက် Google မှ Dual-Camera Setup အသုံးပြုဖို့ထည့်သွင်းမစဉ်းတာလည်း ဖြစ်နိုင်ပါတယ်။

                Pixel 2 နဲ့ Pixel 2 XL တို့ဟာ အရင်နှစ်ကအတိုင်း Design ပိုင်းမှာ သိပ်ကွာခြားမှု မရှိဘူးဆိုပေမဲ့ ထူးခြားချက်တစ်ခုအနေနဲ့ Headphone Jack ပါ၀င်လာတော့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒီလိုမပါ၀င်လာတာကိုလည်း 9to5Google မှ Stephen Hall ရဲ့ Tweet တစ်ခုအရ သိရှိခဲ့ရသလို Venturebeat မှလည်း အတည်ပြုပေးခဲ့ပါတယ်။


                ဒါကြောင့်မို့ Google Pixel 2 နဲ့ Pixel 2 XL စမတ်ဖုန်းတို့အတွက် Audio ကို USB-C ကပဲဖြစ်ဖြစ်၊ Bluetooth ကနေပဲဖြစ်ဖြစ် နားဆင်ရတော့မှာဖြစ်ပါတယ်။ iPhone 7 မှာတုန်းက Headphone Jack မပါ၀င်ခဲ့တဲ့အချိန်မှာ Pixel ကို Headphone Jack နဲ့ပဲမိတ်ဆက်ပေးခဲ့တဲ့ Google က အခုချိန်ကျမှ ဘာလို့ဖြုတ်ပစ်မှာလဲဆိုတာကိုတော့ စာရေးသူကိုယ်တိုင်မတွေးတတ်ပါဘူး။ 

                ဒါပေမဲ့လည်း Google Pixel 2 နဲ့ Pixel 2 XL တို့အတွက် ဖုန်း Cover တွေကို Headphone Jack ပေါက်နဲ့အတူ အွန်လိုင်းပေါ်မှာရောင်းချနေ တာကို တွေ့မြင်ခဲ့ရသေးတာမို့ ဒီကိစ္စဟာ မတိကျမသေချာလောက်သေးပါဘူး။ ဒါကြောင့်မို့ Headphone Jack ပါတယ်၊ မပါဘူးဆိုတာ Google မှ အောက်တိုဘာလလောက်မှာ Pixel 2 နဲ့ Pixel 2 XL တို့ကို တရား၀င်မိတ်ဆက်ပေးမှသာ အတိအကျသိရှိနိုင်မှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Google Android Pixel Android Smartphones Google Products Google Smartphones Google Pixel 2 Pixel 2
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed