Google Pixel XL 2 မှာ ဘေးဘောင်ကျဉ်းမြောင်းပြီး၊ ပိုမိုကျယ်ပြန့်တဲ့မျက်နှာပြင်နဲ့အတူ ညှစ်လို့ရတဲ့ Frame ပါဝင်လာဖွယ်ရှိ

date_range 12 July 2017

Google Pixel XL 2 မှာ ဘေးဘောင်ကျဉ်းမြောင်းပြီး၊ ပိုမိုကျယ်ပြန့်တဲ့မျက်နှာပြင်နဲ့အတူ ညှစ်လို့ရတဲ့ Frame ပါဝင်လာဖွယ်ရှိ

visibility 640 Views

                Google မှ ဦးဆောင်ထုတ်လုပ်မယ့် Google Pixel 2 အတွက် Specification တွေပေါက်ကြား ခဲ့ပြီးတဲ့နောက် အခုအခါ Google Pixel XL 2 ရဲ့ ဒီဇိုင်းပုံစံကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အရင်ဆောင်းပါးမှာဖော်ပြခဲ့တဲ့ Codename “Taimen” ဟာ ဒီ Google Pixel XL 2 ဖြစ်လောက်မယ်လို့လည်းသိရှိရပါတယ်။ 

                တခြား Codename တွေဖြစ်တဲ့ “Walleye” နဲ့ “Muskie” ဟာ ပြုလုပ်နေဆဲဖြစ်ပြီး ဘယ် Codename က Google Pixel 2 ဖြစ်လာမလဲဆိုတာကို အတိအကျမသိရှိရသေးပါဘူး။ အရင်ကြားသိခဲ့ရတဲ့ သတင်းတစ်ခုအရ Google Pixel 2 XL ကို HTC (Pixel နဲ့ Pixel XL ကိုထုတ်လုပ်ပေးခဲ့တဲ့ကုမ္ပဏီ) အစား LG မှထုတ်လုပ်ပေးမယ် လို့လည်းသိရှိရပါသေးတယ်။

                LG မှထုတ်လုပ်ပေးမယ်ဆိုတဲ့အချက်တွေဟာလည်း သိသာထင်ရှားပါတယ်။ LG မှ OLED Panel ကိုအသုံးပြုမှာဖြစ်ပြီး 18:9 Aspect Ratio နဲ့အတူ LG G6 အတိုင်း ဖုန်းရဲ့ထောင့်လေးတွေဟာ ကွေးကောက်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် OLED Panel ကတော့ ကွေးကောက်မှုမရှိပေမဲ့ ဖန်သားပြင်ကိုတော့ အနည်းငယ်ကွေးနေတဲ့ပုံစံထည့်သွင်းပေးထားမှာဖြစ်ပြီး မျက်နှာပြင်အကျယ်အ၀န်း ၆ လက်မရှိမယ်လို့ဆိုပါတယ်။

                ထုတ်လုပ်ပေးမယ့်နည်းပညာကုမ္ပဏီသာ ပြောင်းလဲသွားပေမယ့်လည်း LG ဟာ Pixel XL 2 မှာ ညှစ်လို့ရတဲ့ ဘေးဘောင်တွေကို ထည့်သွင်းပေးထားမယ်လို့ဆိုပါတယ်။ ဒီလိုထည့်သွင်းပေးထားပေမယ့်လည်း HTC U11 က ညှစ်လို့ရတဲ့ဘေးဘောင်ပုံစံမျိုးမဟုတ်ဘူးလို့လည်း သိရှိရပါတယ်။ ဖုန်းရဲ့ဘေးဘောင်တွေဟာလည်း ကျဉ်းမြောင်းသွားမှာဖြစ်ပြီး LG G6 ကအတိုင်း FullVision Display လိုမျိုးဖြစ်လာမလားဆိုတာတော့ အတိအကျမသိရှိရသေးပါဘူး။

                Google Pixel 2 နဲ့ Pixel XL 2 တို့ကို မနှစ်ကအတိုင်း သြဂုတ်/အောက်တိုဘာလ လောက်မှာမိတ်ဆက်ပေးမှာဖြစ်လို့ Google Pixel ကြိုက်နှစ်သက်သူများအတွက် နှစ်လကျော်လောက် စောင့်ဆိုင်းရဦးမှာဖြစ်ပါတယ်။ 

References
Android Central
About Author
Assinged Tags
Google Android LG Smartphone Leaks Android Smartphones HTC Android Phone Google Pixel Google Pixel XL Google Pixel XL 2
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed