ကျေးရွာပေါင်း တစ်သိန်းခွဲခန့်ကို အင်တာနက်ပေးနိုင်ရန် အိန္ဒိယအစိုးရ စီစဉ်

date_range 06 February 2017

ကျေးရွာပေါင်း တစ်သိန်းခွဲခန့်ကို အင်တာနက်ပေးနိုင်ရန် အိန္ဒိယအစိုးရ စီစဉ်

visibility 120 Views

               အိန္ဒိယနိုင်ငံလူဦးရေ ၁.၄ ဘီလီယံခန့်မှာ အင်တာနက်အသုံးပြုနိုင်တဲ့ လူဦးရေက သန်း ၄၀၀ ခန့်သာရှိသေးတာကြောင့် ကျန်ပြည်သူအားလုံးကိုလည်း အင်တာနက်အသုံးပြုနိုင်အောင် ဝန်ကြီးချုပ် Modi အစိုးရက ဆက်လက်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

                ဝန်ကြီးချုပ် Modi ဟာ ရွာပေါင်း ၁၅ သိန်းကျော်ကို စျေးနှုန်းချိုသာတဲ့ မြန့်နှုန်းမြင့်အင်တာနက်လိုင်း တပ်ဆင်ပေးရန်စီစဉ်နေကြောင်း ဘဏ္ဏာရေးဝန်ကြီး Arun Jaitle က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ Mashble India သတင်းဌာနကိုပြောကြားခဲ့ပါတယ်။

                အဆိုပါပရောဂျက်အတွက်ဒေါ်လာ ၁.၄ ဘီလီယံနဲ့ညီမျှမယ့် ရူပီး ၁၀၀ ဘီလီယံခန့် အသုံးပြုသွားမှာဖြစ်ပြီး လူတစ်ဦးပျှမ်းမျှလစာ ၄ ဒေါ်လာခန့်သာရှိတဲ့ အိန္ဒိယပြည်သူအားလုံးအသုံးပြုနိုင်မယ့် အင်တာနက်နှုန်းထားမျိုး ဖြစ်တယ်လို့ Arun Jaitle က ဆိုပါတယ်။

                လွန်ခဲ့တဲ့ရက်အနည်းငယ်ကလဲ အိန္ဒိယအစိုးရဟာ နိုင်ငံတစ်ဝှမ်းကရွာပေါင်း ၁၀၀ ခန့်ကို အခမဲ့ Wi-Fi အင်တာနက် ချိတ်ဆက်ပေးဖို့အတွက် Digital Village ဆိုတဲ့အစီအစဥ်တစ်ခုချမှတ်ခဲ့ပြီး၊ နောက်ခြောက်လအတွင်းမှာ အပြီးသတ်အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

                တစ်နိုင်ငံလုံး အင်တာနက်အသုံးပြုနိုင်အောင် ကြိုးစားလျက်ရှိတဲ့ အိန္ဒိယအစိုးရရဲ့အစီအစဉ်မှာ ပြည်ပနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google၊ Facebook နဲ့ Microsoft တို့ကလည်း ကူညီပေးလျက်ရှိပါတယ်။ 

References
Cnet Mashable
About Author
Assinged Tags
Internet India Google Microsoft Facebook
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed