Google Pixel XL 2 ကို LG မှ ထုတ်လုပ်မည်

date_range 14 June 2017

Google Pixel XL 2 ကို LG မှ ထုတ်လုပ်မည်

visibility 1080 Views

                မနှစ်က Google Pixel နဲ့ Pixel XL ဖုန်းတွေကို HTC Company ကနေ ထုတ်လုပ်ပေးခဲ့ပြီး ဒီနှစ်အတွက် Pixel ဖုန်းအသစ်တွေကိုပါ ထုတ်လုပ်နေတယ်လို့ ကျွန်တော်တို့ ထင်ထားပေမယ့် ဒါက တဝက်ပဲမှန်တော့မှာပါ။ ဘာလို့လဲဆိုရင် Google Pixel 2 ဖုန်းကို HTC ကနေ ထုတ်လုပ်နေပေမယ့် Google Pixel XL 2 ကိုတော့ LG ကနေ ထုတ်လုပ်မှာဖြစ်လို့ပါ။

                အဆိုပါ သတင်းကို Android Issue Tracker အတွင်းမှာက Bug Report ကြောင့် သိရှိခဲ့ခြင်းဖြစ်ပြီး LG မှဝန်ထမ်းတစ်ဦးက USB Power Delivery မှာ Bug entry လမ်းကြောင်းတစ်ခုဝင်ရောက်နေတာတာကို Report ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Google အသုံးပြုသူတစ်ဦးကနေ bug ကို ပိတ်ပြီး Android > Partner > External > LGE > Taimen > Power အောက်ကို ရွှေ့ဖို့ပြောကြားခဲ့တာဖြစ်ပါတယ်။

                Teimen ဆိုတာက ဒီနှစ်မှာထုတ်လုပ်မယ့် Google Pixel 2 ဖုန်းတွေထဲက Pixel XL ထက်ကြီးတဲ့ ဖုန်းဖြစ်လာမယ့် Pixel XL 2 ရဲ့ Codename ပါ။ ဒီနှစ်မှာ ပုံမှန် Google Pixel ဖုန်းလိုပဲ Screen အသေးဆုံးဖြစ်မယ့် Walleye ဖုန်း၊ Google Pixel XL ရဲ့ Generation သစ်ဖြစ်လာမယ့် Muskie ဖုန်းကတော့ လတ်တလောသတင်းများအရ မထုတ်လုပ်တော့ပဲ Teimen နဲ့ Walleye ကိုပဲ Google Pixel 2 ဖုန်း ၂ လုံးအနေနဲ့ ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ 

                Teimen အမည်ရှိတဲ့ Google Pixel XL 2 ဖုန်းကို LG က ထုတ်လုပ်နေတယ်ဆိုတာကို Android Police ရဲ့ Editor ဖြစ်သူ David Ruddock ကို အမည်မဖော်ပြထားတဲ့ Sources တွေကလည်း အတည်ပြုပြောကြားခဲ့တယ်လို့ သိရပါတယ်။ 

                ဒီအတိုင်းဆိုရင် စိတ်ဝင်စားဖို့ကောင်းလာပြီး HTC ကနေ Walleye ဖုန်း၊ LG ကနေ Taimen ကို ထုတ်လုပ်ပေးနေတယ်ဆိုရင် Google Pixel 2 ဖုန်းတွေဟာ ယခင် Nexus 5X နဲ့ Nexus 6P ဖုန်းတွေလိုပဲ မတူညီတဲ့ Design နဲ့ ထွက်လာမလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာပါ။

References
GSM Arena
About Author
Assinged Tags
Google Pixel Smartphones LG HTC Google Pixel 2 Google Pixel XL 2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed