Google Pixel 2 ကို အောက်တိုဘာလ ၄ ရက်နေ့မှာ တွေ့မြင်ရနိုင်ဖွယ်ရှိ

date_range 14 September 2017

Google Pixel 2 ကို အောက်တိုဘာလ ၄ ရက်နေ့မှာ တွေ့မြင်ရနိုင်ဖွယ်ရှိ

visibility 340 Views

                Google အနေနဲ့ Pixel Flagship Series အတွက် အသစ်ထုတ်လုပ်မယ့် Google Pixel 2 နဲ့ Pixel XL 2 တို့ကို အောက်တိုဘာလ ၄ ရက်နေ့မှာ မိတ်ဆက်ပေးသွားဖို့ရှိတယ်လို့သိရှိရပါတယ်။ ဘာလို့လဲဆိုတော့ Boston မြို့မှာ တင်ထားခဲ့တဲ့ Billboard အရ “Ask more of your phone” ဆိုတဲ့ဆောင်ပုဒ်နဲ့အတူ Google Logo နဲ့ Oct 4 ဆိုပြီးရေးထားတာကြောင့်ဖြစ်ပါတယ်။

                လွန်ခဲ့တဲ့နှစ်တုန်းကလည်း Google ကနေ Pixel နဲ့ Pixel XL တို့ကို အောက်တိုဘာလမှာပဲ မိတ်ဆက်ပေးခဲ့ပါတယ်။ လက်ရှိသိရှိထားချက်တွေအရ Google Pixel 2 မှာ Snapdragon Processor အသစ်ကိုအသုံးပြုမှာမဟုတ်ဘဲ၊ Snapdragon 835 ကိုပဲ အသုံးပြုမှာဖြစ်ပါတယ်။ 

                ယခင်နှစ်တုန်းကတော့ Google Pixel နဲ့ Pixel XL တို့ကို HTC ကနေ ထုတ်လုပ်ပေးခဲ့ပေမယ့်၊ အခုချိန်မှာတော့ Google Pixel 2 ကို HTC ကနေ တာ၀န်ယူထုတ်လုပ်ပေးပြီး၊ Pixel XL 2 ကိုတော့ LG ကနေထုတ်လုပ်ပေးမယ် လို့လည်း ကောလာဟလတွေ ထွက်ရှိထားပါတယ်။

                Google Pixel 2 အတွက် Specification ပေါက်ကြားချက်တွေအရ RAM အနေနဲ့ 4GB ပါ၀င်လာပြီး၊ Internal Storage ကိုတော့ 128GB နဲ့ စတင်မိတ်ဆက်ပေးလောက်တယ်လို့ အကြမ်းဖျင်းသိရှိထားရပါတယ်။ ဒါ့အပြင် Pixel XL 2 မှာ ဘေးဘောင်ကျဉ်းမြောင်ပြီး၊ ပိုမိုကျယ်ပြန့်တဲ့မျက်နှာပြင် လည်းပါ၀င်လာမှာဖြစ်ပါပြီး၊ Pixel 2 နဲ့ Pixel XL 2 ဖုန်းနှစ်လုံးစလုံးမှာတော့ HTC U11 လိုမျိုး ညှစ်လို့ရတဲ့ဘေးဘောင်လည်း ပါ၀င်လာမှာဖြစ်တယ်လို့ သိရှိထားပါတယ်။

                ကျွန်တော်တို့အနေနဲ့လည်း Google ရဲ့ “Ask more of your phone” ဆိုတာ ဘာကိုဆိုလိုမှန်းအခုထိအတိအကျ မသိရှိရသေးပါဘူး။ Google Pixel 2 နဲ့ Pixel XL 2 တို့မှာ ပါ၀င်လာမယ့် Google Assistant ရဲ့အသုံး၀င်ပုံတွေကိုညွှန်းတာလား၊ ဒါမှမဟုတ် ညှစ်လို့ရတဲ့ဘေးဘောင်နဲ့အတူ အခြား Gestures တွေနဲ့ ဖုန်းကိုပိုမိုအသုံးချနိုင်တာကို ရည်ရွယ်တာလား အားလုံးဇဝေဇဝါပါပဲ။

                Apple ကနေ iPhone 8 နဲ့ iPhone X တို့ကိုမိတ်ဆက်ပြီးတဲ့နောက်မှာတော့ Google ဟာ Apple Products တွေကိုယှဉ်ပြိုင်နိုင်ဖို့အတွက် အခုအသစ်ထွက်ရှိလာမယ့် Pixel 2 နဲ့ Pixel XL 2 တို့မှာ ဘာနည်းပညာ ထူးထူးခြားခြားတွေထည့်သွင်းပေးထားမလဲဆိုတာကိုတော့ အောက်တိုဘာလ ၄ ရက်နေ့ကျ တရား၀င်မိတ်ဆက်ပေးတဲ့အခါ တွေ့မြင်နိုင်တော့မှာဖြစ်ပါတယ်။

References
Android Central
About Author
Assinged Tags
Google Android Android Smartphones Google Pixel Google Pixel 2 Google Pixel XL 2 Pixel 2 Google Pixel XL 2
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed