Always Listening Music, Portrait Mode နဲ့ Dual Speakers တို့ပါ၀င်လာဖွယ်ရှိတဲ့ Google Pixel 2/Pixel XL 2

date_range 28 September 2017

Always Listening Music, Portrait Mode နဲ့ Dual Speakers တို့ပါ၀င်လာဖွယ်ရှိတဲ့ Google Pixel 2/Pixel XL 2

visibility 1640 Views

                Google ကနေ အောက်တိုဘာလ ၄ ရက်နေ့ မှာ တရား၀င်မိတ်ဆက်ပေးတော့မယ့် Google Pixel 2 နဲ့ Google Pixel 2 တို့အတွက် သတင်းတွေအတော်များများပေါက်ကြားခဲ့ပြီးဖြစ်ပါတယ်။ Pixel 2 ကို HTC ကနေထုတ်လုပ်ပေးပြီး Pixel XL 2 ကိုတော့ LG ကနေထုတ်လုပ်ပေးမယ်ဆိုတဲ့အကြောင်း၊ ဘေးဘောင်ကျဉ်းမြောင်းပြီး ညှစ်လို့ရတဲ့ Frame ပါ၀င်လာဖွယ်ရှိတယ် ဆိုတဲ့အကြောင်းနဲ့ Google Pixel 2 အပါအ၀င် မကြာမီမိတ်ဆက်မယ့် Product ငါးခုရဲ့ ဓာတ်ပုံနဲ့ စျေးနှုန်း စ တဲ့ ကောလာဟလတွေလည်း Internet ပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။

                အခုဆက်လက်သိရှိထားတာကတော့ Google Pixel 2 နဲ့ Pixel XL 2 တို့အတွက် စမတ်ဖုန်းရဲ့ အပေါ်ဘက်နဲ့ အောက်နားမှာ Stereo Speakers နှစ်ခုထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ ဒီသတင်းနဲ့အတူ စိတ်မကောင်းစရာတစ်ခုကတော့ Google Pixel 2 နဲ့ Pixel XL 2 တို့မှာ 3.5mm Headphone Jack ပါ၀င်လာမှာမဟုတ်ဘူးလို့ သိရှိရပါတယ်။ 

                ဆက်လက်ပြီးတော့ Google Pixel 2 နဲ့ Pixel XL 2 တို့မှာ Always Listening Music Feature အသစ်ပါ၀င်လာမှာဖြစ်ပါတယ်။ ဒီ Feature ဟာ တကယ်တမ်းတော့ Background Activity တစ်ခုပဲဖြစ်ပြီး၊ မိမိရဲ့အနီးအနားမှာ ဘာသီချင်းတွေနားထောင်နေကြလဲဆိုတာကို ပြသပေးမှာဖြစ်ပါတယ်။ တကယ်လို့ Privacy ထိခိုက်မှာ ကြောက်တယ်ဆိုရင်လည်း ဒီ Feature ကို Settings မှာ ပိတ်ပစ်လိုက်လို့ရပါတယ်။ 

                ဒ့ါအပြင် Google Pixel 2 နဲ့ Pixel XL 2 တို့ရဲ့ Camera မှာ Portrait Mode ပါ၀င်လာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပေါက်ကြားထားတဲ့ ဓာတ်ပုံတွေအရ Dual Camera Setup တော့ပါ၀င်လာမှာမဟုတ်ပါဘူး။ Dual Camera အသုံးမပြုထားပေမယ့်လည်း Google Pixel တုန်းက Camera အရည်အသွေးကောင်းမွန်ခဲ့တာမို့ အခု အသစ်ထွက်ရှိလာမယ့် Google Pixel 2 နဲ့ Pixel XL 2 တို့အတွက် Camera ပိုင်းကိုတော့ ကောင်းမွန်မယ်လို့ အကြမ်းဖျင်းယူဆလို့ရပါတယ်။

                အသစ်ပါ၀င်လာမယ့် Portrait Mode ဟာ iPhone 7 Plus က Feature နဲ့ဆင်တူတယ်လို့လည်း သိရှိထားပါသေးတယ်။ ဘယ်လို Feature အသစ်တွေကို Portrait Mode နဲ့အတူ တွဲပြီးမြင်တွေ့ရမယ်ဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ 

                Google ဟာ Pixel Series အတွက် အထူးကောင်းမွန်တဲ့ Flagship စမတ်ဖုန်းတွေ ထွက်ရှိလာအောင် ကြိုးစားနေပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်ကလည်း Google အနေနဲ့ HTC ရဲ့ Pixel Team ကို ဝယ်ယူခဲ့ပြီး Pixel စမတ်ဖုန်းတွေကို ကိုယ်ပိုင်ထုတ်လုပ်နိုင်ဖို့ ခြေလှမ်းကို စတင်ခဲ့တာကို သိရှိခဲ့ရပြီးဖြစ်မှာပါ။  

                Google အနေနဲ့ Pixel 2 နဲ့ Pixel XL 2 တို့မှာ အခြား OEM တွေရဲ့ Flagship စမတ်ဖုန်းတွေထက် ဘယ်လိုကောင်းမွန်အောင်ပြုလုပ်ပေးထားတယ်ဆိုတာကို အောက်တိုဘာလ ၄ ရက်နေ့မှာ တရား၀င်မိတ်ဆက်ပေးလာတဲ့အခါကျ ဆက်လက်တင်ပြပေးသွားပါမယ်။

References
Gadgets 360
About Author
Assinged Tags
Google Android Smartphones Google Pixel Google Pixel XL Google Pixel 2 Google Pixel XL 2 Pixel 2 Always Listening Music Dual Stereo Speakers Portrait Mode
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed