iPhone 8 နဲ့ iPhone 8 Plus ကို မိတ်ဆက်လိုက်တဲ့ Apple

date_range 13 September 2017

iPhone 8 နဲ့ iPhone 8 Plus ကို မိတ်ဆက်လိုက်တဲ့ Apple

visibility 16760 Views

                Apple အနေနဲ့ ဒီနေ့ကျင်းပခဲ့တဲ့ Apple September Event မှာ Apple Fan တွေမျှော်လင့်နေတဲ့ iPhone 8 နဲ့ iPhone 8 Plus တို့ကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။ ခန့်မှန်းထားတဲ့အတိုင်းပဲ နာမည်ကအစ ဒီဇိုင်းအဆုံး iPhone 8 နဲ့ iPhone 8 Plus က တထေရာထဲ ကွတ်တိထွက်ရှိလာတာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ Mobile Finder ကနေပြီးတော့လည်း iPhone 8 Specs နဲ့ 8 Plus Specs တို့ကို ကြည့်ရှုနိုင်ပါတယ်။ Mobile Compare နဲ့လည်း Specifications တွေနှိုင်းယှဉ်နိုင်ပါတယ်။


                အပြင်ပန်းဒီဇိုင်းပိုင်းမှာဆိုရင် ဘာမှပြောင်းလဲသွားတာ မရှိပါဘူး။ Glass and Aluminum ဒီဇိုင်းဖြစ်သွားပြီး ဖုန်းရဲ့ကျောဘက်ခြမ်းကတော့ အရင်ကလိုမဟုတ်တော့ပဲ Glass ဖြစ်သွားပါပြီ။ Apple အနေနဲ့ ကျောဘက်က Glass က ဘယ်လောက်မာတဲ့ အကြောင်းကိုလည်း အသေချာကြီး ပြောပြသွားပါတယ်။ နောက်ပြီး iPhone 8 နဲ့ 8 Plus ဟာ ဖုန်ဝင်ခံ၊ ရေစိုခံနိုင်မှာဖြစ်ပြီး IP67 ပါ။


                နောက်ထပ်ပြီးတော့ ဒီဇိုင်းကြောင့်ပဲ ထက်ပြီးပါဝင်လာတဲ့ Feature အသစ်ကတော့ Wireless Charging ပဲ ဖြစ်ပါတယ်။ ဖုန်းရဲ့ကျောဘက်က Glass ကြောင့်ပဲ Wireless Charging ဟာ ပိုပြီးအဆင်ပြေသွားတယ်လို့ Apple က ဆိုပါတယ်။

                နောက်ပြီးတော့ Apple Fan တွေ ကြိုက်နှစ်သက်မယ့် တစ်ချက်တော့ Fast Charging လုပ်နိုင်တာပါပဲ။ နာရီဝက်အတွင်း 50% ထိအောင် Charging လုပ်နိုင်တယ်လို့တော့ Apple က ဆိုထားပါတယ်။ Fast Charging နဲ့ Wireless Charging လုပ်လို့ရတယ်ဆိုပေမယ့် Battery Life ကတော့ iPhone 7 နဲ့ 7 Plus လောက်ပဲ ခံမှာဖြစ်ပါတယ်။

                အရောင်ပိုင်းမှာကတော့ Rose Gold, Jet Black, Black စတဲ့ အရောင်တွေနဲ့ မရတော့ပါဘူး။ ထူးထူးခြားခြား iPhone 8 နဲ့ iPhone 8 Plus ဟာ Silver, Gold, Space Grey စတဲ့ အရောင်သုံးမျိုးနဲ့ပဲ ဝယ်ယူလို့ရတော့မှာဆိုတော့ Rose Gold နဲ့ Jet Black ပရိတ်သတ်တွေကတော့ Gold နဲ့ Space Grey ကိုပဲ ရွေးချယ်ရတော့မှာပါ။

                Display ကတော့ Retina HD Display ဖြစ်ပြီး Resolution အနေနဲ့ iPhone 8 က 1334x750 px ရှိပြီး၊ iPhone 8 Plus က 1920x1080 px ရှိမှာပါ။ Display Size ကတော့ ပြောင်းလဲသွားခြင်း မရှိပါဘူး။ iPhone 7 နဲ့ 7 Plus လိုပဲ iPhone 8 က 4.7in ရှိမှာဖြစ်ပြီး၊ iPhone 8 Plus ကတော့ 5.5in ရှိမှာ ဖြစ်ပါတယ်။


                CPU ကတော့ Apple ရဲ့ A11 Bionic Chip ကို အသုံးပြုထားပါတယ်။ အခု Chip မှာဆိုရင် Machine Learning, AI, AR စတာတွေအတွက် Neural Engine လို့ခေါ်တဲ့ Coprocessor လေးအပြင်၊ M11 Motion Coprocessor လည်း ပါဝင်ပါတယ်။ ထုံးစံအတိုင်း iPhone 7 နဲ့ 7 Plus ထက်တော့ Processing ပိုင်းက ပိုပြီးမြန်ဆန်မှာ ဖြစ်ပါတယ်။


                Camera ပိုင်းမှာလည်း ထူးခြားသွားပါတယ်။ iPhone 8 က Lens နဲ့ 8 Plus က Lens တွေနှစ်ခုစလုံးမှာ Optical Image Stabilization ပါဝင်လာပြီ ဖြစ်ပါတယ်။ လက်တုန်တတ်တဲ့ သူတွေအတွက်ကတော့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို အေးဆေးရိုက်လို့ ရသွားပါပြီ။

                ဗီဒီယိုတွေရိုက်မယ်ဆိုရင်လည်း 4K Video ကို 24fps, 30fps, 60fps တို့နဲ့ ရိုက်ကူးနိုင်ပြီး 1080p HD Video ကို 30fps, 60fps တို့နဲ့ ရိုက်ကူးနိုင်မှာပါ။ Slo-mo Video တွေအတွက်လည်း 1080p မှာဆိုရင် 120fps ဒါမှမဟုတ် 240fps တို့ကို Support ပေးလိုက်ပြီ ဖြစ်ပါတယ်။

                Portrait Mode ရိုက်ရတာနှစ်သက်သူတွေကတော့ Portrait Lighting ဆိုတဲ့ Features သစ်လေးကို ကြိုက်နှစ်သက်ကြမှာပါ။ Demo ပြသွားတာကတော့ တော်တော်လေး မိုက်ပါတယ်။ Machine Learning ရဲ့ အကူအညီနဲ့ ရိုက်လိုက်တဲ့ Portrait ပုံထဲက ခန္ဓာကိုယ်နဲ့ မျက်နှာကိုပဲယူလိုက်ပြီးတော့ မိမိကြိုက်တဲ့ Lighting ကို ပြောင်းလဲယူလို့ ရနိုင်မှာ ဖြစ်ပါတယ်။ ပြောင်းလဲလို့နိုင်တဲ့ Lighting Mode လေးတွေကိုလည်း အောက်မှာတစ်ခုခြင်း ကြည့်ရှုနိုင်ပါတယ်။


                နောက်ပြီးတော့ Apple အကြာကြီး ပြောသွားတာတစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ AR ပါ။ CEO Tim Cook အနေနဲ့ AR နည်းပညာကို အရမ်းစိတ်ဝင်စားခဲ့ပြီး အရမ်းလည်း ဦးစားပေးခဲ့ပါတယ်။ ဒါကြောင့် မို့လို့လည်း ARKit နဲ့တီထွင်ထားတဲ့ Game တွေ၊ App တွေဟာ iPhone 8 နဲ့ 8 Plus မှာ ဘယ်လိုစွမ်းဆောင်နိုင်သလဲ ဆိုတာကို အကြာကြီး ပြောခဲ့ပါတယ်။

                Game တစ်ခုကိုလည်း စမ်းသပ်ဆော့ပြခဲ့သလို Animoji လေးတွေကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Animoji လေးတွေကို AR နည်းပညာအကူအညီနဲ့ မိမိရဲ့ Facil Expression ကိုပါ Animation လေးနဲ့ ပြသနိုင်ပါ ဖြစ်ပါတယ်။ Animoji လေးတွေကို အခုလောလောဆယ်ကတော့ iMessage မှာပဲ အသုံးပြုလို့ရဦးမှာ ဖြစ်ပါတယ်။


                Storage ပိုင်းမှာလည်း Base Modal က 64GB ကစမှာ ဖြစ်ပါတယ်။ အရင်လို 32GB ကစတာ မဟုတ်တော့တဲ့ အတွက် Data တွေအရင်ကထက် ပိုပြီးသိမ်းဆည်းထားနိုင်တော့မှာပါ။ iPhone 8 နဲ့ 8 Plus ကို 64GB Model နဲ့ 256GB Model နှစ်မျိုးခွဲထားပါတယ်။

                ဈေးနှုန်းတွေအနေနဲ့ iPhone 8 က ကန်ဒေါ်လာ ၆၉၉ ကျသင့်မှာဖြစ်ပြီး iPhone 8 Plus ကတော့ ကန်ဒေါ်လာ ၇၉၉ ကျသင့်မှာ ဖြစ်ပါတယ်။ ဝယ်ယူချင်တယ်ဆိုရင်တော့ စက်တင်ဘာ ၁၅ ရက်နေ့မှာ Pre-Order စတင် လုပ်ထားနိုင်ပြီး ၂၂ ရက်ကျရင်တော့ Available ဖြစ်မှာ ဖြစ်ပါတယ်။


References
Apple Newsroom
About Author
Assinged Tags
iPhone iPhone 8 related news Fast Charging related Wireless Charging Apple
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed