Edge Sense, Snapdragon 835 SoC တို့နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ HTC U 11

date_range 17 May 2017

Edge Sense, Snapdragon 835 SoC တို့နဲ့ တရားဝင်ထွက်ရှိလာပြီဖြစ်တဲ့ HTC U 11

visibility 3650 Views

                HTC ရဲ့ Flagship ဖုန်းအသစ်ဖြစ်တဲ့ U 11 ဟာ ကျနော်တို့အားလုံး ခန့်မှန်းထားတဲ့အတိုင်းပဲ Edge Sense, Snapdragon 835 SoC တို့နဲ့ ထွက်ရှိလာပြီဖြစ်ပါတယ်။

                ဒီကနေ့ပဲ ထိုင်ဝမ်မှာ ပြုလုပ်ခဲ့တဲ့ မိတ်ဆက်ပွဲမှာ HTC U 11 ကို ပြသခဲ့တာဖြစ်ပြီး၊ ငွေရောင်၊ အပြာရောင်၊ အနက်ရောင်နဲ့ အဖြူရောင်ဆိုပြီး အရောင်လေးမျိုး ဝယ်ယူရရှိနိုင်မှာပါ။ Solar Red ဆိုတဲ့ အနီရောင်ကိုတော့ နောက်မှ ထပ်ထုတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်HTC U 11 ကို  ဒီလထဲမှာပဲ တစ်ကမ္ဘာလုံး စတင်ရောင်းချသွားမှာဖြစ်တယ်ဆိုတော့ သိပ်မကြာခင်ပဲ တစ်ချို့စျေးကွက်တွေကို ရောက်ရှိလာတော့မှာပါ။ စျေးနှုန်းကတော့ ၇၄၉ ဒေါ်လာဖြစ်ပြီး၊ Pre-Order ကြိုတင်မှာယူနိုင်ပါပြီ။

                HTC U 11 မှာ အားလုံးစိတ်ဝင်စားတဲ့ Feature ကတော့ ဖုန်းဘေးဘက်ကို ဖိညှစ်ပြီး ကြိုက်နှစ်သက်ရာ App တွေကို Launch လုပ်နိုင်တဲ့ Edge Sense ပါ။ သာမန်ဖုန်းဘေးဘောင်တွေအတိုင်းဖြစ်ပေမယ့်၊ ဖိအားသိဆန်ဆာ ပါဝင်တာကြောင့် User ရဲ့ ဖိညှစ်ပုံအလိုက် ကြိုတင်သတ်မှတ်ပေးထားတဲ့ App တွေကို ဖွင့်ပေးနိုင်ပါတယ်။တစ်ချက်တည်းညှစ်လို့ရသလို၊ နည်းနည်းကြာကြာညှစ်ပြီးလည်း နှစ်မျိုး အသုံးပြုနိုင်ပါတယ်။ ထူးထူးခြားခြား ဆန်းသစ်တဲ့ Feature ကြီးတော့ မဟုတ်ပေမယ့်၊ HTC ပရိတ်သတ်တွေ အကြိုက်တွေ့မှာပါ။ ဖုန်းကို ကာဗာအကြည်တပ်ထားရင်တောင် ဒီ Feature ကို အသုံးပြုနိုင်သေးတယ်လို့ HTC က ဆိုပါတယ်။

                HTC U 11 မှာ Glass နဲ့ Metal ရောစပ်ထားတဲ့ကိုယ်ထည်ကို အသုံးပြုထားပြီး၊ ဖုန်းရဲ့အရောင်အသွေးက တော်တော်စိုပြေတာကို တွေ့ရပါတယ်။ နောက်ဆုံးပေါ် Snapdragon 835 SoC,, ၅.၅ လက်မအကျယ် Quad HD ( 1440x2560 pixels) Super LCD Display, Corning Gorilla Glass 5 တို့ကို အသုံးပြုထားပြီး၊ 4GB RAM/64GB မော်ဒယ်နဲ့ 6GB RAM/ 128GB Storage မော်ဒယ်ဆိုပြီး နှစ်မျိုးထွက်ရှိမှာပါ။ Android 7.1 အခြေခံ HTC ရဲ့ Sense skin နဲ့ ဖြစ်ပြီး၊ Dual-SIM အသုံးပြုနိုင်ပါတယ်။

                ကျောကင်မရာက 12-megapixel ကျောကင်မရာ (တစ်လုံး) ဖြစ်ပြီး၊ f/1.7 Aperture၊ Dual-LED Flash တို့နဲ ဖြစ်ပါတယ်။ Slow-motion နဲ့ 4K Video တွေကိုလည်း ကျောကင်မရာနဲ့ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာကတော့ 16-megapixel ဖြစ်သွားပြီး၊ ရှေ့ကင်မရာမှာ Live Make-up, Auto Selfie, HDR Boost နဲ့ Selfie Panorama တို့ ပါဝင်တယ်လို့ သိရပါတယ်။

                ဒီဖုန်းရဲ့ နောက်ထပ်ထူးခြားချက်ကတော့ iPhone 7 တို့ Xiaomi Mi 6 တို့လိုပဲ 3.5mm Headphone Jack မပါဝင်တာပါ။ ရိုးရိုးနားကြပ်ပေါက်အစား USB Type-C မှာပဲ နားကြပ်အသုံးပြုရမှာပေါ့။ ဒီ့အပြင် AI Assistant နှစ်ခုတောင် ပါဝင်လာပြီး၊ Google Assistant ကော Amazon Alexa ပါ အသုံးပြုနိုင်မှာပါ။ ဒါပေမယ့် Alexa ကတော့ ဖုန်းရောင်းချတဲ့နိုင်ငံအပေါ်မူတည်ပြီး ရ,မရ ကွာပါလိမ့်မယ်။ ကျနော်တို့နိုင်ငံမှာဆို Alexa အသုံးပြုနိုင်ဖွယ်မရှိပါဘူး။

                HTC U 11 ဟာ IP67 Rating ရထားတဲ့ ရေစိုခံစမတ်ဖုန်းဖြစ်ပြီး၊ ရေထဲမှာလည်း ဖုန်းဘေးဘက်ကို ညှစ်ပြီးအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

References
The Verge Gadgets NDTC
About Author
Assinged Tags
Smartphones HTC HTC U
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed