Google Pixel 2 မှာ Snapdragon Processor အသစ်ကို အသုံးပြုမှာမဟုတ်

date_range 08 September 2017

Google Pixel 2 မှာ Snapdragon Processor အသစ်ကို အသုံးပြုမှာမဟုတ်

visibility 240 Views

                Google က မကြာခင် ထုတ်လုပ်တော့မယ့် Google Pixel 2 ဖုန်းမှာ  Qualcomm Snapdragon Processor အသစ်ဖြစ်တဲ့ Snapdragon 836 ကို ပြောင်းလဲအသုံးပြုလာမယ်လို့ အစောပိုင်းက သတင်းထွက်ခဲ့ပါတယ်။ 

                ဒါပေမယ့် အခုအချိန်မှာတော့ အဆိုပါသတင်းတွေဟာ မမှန်ကန်တော့ပဲ Google Pixel 2 နဲ့ Google Pixel 2 XL ဖုန်းတွေမှာ ထွက်ရှိပြီးသား Qualcomm Snapdragon 835 ကိုပဲ အသုံးပြုလာတော့မယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် Snapdragon 836 Processor ဟာ ကောလဟာလတစ်ခုသာဖြစ်ပြီး အမှန်တကယ်မထုတ်လုပ်ထားတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။


                Qualcomm Snapdragon 836 Processor ကို လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကြေငြာသွားမယ့် Xiaomi Mi Mix 2 Smartphone မှာလည်း ပါဝင်လာမယ်လို့ သတင်းထွက်နေပေမယ့် အခုသတင်းသာ အမှန်ဆိုရင် Xiaomi Mi Mix 2 မှာလည်း Snapdragon 835 Processor ပဲအသုံးပြုလာတော့မယ့်သဘောရှိပါတယ်။

                Qualcomm Snapdragon 836 Processor ကောလာဟလသတင်းတွေမှာလည်း Snapdragon 836 ဟာ Snapdragon 835 နဲ့ Performance အများကြီးကွာခြားမှုရှိမှာမဟုတ်ဘဲ၊ မနှစ်က Snapdragon 820 နဲ့ Snapdragon 821 လိုမျိုးပဲဖြစ်လာမယ်လို့ သိခဲ့ရပါတယ်။

References
GSM Arena
About Author
Assinged Tags
Google Qualcomm Snapdragon Snapdragon 835 Pixel 2 Google Pixel XL 2
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed