OnePlus 5 အတွက် Android Oreo Update ထွက်လာတော့မှာလား

date_range 03 October 2017

OnePlus 5 အတွက် Android Oreo Update ထွက်လာတော့မှာလား

visibility 600 Views

                တရုတ်အခြေစိုက် OnePlus ကုမ္ပဏီရဲ့ နောက်ဆုံးထွက် Flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ OnePlus 5 ကို Geekbench မှာ Android 8.0 နဲ့ စ တင်တွေ့မြင်ခဲ့ရပြီဖြစ်ပါတယ်။ 


                OnePlus ဟာ Android Oreo Update ကို ထုတ်လုပ်ပေးဖို့အတွက် စတင်စမ်းသပ်နေခဲ့တာကို ကျွန်တော်တို့ သတင်းတစ်ခုအရ သိရှိခဲ့ရပြီးဖြစ်ပါတယ်။ OnePlus 5 အပြင် လွန်ခဲ့တဲ့နှစ်ကထွက်ရှိထားတဲ့ OnePlus 3 နဲ့ 3T တို့ကိုလည်း Android Oreo Update ပေးမယ်ဆိုတာကို သိရှိထားပါတယ်။

                Android Oreo ကို Google ကနေ သြဂုတ်လ ၂၁ ရက်နေ့မှာ စ တင်မိတ်ဆက်ပေးခဲ့ ပြီး၊ လက်ရှိအချိန်မှာတော့ Google Pixel နဲ့ Nexus Device အချို့မှာ စ တင်အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ အခြား OEM တွေဖြစ်တဲ့ Essential, Nokia, Sony တို့ဟာလည်း Android Oreo Update ထုတ်လုပ်ပေးဖို့ အသီးသီးကြိုးစားနေကြပါတယ်။

                Geekbench မှာ Android 8.0 နဲ့မြင်တွေ့ခဲ့ရတာဟာ OnePlus 5 က ပထမဦးဆုံးစမတ်ဖုန်းတော့မဟုတ်ပါဘူး။ Huawei ရဲ့ Flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Mate 9 ကိုလည်း Android 8.0 နဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်က Geekbench မှာ တွေ့မြင်ခဲ့ရပါသေးတယ်။ လက်ရှိအချိန်မှာတော့ ဘယ် OEM က အရင်ဦးဆုံး Android Oreo Update ကို စမတ်ဖုန်းတွေအတွက် တရား၀င်ထုတ်လုပ်ပေးနိုင်မလဲဆိုတာတော့ မသိရှိရသေးပါဘူး။ 

                OnePlus အနေနဲ့လည်း လွန်ခဲ့တဲ့နှစ်က OnePlus 3 နဲ့ 3T အတွက် Android Nougat Update ကို နှစ်ကုန်ပိုင်းလောက်မှသာ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ OnePlus 5, OnePlus 3/3T တို့အတွက် Android Oreo Update ကိုလည်း မနှစ်ကလို နှစ်ကုန်ပိုင်းလောက်မှသာ ထုတ်လုပ်ပေးလာနိုင်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ 

References
Android Community
About Author
Assinged Tags
OnePlus 5 OnePlus OnePlus 3 OnePlus 3T Oreo Android Oreo
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed