Android Oreo Update ကို လအနည်းငယ်အတွင်း ရရှိလာတော့မယ့် Essential Phone

date_range 19 September 2017

Android Oreo Update ကို လအနည်းငယ်အတွင်း ရရှိလာတော့မယ့် Essential Phone

visibility 580 Views

                Google ကနေ Android Oreo ကိုမိတ်ဆက်ခဲ့ပြီးနောက် Google Devices တွေဟာ လက်ရှိအချိန်မှာ ဦးဦးဖျားဖျားအနေနဲ့ Android Oreo ကိုအသုံးပြုခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အခြား OEM တွေဖြစ်တဲ့ SonyNokiaOnePlus နဲ့ Samsung တို့ဟာလည်း Android Oreo Update ကိုထုတ်လုပ်ပေးဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။ 

                သတင်းကောင်းအနေနဲ့ကတော့ Essential ဟာလည်း သူတို့ရဲ့ PH1 စမတ်ဖုန်းအတွက် Android Oreo Update ကိုထုတ်လုပ်ပေးမယ်ဆိုတဲ့အကြောင်းကို Tweet တစ်ခုပြုလုပ်ထားခဲ့တာကြောင့် နောက်လအနည်းငယ်မှာ Android Oreo Update ကိုရရှိလာတော့မှာဖြစ်ပါတယ်။

                Tweet အရလည်း “လအနည်းငယ်” ဆိုတဲ့အတွက် ဘယ်အချိန်ရရှိလာမလဲဆိုတာကိုတော့ အတိအကျမသိရှိရသေးပါဘူး။ ဖုန်းကို စတင်ရောင်းချတုန်းကတော့ Andy Rubin ဟာ Essential PH1 စမတ်ဖုန်းအတွက် OS Update ကို နှစ်နှစ်တိတိပေးသွားမယ်လို့ ကတိပေးထားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ Android Oreo အပြင် Android P ကိုပါ Essential စမတ်ဖုန်းအတွက်ရရှိလာမယ်လို့လည်း ခန့်မှန်းရပါတယ်။

                ဒါပေမယ့်လည်း လက်ရှိ Android Oreo Update အတွက်ကော တကယ်ပဲ နောက်တစ်လ၊ နှစ်လအတွင်းမှာ Essential PH1 စမတ်ဖုန်းတွေအားလုံးကိုထုတ်လုပ်ပေးနိုင်မလား၊ ဖုန်းစတင်ရောင်းချခဲ့တုန်းကလို ကြန့်ကြာနေတာမျိုးတွေကော OS Update အတွက်ဖြစ်နေမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

References
GSM Arena
About Author
Assinged Tags
Android Andy Rubin Essenial Essential PH-1 Essential Smartphone Android Update Android Oreo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed