Nokia ဖုန်းအားလုံး Android 8.0 Oreo Update ရရှိမည်

date_range 05 September 2017

Nokia ဖုန်းအားလုံး Android 8.0 Oreo Update ရရှိမည်

visibility 2880 Views

                Nokia  ဟာ စမတ်ဖုန်းဈေးကွက်ထဲမှာ သူတို့နာမည်ပြန်ရအောင်အတွက် ခြေလှမ်းသွက်သွက်လှမ်းနေပါပြီ။

                Nokia ဖုန်း ထုတ်လုပ်ခွင့်ရရှိထားတဲ့ HMD Global ကုမ္ပဏီဟာ  Stock Android၊ မြင့်မားတဲ့ Specifications၊ သင့်တင့်တဲ့ဈေးနှုန်းတွေနဲ့ Nokia 8 ဖုန်းကို မိတ်ဆက်နိုင်ခဲ့ပြီးဖြစ်သလို၊ လက်ရှိမှာလည်း Nokia ဖုန်းတွေအားလုံးကို လစဉ်လတိုင်း Security Patch Update တွေ ထုတ်ပေးနေပါတယ်။ အခုလည်း ထွက်ပြီးသမျှ Nokia ဖုန်းတွေ အားလုံးကို Android OS အသစ် Android 8 ( Oreo) Update ထုတ်ပေးသွားမှာဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပါပြီ။

                HMD Global ရဲ့ Chief Product Officer ဖြစ်တဲ့ Juho Sarvikas က MediaTek Chipset နဲ့ Nokia 3 ဖုန်းအပါအဝင် Nokia ဖုန်းတွေအားလုံးဟာ Android Oreo Update ရမှာဖြစ်တယ် လို့ Twitter မှာ ပြောကြားခဲ့တာပါ။

                Nokia ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးဖြစ်တဲ့ Nokia 3 တောင် Oreo Update ရမှာပါ။ ဒီအချက်နဲ့တင် ဈေးသက်သာတဲ့ဖုန်းတွေအတွက်ဆို အချို့အခြေအနေတွေကလွဲလို့ ဘယ်တော့မှ OS Update လုပ်ပေးလေ့မရှိတဲ့ အခြားကုမ္ပဏီတွေနဲ့ ခွဲခြားပြီးသားဖြစ် သွားပါလိမ့်မယ်။ ဘယ်အချိန်မှာ Update ပေးမှာလဲဆိုတာ မပြောခဲ့ပေမယ့် Nokia ဖုန်းတွေဟာ Software Update နဲ့ပတ်သတ်လို့ မှတ်တမ်းတွေပြန်ကြည့်ရင် တော်တော်အားရစရာပါ။

                ဒီ့အပြင် Nokia ဖုန်းတွေဟာ Pure Android ကိုသာ သုံးထားလို့ Update တွေကို မြန်မြန်ရနိုင်တာကြောင့်  HMD Global ကလည်း ဖုန်းတွေပေါ် မြန်မြန်ပြန်ဖြန့်နိုင်တာဖြစ်ပါတယ်။

                HMD Global ကုမ္ပဏီဟာ သူ့ဖုန်းတွေကို အနည်းဆုံး Software Updates  နှစ်နှစ်အထိပေးမယ်လို့ ကတိပေးထားပြီး၊ Nokia 3, 5 နဲ့ 6 တွေဟာ Android O ပြီး၊ နောက် Android P OS Update ထွက်မယ့်အချိန်မှာဆို နှစ်နှစ်နားကပ်နေလောက်ပါပြီ။ ဒါကြောင့် ဒီဖုန်းတွေဟာ Android P အထိ Update ရမယ်လို့ ယူဆရပြီး၊ တကယ်  ရ,မရ ကတော့ စောင့်ကြည့်ရမှာပါ။

This Article is Contributed by YLin
References
XDA Developers
About Author
Assinged Tags
Smartphones Nokia Nokia 8 HMD Global Android 8 Nokia 3 Nokia 6 Oreo Android Update Android Oreo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed