Android 8.0 Oreo Update ကို စတင်ထုတ်ပေးဖို့ ပြုလုပ်နေပြီဖြစ်တဲ့ OnePlus နဲ့ Samsung

date_range 11 September 2017

Android 8.0 Oreo Update ကို စတင်ထုတ်ပေးဖို့ ပြုလုပ်နေပြီဖြစ်တဲ့ OnePlus နဲ့ Samsung

visibility 2920 Views

                Google ကနေ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက Android Version အသစ်ဖြစ်တဲ့ Version 8.0 Oreo ကို ကြေငြာခဲ့ပြီး သူရဲ့ Google Nexus Devices တွေနဲ့ Google Pixels ဖုန်းတွေအတွက် စတင်ထုတ်ပေးခဲ့ပြီး အခုအချိန်မှာ အခြားသောဖုန်းကုမ္ပဏီတွေကလည်း သူတိုရဲ့ ဖုန်းတွေကို နောက်ဆုံး Android Version Update ပြုလုပ်ပေးနိုင်အောင် ကြိုးစားနေကြပြီဖြစ်ပါတယ်။ 

                အရင်ဆုံးအနေနဲ့ Samsung ကနေ Galaxy S8 နဲ့ S8+ Smartphone တွေကို Android 8.0 Update စတင် စမ်းသပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Android 8.0 Oreo Firmware Versions တွေအနေနဲ့ကတော့ Galaxy S8 အတွက် G955FXXU1BQI1 နဲ့ Galaxy S8+ အတွက် G950FXXU1BQI1 တွေပဲဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ Android Oreo Update ကို ရယူနိုင်ဦးမှာမဟုတ်သေးပဲ Beta Development အဆင့်မှာပဲရှိနေသေးတာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် လက်ရှိအချိန်မှာလည်း Android Oreo ရဲ့ Features အကုန်လုံး မပါဝင်သေးပဲ အချို့သော Features တွေကိုပဲ စမ်းသပ်လျက်ရှိနေတုန်းလို့ သိရပါတယ်။


                Samsung ကနေ Galaxy S8 နဲ့ S8+ ဖုန်းတွေအတွက် Android Oreo Stable Update ရရှိမယ့် အချိန်ကို အတိအကျမကြေငြာခဲ့ပေမယ့် အခုလို Beta Development စတင်နေပြီဖြစ်တဲ့အတွက် အချိန်သိပ်မစောင့်ရတော့လောက်ပါဘူး။ 

                နောက်ထပ် ဖုန်းကုမ္ပဏီတစ်ခုကတော့ OnePlus ပဲဖြစ်ပြီး တစ်ခုထူးခြားတာက လက်ရှိပေါက်ကြားတဲ့ Android Oreo Update က OnePlus ကနေ နောက်ဆုံးထွက်ရှိထားတဲ့ OnePlus 5 ဖုန်းအတွက်မဟုတ်ပဲ မနှစ်ကထွက်ရှိထားတဲ့ဖုန်းတစ်လုံးဖြစ်တဲ့ OnePlus 3 အတွက် Android 8.0 Oreo Update ဖြစ်နေတာဖြစ်ပါတယ်။ OnePlus 3 အတွက် Android Oreo Update ကိုတော့ Closed Beta Channel မှာ စတင်စမ်းသပ်နေတာဖြစ်ပြီး သတ်မှတ်ထားတဲ့အချို့သောသူတွေပဲ စတင်အသုံးပြုခွင့်ရရှိတာဖြစ်ပါတယ်။


            နောက်ဆုံးသတင်းတွေအရ အဆိုပါ OnePlus 3 အတွက် Oreo Update မှာ NFC အလုပ်မလုပ်သေးသလို၊ Wi-Fi, Wireless Hotspot, Bluetooth နဲ့ အခြားသော Functions အတော်များများ အလုပ်မလုပ်သေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် OnePlus ဟာ OnePlus 3 အတွက် လူတိုင်း Download ပြုလုပ်နိုင်တဲ့ Android Oreo Open Beta Update ကို ယခုလကုန်မှာ ထုတ်ပေးသွားမယ်လို့ ပြောကြားထားတဲ့အတွက် အခုလိုမျိုး Errors တွေကို ဒီကြားထဲမှာ အမြန်ဖြေရှင်းပေးရဖွယ်ရှိပါတယ်။ 

                နောက်ဆုံးထွက်ရှိထားတဲ့ OnePlus 5 ကတော့ လက်ရှိအချိန်မှာ Open Beta ROM မရှိသေးတဲ့အတွက် စမ်းသပ်ခွင့်မပြုသေးတာဖြစ်မယ်လို့ ယူဆထားကြသလို နောက်မှ Closed Beta ရရှိလာပြီး OnePlus 3/3T ဖုန်းတွေနဲ့အတူ Android Oreo Update ထွက်လာမယ်လို့ မှန်းဆထားကြပါတယ်။

                နောက်ထပ်အခြားသောဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Sony ကလည်း Android Oreo Update ရရှိမယ့်ဖုန်းအမျိုးအစားတွေကို တရားဝင်ကြေငြာပြီးသလို HTC ကလည်း သူ့ရဲ့ HTC U11, U Ultra နဲ့ HTC 10 ဖုန်းတွေကို ဒီနှစ်ကုန်ပိုင်းကစပြီး Oreo Update ပေးသွားမယ်လို့ ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ် ဖုန်းလောကကို တကျော့ပြန်ဝင်လာတဲ့ Nokia ကလည်း သူရဲ့ ဖုန်းတွေအားလုံးကို Oreo Update ပြုလုပ်သွားမယ်လို့ ပြောခဲ့တဲ့အတွက် ဘယ်ဖုန်းအမျိုးအစားက အရင်ဆုံး Android Oreo Update ရရှိမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ 

References
GSM Arena GSM Arena GSM Arena
About Author
Assinged Tags
Samsung Android Sony Nokia Samsung Galaxy S8 HTC Android O Galaxy S8 and S8+ Android Operating System OnePlus 5 OnePlus OnePlus 3 Android 8 Nokia 3 Nokia 5 Nokia 6 Android Update HTC 10 U Ultra HTC U11 Android Oreo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed