Android Oreo Update ရရှိလာတော့မယ့် Huawei Mate 9

date_range 24 September 2017

Android Oreo Update ရရှိလာတော့မယ့် Huawei Mate 9

visibility 320 Views

                Huawei ကုမ္ပဏီကနေ နို၀င်ဘာလ၊ ၂၀၁၆ မှာ မိတ်ဆက်ပေးခဲ့တဲ့ Flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Huawei Mate 9 ဟာ Geekbench ကနေတွေ့ရှိထားရသလောက်တော့ Android Oreo Update ရရှိလာတော့မယ်လို့ ယူဆရပါတယ်။


                ပုံမှာမြင်တွေ့ရတဲ့အတိုင်း Operating System ဆိုတဲ့နေရာမှာ Android 8.0.0 ဆိုပြီး Huawei Mate 9 အတွက် Geekbench Listing ၀င်ထားတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့ ကုမ္ပဏီအနေနဲ့ Android Oreo Update ကို Huawei Mate 9 အတွက်ထုတ်လုပ်ပေးဖို့ စတင်စမ်းသပ်နေပြီလို့ ယူဆရပါတယ်။

                Android Oreo ကို Google ကနေ သြဂုတ်လ ၂၁ ရက်နေ့မှာ တရား၀င်မိတ်ဆက် ပေးခဲ့ပြီး၊ Google Devices တွေဖြစ်တဲ့ Nexus 6P, Nexus 5X, Nexus Player, Pixel C, Pixel, Pixel XL တို့အနေနဲ့ Android Oreo Update ကို ရရှိခဲ့ပြီးပါပြီ။ အခြား OEMs တွေဖြစ်တဲ့ Nokia, Sony, Essential, OnePlus နဲ့ Samsung တို့ဟာလည်း Android Oreo Update ထုတ်လုပ်ပေးနိုင်ဖို့ အသီးသီးကြိုးစားနေကြတာကို သိရှိခဲ့ကြပြီးဖြစ်မှာပါ။

                လက်ရှိအချိန်မှာတော့ Huawei Mate 9 အတွက် Android Oreo Update ဘယ်တော့လောက်ရရှိမလဲဆိုတာကို အတိအကျမသိရှိရသေးသလို Huawei ကိုယ်တိုင်ကလည်း Oreo Update အတွက် တရား၀င်ကြေညာချက် ထုတ်ပြန်ထားတာမျိုးလည်းမရှိပါဘူး။ ဒါပေမယ့်လည်း Benchmark စမ်းသပ်မှုတွေပြုလုပ်နေတဲ့အတွက် နောက်လအနည်းငယ်လောက်မှာတော့ Android Oreo Update ကို Huawei Mate 9 မှာ မြင်တွေ့လာရဖို့ရှိတယ်လို့ ယူဆရပါတယ်။

References
GSM Arena
About Author
Assinged Tags
Google Android Huawei Huawei Mate 9 Android Update Mate 9 Android Oreo
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed