One Plus 3 နဲ့ One Plus 3T အတွက် Android O ထွက်ရှိမည်

date_range 02 June 2017

One Plus 3 နဲ့ One Plus 3T အတွက် Android O ထွက်ရှိမည်

visibility 350 Views

                မနှစ်ကထွက်ရှိခဲ့တဲ့ One Plus ဖုန်းတွေဖြစ်တဲ့ One Plus 3 နဲ့ One Plus 3T ဟာ အကောင်းဆုံး Flagship ဖုန်းတွေထဲမှာ ပါဝင်ခဲ့တဲ့ဖုန်းတွေဖြစ်ပါတယ်။ မကြာခင် One Plus 5 ဖုန်းအသစ်ထွက်တော့မှာဖြစ်သလို မကြာသေးတဲ့အချိန်ကမှ One Plus 3T ရောင်းချမှုကို ရပ်ခိုင်းလိုက်ပြီလို့ ကြေငြာခဲ့ပါသေးတယ်။ 

                ဆက်လက်ပြီးထုတ်လုပ်ခြင်းမပြုတော့တဲ့ဖုန်းတွေဖြစ်ပေမယ့် One Plus ရဲ့ CEO နှင့် Founder ဖြစ်တဲ့ Pete Lau က သူ့ရဲ့ Twitter Account မှာ One Plus 3 နဲ့ One Plus 3T အတွက် Android O ကို ထုတ်ပေးမယ်လို့ ရေးသားခဲ့ပါတယ်။ 

                ယခင်ဖုန်းတွေဖြစ်တဲ့ One Plus 2, One Plus One ဖုန်းတွေကိုတော့ ဘာမှပြောကြားခြင်းမပြုခဲ့တဲ့အတွက် Update ရမယ့်ထဲမပါတော့ဘူးလို့ပဲ ခန့်မှန်းရပါတယ်။ One Plus 3/3T အတွက် Android O ရရှိမယ့် အချိန်ကို အတိအကျပြောကြားခြင်းမပြုခဲ့ပေမယ့် Android O တရားဝင်ထွက်ရှိပြီး လအနည်းငယ်အတွင်း ရရှိဖို့များပါတယ်။

References
XDA Developers
About Author
Assinged Tags
Android O OnePlus OnePlus 3 OnePlus 3T
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed