Android Oreo Update ရရှိမည့် Xperia ဖုန်းစာရင်းကို Sony ကြေငြာ

date_range 01 September 2017

Android Oreo Update ရရှိမည့် Xperia ဖုန်းစာရင်းကို Sony ကြေငြာ

visibility 960 Views

                Android 8 Oreo ထွက်ရှိလာပြီ ဆိုတော့ ကိုယ့်ဖုန်းမှာ Android Oreo ရပါ့ မလားသိချင်ကြမှာပေါ့နော်။ Sony ကတော့ Germany မှာ ကျင်းပနေတဲ့ IFA 2017 ပွဲမှာ ဖုန်းအသစ်တွေ ထုတ်ပြရင်း Android Oreo Update ရမယ့် Sony Xperia ဖုန်းစာရင်းကို ကြေငြာလိုက်ပါပြီ။

                အခု IFA 2017 ပွဲမှာ မိတ်ဆက်ခဲ့တဲ့ Xperia XZ1, XperiaXZ1 Compact နဲ့ Xperia XA1 Plus ဖုန်းအသစ် သုံးမျိုးထဲမှာ XZ1 နဲ့ XZ1 Compact ဖုန်းတွေက Android 8.0 နဲ့ စထွက်လာမှာဖြစ်တာကြောင့်၊ Google ဖုန်းတွေ ပြီးရင် Android Oreo အစောဆုံးရတဲ့ဖုန်းတွေအဖြစ် မှတ်တမ်းဝင်သွားမှာပါ။ 

                အဆိုပါဖုန်းမော်ဒယ်အသစ်တွေအပြင် Oreo Update ရမယ့် နောက်ထပ် Xperia ဖုန်းတွေကတော့

1. Xperia X
2. Xperia X Performance
3. Xperia XZ
4. Xperia X Compact
5. Xperia XZ Premium
6. Xperia XZs
7. Xperia XA1
8. Xperia XA1 Ultra
9. Xperia Touch
10. Xperia XA1 Plus

                တို့ ဖြစ်ပါတယ်။

                List ထဲမှာဆိုရင်တော့ Flagship ဖုန်းတွေအပြင် Budget တန်းနဲ့ Mid-range တန်း Xperia ဖုန်းတွေပါ တွေ့ရပါတယ်။ ဒါကြောင့် Sony ဟာ ဘယ်အတန်းအစား ဖုန်းကိုမဆို ခွဲခြားမှုမရှိ ပဲ Android Update ပေးသွားမယ်ဆိုတာ ထင်ရှားပါတယ်။

                ဒါပေမယ့် တစ်ခုသတိပြုရမှာက Oreo Update ရရှိ မယ့်ဖုန်းတွေထဲမှာ မော်ဒယ်အနိမ့်ဆုံးဖုန်းက လွန်ခဲ့တဲ့ ၁၄ လကမှ ထွက်ထားတဲ့ Sony Xperia X Model ဖြစ်နေတာပါ။ ဒါ့ကြောင့် Sony ရဲ့ နောက်ဆုံး Android OS Update တွေ လိုချင်တယ်ဆိုရင် Sony ဖုန်းကို ခဏခဏ လဲရမလို ဖြစ်နေပါပြီ။ ဒီအချက်ကတော့ Sony ကိုရေရှည်မှာ အထိနာစေနိုင်ပါတယ်။

                Android Oreo မှာ Features အသစ်တွေအနေနဲ့ Notification Grouping, Picture-in-Picture Mode, Notification Dots နဲ့ Apps တွေထဲကနေ Google Assistant ကိုဖွင့်ခိုင်းတာတွေအပြင် အခြား Features တွေလည်း ထပ်မံပါဝင်ပါတယ်။

                Sony က Update ရမယ့် List ကိုကြေငြာခဲ့ပေမယ့်၊ ဘယ်အချိန်မှာ Update ပေးမလဲဆိုတာတော့ မပြောသွားခဲ့ပါဘူး။

This Article is Contributed by YLin
References
Android Authority
About Author
Assinged Tags
Sony Sony Xperia Sony Xperia XZ1 Sony Xperia XZ1 Compact Android 8 Android Update Android Oreo Xperia Smartphones Xperia XA1 Plus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed