OnePlus 5 မှာ Snapdragon 835 SoC အသုံးပြုမှာဖြစ်ကြောင်း၊ OnePlus CEO အတည်ပြုပြောကြား

date_range 26 May 2017

OnePlus 5 မှာ Snapdragon 835 SoC အသုံးပြုမှာဖြစ်ကြောင်း၊ OnePlus CEO အတည်ပြုပြောကြား

visibility 250 Views

                Flagship Killer ဆိုပြီး နာမည်ကြီးတဲ့ OnePlus စမတ်ဖုန်းတွေရဲ့ နောက်ထပ်မျိုးဆက်သစ် OnePlus 5 က တော့ မကြာခင်အတွင်းမှာ ထွက်လာတော့မှာပါ။

                အခုအခါမှာ OnePlus ကုမ္ပဏီ CEO ဖြစ်တဲ့ Pete Lau က OnePlus 5 စမတ်ဖုန်းမှာ Snapdragon 835 SoC ကို အသုံးပြုသွားမှာဖြစ်ကြောင်း ကုမ္ပဏီရဲ့ Official Forum မှာ အတည်ပြုပြောကြားလိုက်ပါပြီ။ ဒီမတိုင်ခင် တစ်ရက်အလို (ဗုဒ္ဓဟူးနေ့) မှာလည်း Qualcomm ကုမ္ပဏီက OnePlus 5 စမတ်ဖုန်းမှာ Snapdragon 835 အသုံးပြုသွားမှာဖြစ်ကြောင်း Tweet လုပ်ခဲ့ပါတယ်။


                အသုံးပြုမယ့် Processor ထက် စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကတော့ CEO Pete Lau ရဲ့ Blogpost မှာ နောက်ထပ်ရေးသားထားတဲ့အချက်တွေဖြစ်ပါတယ်။

                Lau က OnePlus ကုမ္ပဏီအနေနဲ့ အခုထွက်မယ့် OnePlus 5 ဖုန်းမှာ Touch Latency ကို ပိုမိုကောင်းမွန်အောင် အဓိကထားလုပ်ဆောင်ထားပြီး၊ အကောင်းဆုံး Touch Experience ကို ပေးစွမ်းနိုင်ဖို့ ကြိုးစားထားတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ပိုကောင်းအောင်လုပ်ချင်တဲ့ အဓိကအပိုင်းတစ်ပိုင်းက Touch Latency ပါ။ ကုမ္ပဏီအင်ဂျင်နီယာတွေအနေနဲ့ ဖုန်းတစ်လုံးနဲ့ တစ်လုံးမှာ ဘာလို့ Scrolling ( ဖုန်း Display ကို ပွတ်ဆွဲအသုံးပြုမှု) ကွာခြားချက်တွေ ရှိနေလဲဆိုတာ အထူးလေ့လာခဲ့ပါတယ်။ ဖုန်းရဲ့ CPU ၊ RAM ၊ GPU Performance တွေကို စစ်ဆေးလေ့လာတဲ့ စမ်းသပ်ချက်တွေ၊ Benchmark တွေ ရှိပေမယ့်၊ Scrolling Experience ကိုတော့ စစ်ဆေးနိုင်ဖို့ ခက်ခဲတဲ့အတွက် ကျနော်တို့ဟာ မြန်နှုန်းမြင့် အထူးပြုလုပ်ထားတဲ့ကင်မရာတွေကို အသုံးပြုပြီး၊ Screen Movements နဲ့ Input Speed တို့ကို တိုင်းတာခဲ့ပါတယ်။ ရလဒ်ကတော့ အခု OnePlus 5 မှာ ခင်ဗျားတို့ရဲ့ Touch (Input) ကို Apps တွေအနေနဲ့ အမြန်ဆန်ဆုံး Respond လုပ်လာနိုင်မှာဖြစ်ပြီး၊ ချောမွေ့တဲ့ User Experience ကို ပေးစွမ်းသွားမှာပါ”

                ဒီ့အပြင် OnePlus 5 မှာ ဖုန်းကို ပိုမို ချောချောမွေ့မွေ့ အသုံးပြုနိုင်ဖို့အတွက် Oxygen OS မှာ Feature သစ်တစ်ခု ထည့်သွင်းထားတယ်လို့ Lau က ဆိုပါတယ်။ Lau ရဲ့ ရှင်းပြချက်အရ OnePlus 5 ဖုန်းကို ဖွင့်လိုက်တာနဲ့ User တစ်ယောက် အသုံးပြုမှုအများဆုံး App တွေရဲ့ Performance ကို အကောင်းဆုံးဖြစ်အောင် ပြုလုပ်ထားပြီး၊ အသုံးပြုမှုနည်းတဲ့ App တွေကို Performance မထိခိုက်အောင်လို့ စွမ်းဆောင်ရည်အနည်းငယ်လျော့ထားတယ်လို့ သိရပါတယ်။ ဘယ်လိုပုံမျိုးဖြစ်မလဲဆိုတာကတော့ OnePlus 5 တရားဝင်ထွက်လာမှပဲ သိရမှာပါ။

                လောလောဆည်မှာတော့ Android ဖုန်းပရိတ်သတ်တိုင်း စောင့်မျှော်နေကြတဲ့ OnePlus 5 စမတ်ဖုန်းရဲ့ SoC (System on a Chip) ကိုပဲ တရားဝင်သိရသေးပြီး၊ ကျန်တဲ့ကောလဟာလသတင်းတွေဖြစ်တဲ့ Dual-Camera Setup၊  3.5mm Headphone Jack အစား USB Type-C Port နဲ့ RAM 6GB (or) 8GB ပါဝင်မယ်ဆိုတာတွေကတော့ မသေချာသေးပါဘူး။

References
Gadgets NDTV
About Author
Assinged Tags
Smartphones News OnePlus 5 OnePlus
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed