Android 8.0 (Oreo) မှာပါ၀င်လာမယ့် Features အသစ်များ

date_range 18 September 2017

Android 8.0 (Oreo) မှာပါ၀င်လာမယ့် Features အသစ်များ

visibility 8020 Views

                Android Version 8.0 (Oreo) ကို Google ကနေ သြဂုတ်လ ၂၁ ရက်နေ့မှာ တရား၀င် စ တင်မိတ်ဆက်ပေးခဲ့ပါတယ်။ လက်ရှိအနေနဲ့လည်း Android Oreo ကို Google ရဲ့ Device တွေဖြစ်တဲ့ Nexus 5X, Nexus 6P, Nexus Player, Google Pixel C, Google Pixel နဲ့ Google Pixel XL တို့မှာ အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် အောက်တိုဘာလ ၄ ရက်နေ့မှာ Google ကနေ တရား၀င်မိတ်ဆက်ပေးတော့မယ့် Google Pixel 2 နဲ့ Pixel 2 XL တို့မှာလည်း Android Oreo ကိုအသုံးပြုထားမှာဖြစ်ပါတယ်။

                အရင်တစ်ခါကတုန်းကလည်း ကျွန်တော့်အနေနဲ့ Android Version အဆင့်ဆင့်ပြောင်းလဲလာပုံတွေကို ဆောင်းပါးတစ်ခုမှာ ရှင်းပြထားခဲ့ပါတယ်။ အခုဆက်လက်ပြီးတော့လည်း Android Oreo မှာ ဘာတွေပြောင်းလဲသွားတယ်၊ ဘယ်လို Feature တွေပါ၀င်လာတယ်ဆိုတာကို တင်ဆက်ပေးသွားပါမယ်။

Redesigned Settings Menu


                Android 8.0 (Oreo) မှာ သိသိသာသာပြောင်းလဲသွားတာကတော့ Settings Menu ပုံစံပဲဖြစ်ပါတယ်။ Text အရောင်ကို Dark Grey အသုံးပြုထားပြီး၊ အဖြူရောင်နောက်ခံ Background နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ Android Nougat မှာတုန်းကလို ဘေးနားကနေဆွဲရတဲ့ Side Navigation Menu ကတော့ မရှိတော့ပါဘူး။ ဒီလိုမျိုးမရှိတော့ပေမယ့်လည်း Settings ကို ကြည့်ရှုရ ရှင်းလင်းနေအောင်တော့ပြုလုပ်ပေးထားပါတယ်။ 

Battery Saving Background Restrictions

                Android Oreo မှာ Battery Drain (Battery အကုန်မြန်စေတဲ့) Issues တွေမဖြစ်ရအောင် အထူးပြုလုပ်ထားပါတယ်။ Android Marshmallow မှာတုန်းကလည်း Doze Mode ကို စတင်မိတ်ဆက်ပေးခဲ့ပြီး၊ Battery Drain Issues တွေမဖြစ်ရအောင် ကြိုးပမ်းထားခဲ့ပါသေးတယ်။ 

                လက်ရှိအချိန်မှာတော့ Google ဟာ Background Execution Limits လို့ခေါ်တဲ့ Feature ကို Android Oreo မှာထည့်သွင်းပြီး၊ Apps တွေဟာ Background မှာ Power အသုံးပြုမှုမများအောင်နဲ့ Listener Services တွေအမြဲပွင့်မနေအောင် ထိန်းချုပ်ပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Apps တွေအနေနဲ့ Location Updates တွေကို တစ်နာရီအတွင်းမှာ အကြိမ်အနည်းငယ်ပဲ တောင်းဆိုနိုင်တော့မှာဖြစ်ပါတယ်။ ဒီလို Location Restrictions တွေကို Android Oreo အတွက် ပြုလုပ်ထားတဲ့ Apps တွေတင်မဟုတ်ဘဲ၊ အရင် Versions တွေအတွက်ပါ ထိန်းချုပ်ပေးထားမှာဖြစ်ပါတယ်။ 

Snooze Individual Notifications


                Android Oreo ရဲ့ နောက်ထပ်ထူးခြားတဲ့ Feature ကတော့ Notifications တွေကို Alarms တွေလို Snooze ပြုလုပ်လို့ရတာပါ။ လက်ရှိအချိန်မှာတော့ ကြည့်ဖို့အဆင်မပြေသေးဘဲ၊ နောက်ကျမှ သက်ဆိုင်တဲ့ Notifications တွေကိုပြန်ကြည့်လိုတဲ့သူတွေအနေနဲ့ အနည်းဆုံး ၁၅ မိနစ် (ဒါမှမဟုတ်) မိမိသတ်မှတ်ထားတဲ့အချိန်ကျမှသာ သက်ဆိုင်တဲ့ Notifications ပြန်ပေါ်လာအောင် Snooze ပြုလုပ်လို့ရပါတယ်။ ဒီလိုပြုလုပ်ချင်တယ်ဆိုရင်တော့ ညာဘက်ကိုအသာလေးဆွဲလိုက်ပြီး နာရီပုံလေး နှိပ်လိုက်ရုံပါပဲ။

Fingerprint Scanner Gestures

                Google Pixel နဲ့ Pixel XL တို့မှာတော့ Exclusive Feature အနေနဲ့ Notification Tray တွေကို Expand ပြုလုပ်ဖို့ Fingerprint Scanner မှာ Swipe Down လုပ်လိုက်ရုံနဲ့ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီ Feature ကိုလည်း Nexus Device အချို့မှာ ထည့်သွင်းပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း Google အနေနဲ့ ဒီ Fingerprint Scanner Gestures တွေကို Android Oreo မှာ ပိုမိုအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

                Third-Party App Developers တွေအနေနဲ့ Fingerprint Scanner မှာ Swipe ပြုလုပ်တာ (ဒေါင်လိုက်နဲ့ အလျားလိုက် နှစ်မျိုးစလုံး) တွေကို Accessibility Services တစ်ခုအနေနဲ့ အသုံးပြုလာနိုင်ပြီဖြစ်ပါတယ်။ ဆိုလိုတာကတော့ App တွေဟာ ဒီ Accessibility Permission ကိုတောင်းပြီး၊ Fingerprint Scanner နဲ့အတူ Function အသစ်တွေထည့်သွင်းလာနိုင်မှာဖြစ်ပါတယ် (ဥပမာ- Web Page တွေကြည့်ရှုတာနဲ့ Facebook News Feed ကြည့်တာတို့ကို Fingerprint Scanner ကို ဒေါင်လိုက်ပွတ်ဆွဲရုံနဲ့ Scroll ပြုလုပ်နိုင်တာမျိုးကိုပြောတာဖြစ်ပါတယ်)။

Turn On Wi-Fi Automatically


                Android Oreo မှာ မိမိအသုံးပြုနေကျ Wi-Fi တွေရဲ့ Location တည်နေရာတွေကို မှတ်သားထားမှာဖြစ်ပြီး၊ သက်ဆိုင်တဲ့ Location တွေကိုရောက်ရှိတဲ့အခါကျ Wi-Fi အလိုအလျောက်ဖွင့်ပေးမယ့်စနစ် ပါ၀င်လာမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့အတွက် Settings > Network & Internet > Wi-Fi > Wi-Fi Preferences မှာ “Turn On Wi-Fi Automatically” ဆိုတဲ့ Switch လေးကို On ထားပေးရုံပါပဲ။

More Granular Storage Controls


                Android Oreo မှာ Storage Settings အတွက် Category တွေကို ရှင်းရှင်းလင်းလင်းခွဲထားပေးပြီး၊ မလိုအပ်တဲ့ ဖိုင်တွေ၊ Apps တွေ နဲ့ Cache တွေ ရှင်းလင်းရလွယ်ကူအောင်ပြုလုပ်ပေးထားပါတယ်။ Apps တွေအတွက်လည်း Music & Audio, Games, Movies & TV Apps, Other Apps စသဖြင့် Category တွေခွဲပေးထားပါတယ်။ ဒါကြောင့်မို့လို့ Apps တွေရှင်းလင်းချင်တဲ့အခါကျ အရင်တုန်းကလို “Apps” ဆိုတဲ့ စာရင်းမှာ Scroll တွေအများကြီးဆွဲပြီး ရှာဖွေနေစရာမလိုတော့ပါဘူး။

Picture-in-Picture Mode 


                Android Nougat မှာ Split-Screen Mode စ တင်ပါ၀င်လာပြီးတဲ့နောက်၊ Android Oreo မှာတော့ Picture-In-Picture Mode ပါ၀င်လာတော့မှာဖြစ်ပါတယ်။ ဒီ Feature ကို Video Clips တွေကြည့်ရှုတာနဲ့ Video Calls တွေပြောတဲ့အခါ Home Key ကိုနှိပ်လိုက်တာနဲ့ အခြား Task တွေပြုလုပ်နေရင်း PiP Mode နဲ့ ဆက်လက်ကြည့်ရှုနေနိုင်မှာဖြစ်ပါတယ်။ Apps တွေအနေနဲ့ကတော့ ဒီ Feature ကိုအသုံးပြုနိုင်ဖို့အတွက် API Update တွေပြုလုပ်ပေးထားရမှာဖြစ်ပါတယ်။

New Battery Menu


                Battery Menu အတွက် Android Oreo မှာ Design ပုံစံအသစ်တွေအပြင်၊ သာမန် Battery အသုံးပြုမှုလျှော့ချဖို့အတွက် Option တွေဖြစ်တဲ့ Battery Saver, Adaptive Brightness နဲ့ Sleep Settings တွေကို အပေါ်ဆုံးနားမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ Battery Usage Graph ကိုလည်း ကြည့်ရှုရလွယ်ကူအောင် ပြုလုပ်ပေးထားတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် Screen Usage, Screen Consumption နဲ့ Mobile Network Scanning  စတဲ့ Hardware Battery Usage တွေကိုပါ ဘယ်လောက်အသုံးပြုထားတယ်ဆိုတာကို တွေ့မြင်နိုင်လာဦးမှာဖြစ်ပါတယ်။

Autofill Framework

                Android Oreo မှာ User Account နဲ့ Password တွေအတွက် ပြန်ရိုက်ထည့်နေစရာမလိုတဲ့ Autofill Framework ပါ၀င်လာမှာဖြစ်ပါတယ်။ ဒီ Autofill Framework ကြောင့် Apps တွေဟာ User Account နဲ့ Password တွေကိုသိမ်းဆည်းထားနိုင်ပြီး၊ လိုအပ်တဲ့အခါကျရင် Username နဲ့ Password Field ထဲမှာ အလိုအလျောက် ပြန်လည်ဖြည့်သွင်းပေးသွားတာမျိုးတွေ ပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။ 

                ဒီ Feature အတွက် Default အနေနဲ့ကတော့ Google Chrome နဲ့ Sync ပြုလုပ်ထားတဲ့ Google Account က Password တွေကို Autofill ပြုလုပ်ပေးလာနိုင်မှာဖြစ်ပါတယ်။ Autofill အတွက်လည်း Languages & Input Settings အောက်မှာ လိုသလိုချိန်ညှိနိုင်ပါသေးတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ Google Services တွေပဲ Autofill ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒီ Feature ကို အခြား Apps တွေပါ လိုသလို တွင်တွင်ကျယ်ကျယ်အသုံးပြုလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Rescue Party

                တကယ်လို့သာ Android Oreo မှာ Apps တွေသုံးနေရင်း Error တက်သွားတာတို့၊ ဖုန်းက Boot မတက်တော့တာတို့ စ တဲ့ ပြဿနာတွေကြုံလာတဲ့အခါမှာ အတတ်နိုင်ဆုံး Fix ပြုလုပ်ပေးနိုင်မယ့် Rescue Party ဆိုတဲ့ Feature အသစ်ပါ၀င်လာမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ Android မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ Bootloop, App Crahses စတဲ့ Software ပြဿနာတွေဟာ ဒီ Rescue Party ဆိုတဲ့ Feature ကြောင့် အတော်လေးသက်သာသွားဖို့ရှိတယ်လို့ မျှော်လင့်ရပါတယ်။

Notification Channels

                အသစ်ပါ၀င်လာတဲ့ Notification Channels စနစ်မှာ Apps တွေဟာ Notifications အတွက် ကိုယ်ပိုင် Category တွေခွဲခြားထားနိုင်ပြီး၊ အသုံးပြုသူတွေအနေနဲ့လည်း အဆိုပါ App ရဲ့ ဘယ် Category ကိုပဲအများဆုံးမြင်ချင်တယ်၊ မမြင်ချင်ဘူးဆိုတာကို ခွဲခြားထားနိုင်ပါတယ်။ ဥပမာ- Gmail App မှာဆို အလုပ်နဲ့ Personal Email ခွဲထားလို့ရပြီး၊ အလုပ်ချိန်မှာ Personal Email တွေမမြင်ချင်တာနဲ့ အလုပ်က၀င်လာတဲ့ Email တွေပဲအဓိကထားမြင်ချင်တာ စ တဲ့ Function တွေ ပြုလုပ်လို့ရလာမှာဖြစ်ပါတယ်။

Adaptive Icons

via GIPHY

                Android Oreo ရဲ့ အထူးခြားဆုံး Feature ဖြစ်တဲ့ Adaptive Icons ဟာ Samsung လို လေးထောင့်မကျ စက်၀ိုင်းမကျပုံစံမှာပဲ Freeform အနေနဲ့ Animations လေးတွေပါ၀င်လာတဲ့ Icon ပုံစံမျိုးဖြစ်ပါတယ်။ ဒီလိုမျိုး App Icon ပြုလုပ်ဖို့အတွက်လည်း Developers တွေဟာ စက်၀ိုင်း၊ လေးထောင့်၊ Freeform Icons စတဲ့ ပုံစံမျိုးစုံကို ထည့်သွင်းပေးနေစရာမလိုပါဘူး။

                Adaptive Icons အနေနဲ့ Developers တွေဟာ App Icon ပုံစံတစ်ခုကိုပဲပြုလုပ်ထားပေးစရာလိုအပ်ပြီး၊ ကျန်တဲ့အရာတွေကိုတော့ System ကနေပဲ အလိုအလျောက်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ တကယ်လို့ App တွေဟာ Adaptive Icon ထည့်သွင်းပေးထားတယ်ဆို Android Oreo အနေနဲ့ အလိုအလျောက် Crop ပြီး Align ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ 

Hi-Fi Bluetooth Codecs

                Bluetooth Audio ဟာအမြဲ Wired Headphones တွေနဲ့ယှဉ်လာတဲ့အခါကျ Audio Quality ကောင်းမွန်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း Google ဟာ Bluetooth Headset တွေနဲ့ သီချင်းနားဆင်တဲ့အခါကျ အသံအရည်အသွေးကောင်းကောင်းမွန်မွန် ရရှိလာအောင် High-Quality Bluetooth Codecs တွေကို Android Oreo မှာထည့်သွင်းပေးထားပါတယ်။ ဒီ Bluetooth Codecs တွေအပြင် Sony ရဲ့ LDAC နည်းပညာကိုပါ ထည့်သွင်းပေးထားမှာဖြစ်ပြီး၊ ဒီနည်းပညာကို တွဲဖက်အသုံးပြုလို့ရတဲ့ Wireless Bluetooth Devices တွေမှာ အသံအရည်အသွေးပိုကောင်းမွန်လာမှာဖြစ်ပါတယ်။

                ဒီနေရာမှာပြောစရာရှိတာက Sony ဟာ Android Code Base အတွက် ပါ၀င်ကူညီတဲ့ OEMs တစ်ခုလည်းဖြစ်ပါတယ်။ ဒီလို Bluetooth Codec တွေအပြင် Android Theme Engine ထည့်သွင်းပေးတုန်းကလည်း Sony ကနေ ၀င်ရောက်ကူညီပေးခဲ့ပါသေးတယ်။

Arrow Keys & Tab Navigation

                Android Apps တွေကို Android Device တွေအပြင်၊ Chromebooks တွေမှာပါအသုံးပြုလာနိုင်ပြီဖြစ်ပါတယ်။ ဒီနေရာမှာ ပြဿနာရှိတာက Touchscreen-Optimized App တွေအနေနဲ့ Physical Keyboard တွေနဲ့တွဲဖက်အသုံးပြုရ အဆင်မပြေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ Google ဟာ Android 8.0 မှာ Arrows Keys တွေနဲ့ Tab Buttons တွေကိုအသုံးပြုပြီး Apps တွေမှာ Navigate ပြုလုပ်လို့ရအောင် Function ထည့်သွင်းပေးထားခဲ့ပါတယ်။ ဒီလို Feature ကြောင့် Chromebook တွေပဲဖြစ်ဖြစ်၊ Android TV-Box တွေကို Bluetooth Keyboard တွေချိတ်ဆက်အသုံးပြုတာပဲဖြစ်ဖြစ် Apps တွေအသုံးပြုရတဲ့အခါ ပိုမိုအဆင်ပြေလာမှာဖြစ်ပါတယ်။

Pixel Launcher App Drawer Improvements


                Pixel Launcher မှာ ဘယ်နေရာပဲဖြစ်ဖြစ် အောက်ကနေ အပေါ်ကိုပွတ်ဆွဲလိုက်တာနဲ့ App Drawer ဖွင့်လို့ရအောင် ပြုလုပ်ထားပါတယ်။ ဒါကြောင့်မို့လို့  Pixel Launcher ရဲ့ Home Screen အောက်ဆုံးနားက Dock ကနေ အပေါ်ကိုပွတ်ဆွဲစရာမလိုတော့တဲ့အတွက် အလုပ်သိပ်မရှုပ်တော့ပါဘူး။ ဒ့ါအပြင် App Drawer မှာ Navigation Buttons တွေကို သေသေချာချာမြင်ရအောင် အမည်းရောင်ပြောင်းလဲပေးထားတာကို တွေ့မြင်ရဦးမှာပါ။

Wide Color Gamut In Apps

                Android Oreo မတိုင်ခင်က အမြင့်ပိုင်း Android ဖုန်းအချို့ဟာ Wide Color Gamut Support တွေရရှိခဲ့ပေမယ့်လည်း၊ App တွေအနေနဲ့တော့ အသုံးပြုခွင့်မရရှိခဲ့ပါဘူး။ Android Oreo မှာတော့ Apps တွေဟာ (အထူးသဖြင့် Photo Editing Apps တွေ) Wide Color Gamut Profile တွေ (ဥပမာ- AdobeRGB, Pro Photo RGB) စ တာတွေကို Device ကသာ Support ပေးမယ်ဆို အသုံးပြုခွင့်ရရှိလာတော့မှာပါ။

Wi-Fi Aware

                Android Oreo မှာ Feature အသစ်အနေနဲ့ပါ၀င်လာတဲ့ Wi-Fi Aware ဟာ Android Oreo အသုံးပြုသူအချင်းချင်း Wi-Fi Network တစ်ခုတည်းမှာရှိနေစရာမလိုဘဲ အချင်းချင်းရှာဖွေနိုင်၊ Private Network ထောင်ပြီး အချင်းချင်း Data Share တာတွေပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဒီ Feature ဟာ အရမ်းအသုံး၀င်တဲ့အရာတစ်ခုတော့မဟုတ်သေးပါဘူး။

Notification Badges On The Home Screen


                iOS အသုံးပြုသူတွေရင်းနှီးပြီးသားဖြစ်တဲ့ Notification Badges Feature ဟာ Android Oreo မှာလည်းပါ၀င်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် Unread Badge တက်နေတဲ့ App ကိုဖိလိုက်တာနဲ့ Pop-Up Menu တစ်ခုနဲ့အတူ Launcher မှာပဲ Notification ကိုဖတ်ရှုနိုင်မှာပဲဖြစ်ပါတယ်။ အသုံးပြုနေတဲ့ Launcher ကတော့ ဒီ Feature ကို Support ဖြစ်မှ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး Notification Badges Feature အတွက် App တစ်ခုချင်းစီကို Apps & Notification Settings မှာ Enable/Disable ပြုလုပ်နိုင်ပါသေးတယ်။ 

No More “Unknown Sources” Setting


                အရင် Android Version တွေမှာလို Android APK တွေကနေ App သွင်းချင်တယ်ဆို “Unknown Sources” ကို Settings ထဲမှာ အမှန်ခြစ်လိုက်တာမျိုးတွေ Android Oreo မှာ မရှိတော့ပါဘူး။ တကယ်လို့သာ Android APK တွေကိုသွင်းမယ်ဆိုရင် External Sources လို့ခေါ်တဲ့ Menu ကနေတစ်ဆင့် Trust Apps From This Source ကို ရွေးပေးပြီးမှ သွင်းနိုင်တော့မှာဖြစ်ပါတယ်။ 

                ဒါကြောင့်မို့လို့ File Manager ကသွင်းတယ်ဆို File Manager ကို Trust လုပ်ထားပေးရမှာဖြစ်ပြီး၊ Chrome ကနေ Download ဆွဲတယ်ဆိုရင်လည်း Chrome ကို Trust လုပ်ထားပေးမှ APK တွေကို Install ပြုလုပ်လို့ရလာမှာဖြစ်ပါတယ်။ နည်းနည်းတော့အလုပ်ရှုပ်ပေမယ့် Unknown Sources လုပ်ထားပြီးတာနဲ့ Apps တွေကို သွင်းချင်တဲ့နေရာက သွင်းချင်သလိုသွင်းလို့ရနေတာထက်စာရင်တော့ ပိုလုံခြုံတယ်လို့ ထင်မြင်မိပါတယ်။

Package Installer Progress Bar


                APK ဖိုင်တွေနဲ့ Install ပြုလုပ်တဲ့အခါ Android Nougat အထိကို Installing ဆိုပြီး Progress Bar ဟာလည်း အဆက်မပြတ်လည်နေတာကြောင့် ဘယ်အချိန်ပြီးမလဲမသိဘဲ ထိုင်စောင့်နေရတာကများပါတယ်။ အခုဆိုရင်တော့ Android Oreo မှာ Package Installer အတွက် အနည်းငယ်ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ထားပါတယ်။ Progress Bar အနေနဲ့ အဆက်မပြတ်လည်နေတာမျိုးမဟုတ်ဘဲ ဘယ်အချိန်ပြီးမလဲဆိုတာကို အတိအကျပြသပေးနိုင်မှာဖြစ်ပြီး၊ Cancel Button လည်းပါ၀င်လာမှာဖြစ်ပါတယ်။ Progress Bar ပြီးခါနီးအထိမရောက်ခင်မှာ ဆက်မသွင်းချင်တော့ဘူးဆို Cancel နှိပ်ပြီး ရပ်တန့်လိုက်လို့ရပါတယ်။

Smart Text Selection


                Android ဟာ အရင် Version တွေတုန်းက Copy/Paste အတွက်အဆင်ပြေအောင် မျိုးစုံကြိုးစားခဲ့ပါတယ်။ အခု Android Oreo မှာတော့ Text တွေကို Select မှတ်လိုက်တာနဲ့ သက်ဆိုင်တဲ့ App တွေဖော်ပြပေးနိုင်မယ့် Smart Text Selection Feature ကိုထည့်သွင်းပေးထားပါတယ်။ ဥပမာ- URL ကို Select မှတ်တယ်ဆို Google Chrome၊ လိပ်စာတစ်ခုခုကို Select မှတ်တယ်ဆို Google Maps စ တဲ့ သက်ဆိုင်တဲ့ Apps တွေရွေးချယ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Overlay Sticky Notification


                Cloak and Dagger တို့လို Exploit တွေအတွက် အသုံးပြုသူတွေသတိပြုမိလာအောင် Overlay Sticky Notification ဆိုတဲ့ Security Feature အသစ်ကို Android Oreo မှာ ထည့်သွင်းပေးထားပါတယ်။ တကယ်လို့သာ App တစ်ခုခုဟာ Overlay ပေါ်မှာ နေရာတအားယူနေပြီဆိုရင် “App Is Displaying On Top” ဆိုတဲ့ Notification ပြသပေးနေမှာဖြစ်ပါတယ်။ တစ်ခုရှိတာက Messenger ရဲ့ Chat Head Feature ကိုအသုံးပြုနေရင်လည်း ဒီ Overlay Sticky Notification တက်နေမှာဖြစ်ပြီး၊ ဖျောက်ပစ်လို့လည်းမရဘဲ လုံး၀ကို Chat Head Feature ပိတ်ပစ်မှသာ ပျောက်သွားမှာမို့ အာရုံတော့နောက်ရမှာ အမှန်ပါပဲ။

New Emojis


                Android Oreo အတွက် အဓိကပြောင်းလဲခဲ့တဲ့အထဲမှာ Emoji လည်းတစ်ခုအပါအ၀င်ပါပဲ။ အရင်တုန်းကလိုမျိုး Blob Style မဟုတ်တော့ဘဲ စက်ပိုင်းပုံစံ Emoji တွေကို Oreo မှာ တွေ့မြင်ရတော့မှာဖြစ်ပြီး၊ Emoji အသစ် ၆၉ ခု ပါ၀င်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် အချို့ Emoji တွေအတွက် Gender Type တွေလည်းရွေးချယ်နိုင်မယ်လို့လည်း သိရှိထားရပါသေးတယ်။

                ဒီလောက်ဆိုရင်တော့ Android Oreo မှာ အသစ်ပါ၀င်လာမယ့် Features တွေနဲ့ ပြောင်းလဲသွားတာတွေကို အတော်များများသိရှိသွားလောက်ကြပြီထင်ပါတယ်။ Android Oreo ကို Google Devices တွေအပြင် OnePlus နဲ့ Samsung, Nokia စမတ်ဖုန်းများအားလုံး နဲ့ Sony ကလည်း Oreo ရရှိမယ့်စာရင်းကို ကြေညာထားပါသေးတယ်။ ဒါကြောင့်မို့လို့ ဒီ ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှာ Device အတော်များများမှာ Android Oreo ကို စတင် တွေ့မြင်ရလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ 

References
Android Gadgethacks
About Author
Assinged Tags
Google Android Android O Android Operating System Oreo Android Oreo
Categorized Under
Features

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed