Flagship Killer အနေနဲ့ထွက်ရှိလာမယ့် OnePlus 5 စမတ်ဖုန်းမှာ Camera ပိုမိုကောင်းမွန်လာမည်

date_range 30 May 2017

Flagship Killer အနေနဲ့ထွက်ရှိလာမယ့် OnePlus 5 စမတ်ဖုန်းမှာ Camera ပိုမိုကောင်းမွန်လာမည်

visibility 2100 Views

                OnePlus 5 ဖုန်းထွက်ရှိလာဖို့ သိပ်မကြာတော့တဲ့ အချိန်မှာ OnePlus ကုမ္ပဏီကလည်း မကြာခဏ ဆိုသလို လိုချင်လာအောင် အမြည်းလေးတွေ ပြသပေး နေပါတယ်။ “Flagship Killer” လို့နာမည်ပြောင် ပေးထားတဲ့ အခုထွက်ရှိလာမယ့် OnePlus 5 ဖုန်းဟာ Samsung နဲ့ Google ကိုအဓိကထားပြီး စမတ်ဖုန်းစျေးကွက်မှာ ပြိုင်ဆိုင်ဖို့အသင့် ဖြစ်နေပြီ ဖြစ်ပါတယ်။ OnePlus 5 နဲ့ ရိုက်ယူထားတဲ့ ပုံကိုလည်း Twitter မှာ OnePlus ကုမ္ပဏီကနေ အမြည်းချပြခဲ့ ပါသေးတယ်။ 

                OnePlus အနေနဲ့ အစောပိုင်းကာလမှာ AOSP (Android Open Source Project) ROM နဲ့အတူ Motorolla ၊ Google Nexus တို့နဲ့အပြိုင် ထုတ်လုပ်ခဲ့ပါတယ်။ OnePlus One အမည်ရတဲ့ဖုန်းကို $299 နဲ့ရောင်းချခဲ့ပြီး ဖုန်းရဲ့ Performance ကောင်းမွန်ခဲ့တာကြောင့် လူကြိုက်များခဲ့ ပါတယ်။ OnePlus 3 နဲ့ OnePlus 3T စမတ်ဖုန်းတွေ ထုတ်လုပ်ခဲ့ရာမှာတော့ အတော်အတန် အောင်မြင်ခဲ့တာကြောင့် Google Pixel အတွက်ပြိုင်ဘက်ကောင်း တစ်ယောက်အနေနဲ့တော့ရပ်တည်နေပါတယ်။ အခုဆိုရင်တော့ OnePlus 5 လေးဟာ Goolge ရဲ့ Flagship စမတ်ဖုန်းဖြစ်တဲ့ Pixel ကို ယှဉ်ပြိုင်ရတော့မှာမို့ လွယ်ကူမယ်တော့မထင်ပါဘူး။ 


                အခုဆိုရင်တော့Twitter မှာတင်ထားခဲ့တဲ့ OnePlus ရဲ့ Tweet အရ ပုံနှစ်ပုံကိုယှဉ်ပြထားတာကို မြင်ရမှာပါ။ Low-light အခြေအနေမှာ ရိုက်ယူထားတဲ့ပုံနှစ်ပုံအရ ဘယ်ဘက်ပုံက မှောင်နေပြီး Color Quality လည်း မကောင်းမွန်ပါဘူး။ ညာဘက်က ပုံ (OnePlus 5 နဲ့ရိုက်ထားတဲ့ပုံ) ကတော့ လင်းလင်းရှင်းရှင်းရှိပြီး Color Quality ကောင်းမွန် ပါတယ်။

                OnePlus ကုမ္ပဏီအနေနဲ့လည်း ဒီလိုဓာတ်ပုံရိုက်ယူရာမှာ အရည်အသွေးကောင်းမွန်ဖို့အတွက် DxO နဲ့ပူးပေါင်းထားခဲ့တာကို အတည်ပြုပြောကြားခဲ့ပြီးပါပြီ။ DxO ဆိုတာကတော့ DxOMark ဆိုတဲ့ ကင်မရာ နဲ့ ဓာတ်ပုံအရည်အသွေးတွေကို တိုင်းတာတဲ့ DxOMark.com ဆိုတာကိုတည်ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုပူးပေါင်းလိုက်တဲ့ အတွက် ဘယ်လိုအရည်အသွေးတွေ ပိုမိုကောင်းမွန်သွားတယ် ဆိုတာကို အတိအကျ မသိရပေမဲ့ Twitter ပေါ်မှာ Tweet လုပ်ထားခဲ့တဲ့ ဓာတ်ပုံအရ အခုလက်ရှိ စမတ်ဖုန်း စျေးကွက်ထဲမှာ ထွက်ရှိထားတဲ့ HTC U11 ၊ Google Pixel နဲ့ Samsung Galaxy S8 ကိုပါ ပြိုင်ဆိုင်နိုင်မယ့် Camera အရည်အသွေးကို ပိုင်ဆိုင်ထားတယ်ဆိုတာကတော့ အသေအချာပါပဲ။ 

                Flagship ဖုန်းတွေရဲ့ ထုံးစံအတိုင်း OnePlus 5 မှာလည်း Dual-Lens Camera ပါ၀င်လာဖွယ်ရှိပြီး Optical Zoom ကော ပါ၀င်လာမှာလား ဆိုတာကိုတော့ အတိအကျ မသိရှိရသေးပါဘူး။ တခြား OnePlus 5 စမတ်ဖုန်းမှာပါ၀င်လာဖွယ်ရှိတဲ့ Features တွေကတော့ Snapdragon 835 Processor ကိုအသုံးပြုမှာဖြစ်ပြီး၊ Fingerprint Scanner ကို ဖုန်းအရှေ့ဘက်မှာထားမယ်လို့လည်းသိရပါတယ်။ ဘယ်တော့ စ တင်ထုတ်လုပ်မယ်ဆိုတာနဲ့အတူ စျေးကိုကော ဘယ်လောက်သတ်မှတ်မယ်ဆိုတာကို ခုချိန်ထိသေချာမသိရှိရသေးပါဘူး။  ခန့်မှန်းခြေအနေနဲ့ကတော့ USD $570 လောက်နဲ့ရောင်းချဖြစ်မယ်ထင်ပါတယ်။

References
Android Authority
About Author
Assinged Tags
Google Camera OnePlus 5 OnePlus OnePlus One OnePlus 3 OnePlus 3T Google Pixel Motorolla Google Nexus Dual Lens Camera DxO DxOmark
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed