Android O ရဲ့နာမည်ကို Oreo အဖြစ် Google မှ တရား၀င်ကြေညာ

date_range 22 August 2017

Android O ရဲ့နာမည်ကို Oreo အဖြစ် Google မှ တရား၀င်ကြေညာ

visibility 3640 Views

                မနေ့က ကျွန်တော်တို့ ၂၀၁၇ ရဲ့နေကြတ်ခြင်းနဲ့အတူ Android O ရဲ့နာမည်ကို တရား၀င်မိတ်ဆက်မယ် လို့ သတင်းတစ်ခုအရ သိရှိထားရပါတယ်။ ဒီသတင်းတွေမတိုင်ခင်မှာ Android O ရဲ့ နာမည်အတွက် Orangina လိုလို၊ Oreo လိုလိုနဲ့ ကောလာဟလမျိုးစုံ ထွက်ရှိထားခဲ့ပါတယ်။


                လက်ရှိအချိန်မှာတော့ Google ကနေ Android O အတွက်နာမည်ကို Oreo အဖြစ် တရား၀င်ကြေညာလိုက်ပြီဖြစ်ပါတယ်။ လွန်ခဲ့နှစ်က Android N အတွက် Nougat နာမည်နဲ့အတူ Google မှ သြဂုတ်လ ၂၂ ရက်နေ့မှာ မိတ်ဆက်ပေးခဲ့တဲ့အတွက် နှစ်စဉ်နှစ်တိုင်း သြဂုတ်လမှာ Google ကနေ Android Version အသစ်တစ်မျိုးကို တရား၀င်မိတ်ဆက်ပေးသွားဖွယ်ရှိပါတယ်။

                Google မှ Android Oreo အတွက် Developer Preview 4 ကိုလည်း ဇူလိုင်လကုန်လောက်မှာ ထုတ်လုပ်ပေးခဲ့ပြီး၊ အဲ့ဒီအချိန်ကတည်းက Android Oreo ဟာ စ တင်အသုံးပြုဖို့ အသင့်ဖြစ်နေခဲ့တာကိုလည်း အကြမ်းဖျင်းသိရှိခဲ့ရပါတယ်။ 

                လက်ရှိအချိန်မှာတော့ Android Oreo ကို Pixel နဲ့ Nexus တွေသာ ဦးဦးဖျားဖျား ရရှိနိုင်မှာဖြစ်ပြီး အခြား OEM တွေထဲက ဘယ်သူက ပထမဦးဆုံးနဲ့ အစောဆုံး Android Oreo ကို Update ထုတ်လုပ်ပေးနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

References
The Verge
About Author
Assinged Tags
Google Android Oreo Android Version Official Android Oreo
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed