Nokia Camera App ကတစ်ဆင့် Nokia 4, Nokia 7 Plus နဲ့ Nokia 1 တို့ရဲ့ အချက်အလက်များ ပေါက်ကြား

date_range 03 January 2018

Nokia Camera App ကတစ်ဆင့် Nokia 4, Nokia 7 Plus နဲ့ Nokia 1 တို့ရဲ့ အချက်အလက်များ ပေါက်ကြား

visibility 640 Views

                HMD Global အနေနဲ့  ၂၀၁၇ ခုနှစ် အတွင်းမှာ Nokia 6, Nokia 3, Nokia 5, Nokia 8, Nokia 7, Nokia 2 စတဲ့ စမတ်ဖုန်းတွေနဲ့အတူ စမတ်ဖုန်းလောကမှာ ပြန်လည် နေရာယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၁၈ ခုနှစ်ထဲမှာလည်း Nokia 6 (2018), Nokia 8 (2018), Nokia 9 စတဲ့ စမတ်ဖုန်းသစ်တွေကို ထုတ်လုပ်သွားဖို့ သေချာသလောက် ရှိနေပြီပဲ ဖြစ်ပါတယ်။

                မကြာသေးခင် အချိန်တုန်းက Nokia အနေနဲ့ သူတို့ရဲ့ ပထမဆုံး Android Go-Based Nokia 1 ကို ထုတ်လုပ်တော့မယ်လို့ ကောလာဟလ တွေ ထွက်ပေါ်လာခဲ့သလို  များမကြာမီ အချိန်တုန်းကလည်း 4G ကွန်ယက်ကို ထောက်ပံ့ပေးမယ့် 4G Nokia 3310 ကို ၂၀၁၈ ခုနှစ်ထဲမှာ မြင်တွေ့ ရနိုင်တယ်လို့ ကောလာဟလ တွေ ထွက်ပေါ် ခဲ့ပါသေးတယ်။ အခုအခါမှာလည်း Nokia က အသစ်ထုတ်လုပ်သွားမယ့် ဖုန်းတွေနဲ့ ပတ်သတ်တဲ့ ကောလာဟလတွေ ထပ်မံ ပေါ်ထွက်လာခဲ့ပါပြီ။

                GizMoChina ရဲ့ အဆိုအရ အခုထွက်ရှိလာတဲ့ အချက်အလက်တွေဟာ Nokia ရဲ့ Camera App APK File ကို Unzip လုပ်ရာကနေ တစ်ဆင့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ Zip File ထဲကနေ nokia_1_logo.png, nokia_2_logo.png, nokia_3_logo.png, nokia_5_logo.png, nokia_6_logo.png, nokia_7_logo.png, nokia_8_logo.png, nokia_9_logo.png တို့ အပြင် nokia_4_logo.png, nokia_7_plus_logo.png စတဲ့ အသစ်ထွက်ရှိလာမယ်လို့ ခန့်မှန်းရတဲ့ ဖုန်းမော်ဒယ်သစ် ၂ မျိုး ကိုပါ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကောလာဟလ ထွက်ပေါ်နေတဲ့ Nokia 9, Nokia 8 (2018), Nokia 6 (2018), Nokia 1 စတဲ့ ဖုန်းတွေလည်း File ထဲမှာ ပါလာခဲ့တယ်လို့ သိရပါတယ်။

                HMD Global အနေနဲ့ ဒီစာရင်းထဲမှာ ပါတဲ့ စမတ်ဖုန်းအားလုံးကို Event တစ်ခုထဲမှာ ကြေငြာသွားမှာလား ဒါမှမဟုတ် ၂၀၁၈ တစ်နှစ်လုံးမှာ တစ်ခုစီ ကြေငြာ သွားမှာလား ဆိုတာကိုတော့ တရားဝင် ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။ ယခု တွေ့ရှိချက်များအရ Nokia အနေနဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ Android-Based စမတ်ဖုန်း အနည်းဆုံး မော်ဒယ် ၅ မျိုး ထုတ်လုပ်လာနိုင်တယ်လို့ GizMoChina က ခန့်မှန်းထားပါတယ်။

                Nokia 4, Nokia 7 Plus နဲ့ ပတ်သတ်တဲ့ အသေးစိတ် Specifications၊ တရား၀င် ရောင်းချမယ့် ရက်နဲ့ ပတ်သတ်တဲ့ ကောလာဟလတွေတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။ Nokia 7 Plus ကတော့ အရင်နှစ်တုန်းက ထွက်ရှိထားတဲ့ Nokia 7 ထပ် အနည်းငယ် ပိုကြီးတဲ့ Version တစ်ခု ဖြစ်လာနိုင်ပြီး Processor ပိုင်းမှာ Qualcomm ရဲ့ Snapdragon 660 Chip ကို အသုံးပြုလာနိုင်တယ်လို့ GizChina က ခန့်မှန့်ထားပါတယ်။ Nokia 4 အနေနဲ့ကတော့ မထင်မှတ်ထားတဲ့ Specifications အသစ်တွေနဲ့ ထွက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

                Nokia ရဲ့ အသစ်ထွက်ရှိလာမယ့် စမတ်ဖုန်းတွေမှာ ကောလာဟလသတင်းတွေအတိုင်း ထွက်လာမလား ဒါမှမဟုတ် ဘယ်လို ဆန်းသစ်တဲ့ Specifications တွေနဲ့ ထွက်လာမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
GizmoChina Gadgets NDTV CNET
About Author
Assinged Tags
Nokia Nokia 8 Nokia 3310 Nokia 3 Nokia 5 Nokia 6 Nokia 9 Nokia 7
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed