Nokia ကုမ္ပဏီဟာ စမတ်ဖုန်းလောကမှာသာ သိပ်မထင်ရှားပေမဲ့ မိုဘိုင်းဖုန်းထုတ်လုပ်မှုမှာတော့ အထင်ကရရှိခဲ့တဲ့ နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Symbian OS အထိကို အောင်မြင်မှုတွေဆက်တိုက်ရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ Android အသုံးပြု စမတ်ဖုန်းတွေ ထွက်ရှိလာခဲ့တဲ့အချိန်မှာ ပျောက်ကွယ်သွားခဲ့ပါတယ်။ အခုအခါမှာတော့ HMD Global ကနေထုတ်လုပ်ထားတဲ့ Android OS သုံး Nokia 3, Nokia 5 နဲ့ Nokia 6 စမတ်ဖုန်းတွေကို India နိုင်ငံမှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။
Nokia X တုန်းကလည်း Android စမတ်ဖုန်းတစ်လုံးကို Jellybean (4.1.2) အသုံးပြုစမတ်ဖုန်းကို Microsoft Mobile ကနေထုတ်လုပ်ပေးခဲ့ပါသေးတယ်။ HMD Global ကနေ တစ်ကျော့ပြန်ပြီး Nokia 3, Nokia 5 နဲ့ Nokia 6 ကို Android OS အသုံးပြုထားတဲ့ ပထမဦးဆုံးစမတ်ဖုန်းအနေနဲ့ Developed လုပ်ပေးခဲ့ပြီး FIH Mobile (Foxconn ရဲ့လက်အောက်ခံကုမ္ပဏီတစ်ခု) ကနေ ဖြန့်ချီပေးမှာပဲဖြစ်ပါတယ်။ ထွက်ရှိလာမယ့် Nokia ဖုန်းအမျိုးအစား သုံးခုလုံးမှာ Android Nougat (7.1.1) ကိုအသုံးပြုထားမှာဖြစ်ပါတယ်။
ကွာခြားချက်တွေကတော့ Nokia 3 မှာ Nokia 5 နဲ့ Nokia 6 လို Front Fingerprint Sensor မပါ၀င်ပါဘူး။ Nokia 3 ကို MediaTek MT6737 ကိုအသုံးပြုထားတဲ့အတွက် Nokia 5 နဲ့ Nokia 6 မှာအသုံးပြုထားတဲ့ Snapdragon 430 ထက်စာရင် အရည်အသွေးနိမ့်ပါတယ်။ Rear Camera ကို 8MP သာအသုံးပြုထားတဲ့အတွက် Nokia 5 မှာ 13MP နဲ့ Nokia 6 မှာ 16MP ပါ၀င်တာမို့လို့ Camera အရည်အသွေးကလည်း အရမ်းကြီးမကောင်းပါဘူး။ Battery ပိုင်းအနေနဲ့လည်း Nokia 3 မှာ 2650mAh အသုံးပြုထားပြီး Nokia 5 နဲ့ Nokia 6 မှာ 3000mAh ပါ၀င်တဲ့ ဘက်ထရီကိုအသုံးပြုထားတာကြောင့် Nokia 3 မှာ Battery Life လည်း အနည်းငယ်နည်းပါတယ်။
Nokia 5 နဲ့ 6 မှာ Processor ချင်းမကွာခြားပေမဲ့ Nokia 5 မှာတော့ 2GB RAM သာပါ၀င်ပြီး Nokia 6 မှာတော့ 3GB RAM ပါ၀င်တာမို့ Apps အမြောက်အများသုံးစွဲချင်သူတွေအတွက်ကတော့ Nokia 6 ကို၀ယ်မှ အဆင်ပြေနိုင်မှာပါ။ Internal Storage အနေနဲ့လည်း Nokia 5 မှာ 16GB သာပါ၀င်တာမို့ Storage ပိုမိုသုံးစွဲချင်သူတွေအတွက်ကတော့ Nokia 6 ကိုပဲရွေးချယ်ရမှာဖြစ်ပါတယ်။ Display အနေနဲ့ 5.2 လက်မ 720p Resolution ပဲ Nokia 5 မှာပါ၀င်ပါတယ်။ Nokia 6 မှာတော့ 5.5 လက်မ Full HD 1080p Resolution ပါ၀င်မှာမို့ Nokia 5 ထက် Display ပိုင်းမှာလည်းသာပါတယ်။ Nokia 5 နဲ့ Nokia 3 ဟာ Display ပိုင်းမှာ 0.2 လက်မလောက်ပိုမို ကျယ်ပြန့်တယ် ဆိုပေမဲ့ Pixels Per Inch (PPI) အနေနဲ့တော့ Nokia 3 မှာ 294 ppi ရှိပြီး Nokia 5 မှာ 282 ppi ပဲရှိတာမို့ Nokia 3 ဟာ Nokia 5 ထက် Display Resolution မသိမသာကောင်းမွန်မှာပါ။
Nokia 3, Nokia 5 နဲ့ Nokia 6 ဖုန်းတွေဟာ Mid-Range Smartphone တွေအနေနဲ့သာ မြင်တွေ့ရဖို့ရှိပါတယ်။ Performance တွေအနေနဲ့လည်း မျှော်မှန်းထားသလောက်တော့ ထူးထူးခြားခြားကြီးကောင်းမွန်မှာမဟုတ်ပါဘူး။ စျေးတွေအနေနဲ့ကတော့ Nokia 3 ကို USD $150 ၊ Nokia 5 ကိုတော့ USD $200 နဲ့ Nokia 6 ကိုတော့ USD $230 ခန့်သတ်မှတ်ထားပါတယ်။ Android OS ကိုလည်း အများကြီး ပြုပြင်မှုမလုပ်ထားတဲ့အတွက် Pure Android ပုံစံနဲ့ပဲ ထွက်ရှိလာမှာပါ။ Nokia 3, Nokia 5 နဲ့ Nokia 6 ကို၀ယ်ယူလိုပါက Amazon India ကနေ တိုက်ရိုက်မှာယူလို့ရပါတယ်။ (အသေးစိတ် Specification တွေကိုတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်)
Category | Nokia 3 | Nokia 5 | Nokia 6 |
---|---|---|---|
Operating System | Android 7.1.1 Nougat | Android 7.1.1 Nougat | Android 7.1.1 Nougat |
Display | 5.0-inch 720p IPS LCD 294ppi | 5.2-inch 720p IPS LCD 282ppi | 5.5-inch Full HD IPS LCD 403ppi |
SoC | Mediatek MT6737 Quad-core 1.4GHz Cortex A53 | Qualcomm Snapdragon 430 Octa-core 1.4GHz Cortex A53 | Qualcomm Snapdragon 430 Octa-core 1.4GHz Cortex A53 |
GPU | Mali-T720MP2 | Adreno 505 | Adreno 505 |
RAM | 2GB RAM | 2GB RAM | 3GB RAM |
Storage | 16GB microSD card slot | 16GB microSD card slot | 32GB microSD card slot |
Rear Camera | 8MP f/2.0 lens, LED flash | 13MP f/2.0 lens, PDAF, dual-tone LED flash | 16MP f/2.0 lens, PDAF, dual-tone LED flash |
Front Camera | 8MP | 8MP | 8MP |
Connectivity | 4G with VoLTE, Bluetooth 4.1, NFC, microUSB, USB OTG, FM radio | 4G with VoLTE, Bluetooth 4.1, NFC, microUSB, USB OTG, FM radio | 4G with VoLTE, Bluetooth 4.1, NFC, microUSB, USB OTG, FM radio |
Battery | 2650mAh non-removable battery | 3000mAh non-removable battery | 3000mAh non-removable battery |
Fingerprint Security | None | Front fingerprint sensor | Front fingerprint sensor |
Dimensions | 143.4 x 71.4 x 8.5mm | 149.7 x 72.5 x 8mm | 154 x 75.8 x 7.9mm |
Join Us On