Nokia ရဲ့ ပထမဆုံး Android Flagship ဖုန်းဖြစ်လာမယ့် Nokia 8 ကို တရားဝင်မိတ်ဆက်

date_range 18 August 2017

Nokia ရဲ့ ပထမဆုံး Android Flagship ဖုန်းဖြစ်လာမယ့် Nokia 8 ကို တရားဝင်မိတ်ဆက်

visibility 17900 Views

                Nokia စမတ်ဖုန်းအမှတ်တံဆိပ်ကို HMD Cooperation က လက်လွှဲယူပြီးနောက်ပိုင်းမှာ ပထမဆုံး Android Flagship ဖုန်းလို့ဆိုနိုင်တဲ့ Nokia 8 Smartphone ကို တနေ့က မိတ်ဆက်ပြသလိုက်ပါပြီ။

                Nokia 8 ဟာ ဈေးနှုန်းအရ $700 ဝန်းကျင်ရှိမှာဖြစ်တဲ့အတွက် Flagship ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးလို့ ပြောလို့မရပေမယ့်လည်း ပါဝင်တဲ့ Hardware ပစ္စည်းတွေအရ အကောင်းဆုံး Android ဖုန်းတွေထဲမှာ ပါဝင်နေတယ်လို့ ပြောလို့ရမှာပါ။ 

                Nokia 8 Smartphone မှာ လက်ရှိအမြန်ဆုံးဖြစ်တဲ့ Qualcomm Snapdragon 835 CPU, 4GB RAM, 64GB Storage ပါဝင်မှာဖြစ်ပါတယ်။ Display ကလည်း အရွယ်အစားမကြီးလွန်းမသေးလွန်းတဲ့ 5.3" Quad HD Screen ကို အသုံးပြုထားတာဖြစ်ပါတယ်။ Battery ကတော့ 3090mAh Battery ပါဝင်မှာပါ။ 

                Nokia 8 Smartphone က ကင်မရာပိုင်းကို ဦးစားပေးထားတဲ့ဖုန်းဖြစ်ပြီး Back Primary Camera ကို Zeiss Lens တွေဖြစ်တဲ့ 13 MP RGB Sensor နဲ့ 13 MP Monochrome Sensor ၂ ခုတပ်ဆင်ထားပါတယ်။ နောက်ပြီး Selfie Camera ကလည်း 13 MP ပါဝင်မှာပါ။


                ကင်မရာပိုင်းမှာ Bothie Mode ဆိုပြီး အသစ်ပါဝင်လာတာတွေ့ရပြီး၊ Front Camera ရော၊ Back Camera ရော ၂ ခုစလုံးနဲ့ တစ်ပြိုင်တည်း ရိုက်ကူးနိုင်မယ့် Camera Feature တစ်ခုဖြစ်ပါတယ်။


                ဒီ့အပြင် Nokia 8 ဖုန်းဟာ OZO Audio ပထမဆုံးပါဝင်လာတဲ့ဖုန်းဖြစ်ပြီး Video Recording ပိုင်းနဲ့ အခြား Audio ပိုင်းမှာ တော်တော်လေးကို ကောင်းလာမယ်လို့ ခန့်မှန်းရပါတယ်

                Notifications နဲ့ Informations တွေကို ဖုန်း Display ပိတ်ထားချိန်မှာတောင် ဖော်ပြနိုင်အောင် လုပ်ခဲ့တဲ့ အစောဆုံးကုမ္ပဏီတွေထဲကတစ်ခုလို့ ဆိုရမယ့် Nokia ဟာ ဒီ Feature ကို အခု Nokia 8 ဖုန်းမှာလည်း ပြန်ယူဆောင်လာပါပြီ။ ဒါပေမယ့် ထူးခြားတာတစ်ခုက ဒီ Feature ကို အခုလက်ရှိမှာ OLED ဖုန်းအများစုလောက်ပဲ သုံးထားတာတွေ့ရပေမယ့်၊ Nokia ကတော့ LCD Screen မှာပဲ ရအောင်သုံးထားတယ်လို့ ဆိုပါတယ်။ ဒီအတွက် HMD အနေနဲ့ ဖုန်းရဲ့ LCD Display နေရာသေးသေးတစ်ကွက်လောက်ကို ကွက်ပြီး၊ Low Power Mode သုံးနိုင်မယ့် ကိုယ်ပိုင်နည်းပညာတစ်ခုကို အသုံးချထားတယ်လို့ပဲ သိရပါတယ်။

                Nokia 8 ဖုန်းကို Polished Blue ၊ Polished Copper ၊ Tempered Blue နဲ့ Steel Color ဆိုပြီး အရောင် ၄ မျိုးနဲ့ ရွေးချယ်နိုင်မှာဝယ်ယူနိုင်မှာဖြစ်ပြီး စက်တင်ဘာလ ၈ ရက်နေ့မှာ 599 Euros ($700 ဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။


References
The Verge
About Author
Assinged Tags
Smartphones Nokia Nokia 8 HMD Global Always On Display
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed