ပထမဆုံး Android Go ဖုန်း ဖြစ်လာဖွယ်ရှိတဲ့ Nokia 1 ကို နောက်နှစ် မတ်လထဲမှာ မိတ်ဆက်သွားနိုင်ခြေရှိ

date_range 28 December 2017

ပထမဆုံး Android Go ဖုန်း ဖြစ်လာဖွယ်ရှိတဲ့ Nokia 1 ကို နောက်နှစ် မတ်လထဲမှာ မိတ်ဆက်သွားနိုင်ခြေရှိ

visibility 1540 Views

                နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Google အနေနဲ့ Android Oreo (Go Edition) နဲ့ Go Edition Apps တွေကို မိတ်ဆက်ပေးပြီးထဲက ငြိမ်သက်နေခဲ့တာ တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ဒီနေ့မှာတော့ Nokia နဲ့ ပူးပေါင်းပြီး ပထမဆုံး Android Go ဖုန်း Nokia 1 ကို ထုတ်လုပ်တော့မှာဖြစ်ပြီး နောက်နှစ်မေလထဲမှာ မိတ်ဆက်သွားနိုင်ခြေရှိတယ်လို့ ကောလာဟလ သတင်းတစ်ခု ထွက်လာပါတယ်။ နောက်ပြီး Nokia 1 ကိုဖွဲ့ဖြိုးဆဲ နိုင်ငံတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

                နာမည်ကြီး Tipster တစ်ယောက်ဖြစ်တဲ့ ရုရှားနိုင်ငံသား Elder Murtazin ကတော့ Nokia 1 ဟာ Google ရဲ့ Android Oreo (Go Edition) Program ထဲမှာ ပါတယ်လို့ သူ့ရဲ့ Twitter Account မှာ Tweet လုပ်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ Tweet ထဲမှာ Nokia 1 နဲ့ ပက်သတ်တဲ့ Specification တွေကိုလည်း ချပြသွားပါသေးတယ်။ အသစ် ထွက်ရှိလာမယ့် Nokia စမတ်ဖုန်းမှာ HD(720 x 1280 pixels) IPS Display ကို အသုံးပြုသွားမှာ ဖြစ်ပြီး 1 GB RAM နဲ့ Internal Storage 8 GB ပါ၀င်မှာ ဖြစ်သလို စျေးနှုန်းအနေနဲ့ Nokia 1 ကို ခန့်မှန်းခြေ ကန်ဒေါ်လာ ၁၀၀ (မြန်မာငွေ ၁သိန်း ၄သောင်း ၀န်းကျင်) နဲ့ ရောင်းချသွားမယ်လို့လည်း Murtazin က ပြောထားပါတယ်။

                Nokia 1 မှာ Android Oreo (Go Edition) ကို အသုံးပြုသွားမှာဖြစ်ပြီး Google ရဲ့ Lightweight Apps တွေဖြစ်တဲ့ Files Go, Google Maps Go, YouTube Go တို့ ပါ၀င်လောက်တယ် လို့လည်း ကောလာဟလတွေ ထွက်ပေါ် နေပါတယ်။ HMD Global က Nokia 1 ကို ထုတ်လုပ်မှာဖြစ်သလို Huawei ကလည်း Android Go ဖုန်း ထုတ်လုပ်ဦးမှာ ဖြစ်တယ်လို့ Murtazin က ပြောထားပါသေးတယ်။ ဒါပေမယ့် Huawei က ထုတ်မယ့် Android Go ဖုန်းရဲ့ Specifications တွေနဲ့ ပက်သက်လို့တော့ Murtazin က မပြောထားပါဘူး။

                အခုလောလောဆယ်မှာတော့ Nokia 1 ဟာ ကောလဟာလ သတင်းတစ်ခု အနေနဲ့ပဲ ရှိပါသေးတယ်။ များမကြာမီ ကာလထဲမှာတော့ Nokia 1 နဲ့ ပက်သက်တဲ့ ခိုင်ခိုင်မာမာ သတင်းတစ်ခု ထွက်ပေါ်လာမယ်လို့ ခန့်မှန်းရပါတယ်။

This Article is contributed by Phyo Kyaw Swar.
References
Gadgets NDTV Concept Phones
About Author
Assinged Tags
Nokia Android Go Android Go Apps Nokia 1
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed