အရှေ့၊အနောက်ကင်မရာကို တပြိုင်တည်းရိုက်ကူးနိုင်တဲ့ ‘Bothie’ Camera ပါ Nokia 7 ထွက်ရှိ

date_range 19 October 2017

အရှေ့၊အနောက်ကင်မရာကို တပြိုင်တည်းရိုက်ကူးနိုင်တဲ့ ‘Bothie’ Camera ပါ Nokia 7 ထွက်ရှိ

visibility 6820 Views

                Android စမတ်ဖုန်းစျေးကွက်ထဲကို တကျော့ပြန်ဝင်ရောက်လာတဲ့ Nokia (HMD Global) ဟာ စမတ်ဖုန်းမော်ဒယ်အသစ်တွေ တမျိုးပြီးတမျိုး ထုတ်ကာ အရှိန်အဟုန်နဲ့ စျေးကွက်ထိုးဖောက်ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

                အခု အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Nokia 7 စမတ်ဖုန်းဟာ  Snapdragon 630 SoC နဲ့ Mid-Range စမတ်ဖုန်းအနေနဲ့ ထွက်ရှိလာတာဖြစ်ပြီး၊ စျေးနှုန်းက ဒေါ်လာ ၄၀၀ ဆိုတော့ Mid-Range တစ်လုံးအနေနဲ့ နည်းနည်းလေးများနေတယ်လို့ ဆိုနိုင်ပါတယ်။ 5.2-inch Full HD IPS LCD Display ကို အသုံးပြုထားပြီး၊ RAM 4 GB နဲ့ 64 GB Internal Storage မော်ဒယ်ရယ်၊ RAM 6 GB, Internal Storage 128 GB မော်ဒယ်ရယ်ဆိုပြီး နှစ်မျိုး ထွက်ရှိမှာပါ။ microSD ကတ်လည်း ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။


                Nokia 7 ရဲ့ ထူးခြားတဲ့ Feature တစ်ခုကတော့ Nokia 8 မှာ ပါဝင်ခဲ့တဲ့ ‘Bothie’ Camera ပါဝင်လာတာဖြစ်ပါတယ်။ Bothie Camera ဆိုတာ ရှေ့၊နောက်ကင်မရာနှစ်လုံးကို ဓာတ်ပုံတစ်ပုံအဖြစ် တပြိုင်တည်းပေါင်းစပ်ရိုက်ကူးနိုင်တဲ့ Feature ဖြစ်ပါတယ်။ ဒီ Feature ပုံစံမျိုးက Sony နဲ့ Samsung ဖုန်းအချို့မှာ ပါဝင်ပြီးသားဖြစ်ပါတယ်။ အခုခေတ်လို Social Media တွေ ခေတ်စားနေတဲ့အချိန်မျိုးမှာ ဒီ Feature က ထူးခြားချက်တစ်ခုဖြစ်နေမှာပါ။ ပြီးတော့ Live တွေကိုလည်း ရှေ့နောက်ကင်မရာကနေ တပြိုင်တည်းလွှင့်လို့ရတော့ သုံးတတ်ရင် မဆိုးပါဘူး။ ကင်မရာတွေအနေနဲ့ကတော့ 16-megapixel, 1.12um pixels နဲ့ f/1.8 ရှိတဲ့ ကျောကင်မရာနဲ့ 5-megapixel, 1.4um pixels, f/2.0 ရှေ့ကင်မရာတို့ ပါဝင်မှာပါ။


                Software အနေနဲ့ကတော့ Androud 7.1.1 Nougat နဲ့ စတင်ထွက်ရှိလာမှာဖြစ်ပေမယ့်၊ Android 8 ကို Update လုပ်နိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီက အာမခံထားပါတယ်။ ဘက်ထရီကတော့ 3,000mAh ဘက်ထရီ ပါဝင်လာမှာပါ။

                Nokia 7 စမတ်ဖုန်းကို လောလောဆည် တရုတ်နိုင်ငံမှာပဲ ဖြန့်ချိဦးမှာဖြစ်ပြီး၊ RAM 4 GB, Storage 64 GB model က ၃၇၇ ဒေါ်လာဝန်းကျင်နဲ့ RAM 6 GB, Internal Storage 128 GB မော်ဒယ်က ၄၀၇ ဒေါ်လာ ရှိမှာပါ။

                Nokia 7 စမတ်ဖုန်းရဲ့ Specifications ကို ကျနော်တို့ မကြာမီ တင်ဆက်ပေးပါမယ်။

References
The Verge Android Authority
About Author
Assinged Tags
Smartphones Nokia HMD Global Nokia 7 Bothie Camera
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed