အွန်လိုင်းပေါ်ရောက်ရှိလာပြီဖြစ်တဲ့ Nokia စမတ်ဖုန်းအသစ် "Nokia 8"

date_range 22 February 2017

အွန်လိုင်းပေါ်ရောက်ရှိလာပြီဖြစ်တဲ့ Nokia စမတ်ဖုန်းအသစ် "Nokia 8"

visibility 7500 Views

                Nokia 6 စမတ်ဖုန်းထွက်ရှိပြီး တစ်လခွဲလောက်အကြာမှာတင် နောက်ထပ် Nokia စမတ်ဖုန်းအသစ်ရဲ့ သတင်းအချက်အလက်တွေ အွန်လိုင်းပေါ် ရောက်ရှိလာပါပြီ။

                Nokia 6 စမတ်ဖုန်းကို တရုတ်စျေးကွက်အတွက် သီးသန့်ရောင်းချပေးခဲ့တဲ့ JD.com ကနေပဲ ယခု Nokia 8 စမတ်ဖုန်းရဲ့ ဓာတ်ပုံ၊ စျေးနှုန်းနဲ့ တခြားအချက်အလက်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။

                MWC 2017 ပွဲကလည်း ယခုဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ကျင်းပမှာဆိုတော့၊ Nokia အမှတ်တံဆိပ်မူပိုင်ခွင့်ရရှိထားတဲ့ HMD Global ကုမ္ပဏီအနေနဲ့ Nokia 8 ဖုန်းကို အဆိုပါပွဲမှာ မိတ်ဆက်ပြသသွားနိုင်ပါတယ်။

                JD.com မှာ ဖော်ပြထားတဲ့ စမတ်ဖုန်းဓာတ်ပုံအရ Nokia 8 မှာ မျက်နှာပြင်ဘေးဘောင်တွေ သိပ်မတွေ့ရဘဲ ဖုန်းအရှေ့ကိုယ်ထည်မှာ Display က အပြည့်နီးပါးရှိနေမှာပါ။ ဖုန်းရှေ့ကိုယ်ထည်ရဲ့ အပေါ်ဘက်ကော၊ အောက်ဘက်မှာပါ စပီကာတစ်လုံးစီ တွေ့မြင်ရပြီး၊ ရှေ့ကင်မရာက ဖုန်းအပေါ်ညာဘက်ထောင့်နားမှာ ရှိပါတယ်။

                ဖုန်းကျောဘက်မှာတော့ Nokia ရဲ့ နာမည်ကြီး Lumia 1020 ဖုန်းလိုမျိုး ကြီးမားတဲ့အဝိုင်းပုံစံကင်မရာ ပါရှိပြီး၊ LED flash မီးနှစ်လုံးနဲ့ ဖြစ်ပါတယ်။

                Nokia 8 ရဲ့ ခန့်မှန်းခြေစျေးနှုန်းက တရုတ်ယွမ်ငွေ ၃၁၈၈ ( မြန်မာငွေ ကျပ်ခြောက်သိန်းသုံးသောင်းဝန်းကျင်) ခန့်ရှိတယ်လို့ JD.com က ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ စျေးနှုန်းကို ပြန်ဖျက်သွားခဲ့တာကြောင့် စျေးနှုန်းအတိအကျကတော့ မသိရသေးပါဘူး။

                ဖော်ပြထားတဲ့ Specifications တွေအရ Nokia 8 မှာ Qualcomm ရဲ့ နောက်ဆုံးမိုဘိုင်းပရိုဆက်ဆာ Snapdragon 830 ၊ RAM 6GB နဲ့ Internal Storage 64/128 GB ပါဝင်မှာဖြစ်ပြီး၊ micorSD ကတ်လည်း ထပ်စိုက်နိုင်မှာဖြစ်ပါတယ်။ မျက်နှာပြင်က ၅.၇လက်မအကျယ် QHD Super AMOLED Display နဲ့ ဖြစ်ပြီး၊ ကျောကင်မရာက 24-megapixel OIS ကင်မရာ၊ ရှေ့ကင်မရာက 12-megapixel ကင်မရာနဲ့ ဖြစ်ပါတယ်။

                HMD Global အနေနဲ့ လာမယ့်တနင်္ဂနွေနေ့ ဘာစီလိုနာမြို့မှာကျင်းပမယ့်၊ MWC 2017 ပွဲမှာ ယခု Nokia 8 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်မှာဖြစ်တာကြောင့် ယခုဖုန်းပုံစံအတိုင်း ထွက်ရှိလာမလားဆိုတာကတော့ ရင်ခုန်စွာစောင့်ကြည့်ရမှာပါ။

References
Gadgets 360 JD.com
About Author
Assinged Tags
Android Smartphones Nokia Nokia 8 HMD Global
Categorized Under
News

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed