4G ကွန်ယက်စနစ် ထောက်ပံ့ပေးမယ့် 4G Nokia 3310 ကို နောက်နှစ်အစောပိုင်းမှာ မြင်တွေ့ရဖွယ်ရှိ

date_range 29 December 2017

4G ကွန်ယက်စနစ် ထောက်ပံ့ပေးမယ့် 4G Nokia 3310 ကို နောက်နှစ်အစောပိုင်းမှာ မြင်တွေ့ရဖွယ်ရှိ

visibility 280 Views

                Nokia လို့ ပြောလိုက်တာနဲ့တင် Smartphone ဆိုတာ ဘာမှန်းမသိရသေးတဲ့ အချိန်တုန်းက ဖုန်းတွေရဲ့ဘုရင်ပဲလို့တောင် တင်စားလို့ရမယ် ထင်ပါတယ်။ Nokia 3310 ဆိုတာကလည်း မြန်မာနိုင်ငံမှာတင်မကပဲ အနောက်နိုင်ငံတွေနဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း လူကြိုက်များခဲ့ပါတယ်။


                HMD Global အနေနဲ့ Nokia 3310 ကို ဒီနှစ်အစောပိုင်းတုန်းက ကျင်းပခဲ့တဲ့ Moblie World Congress (MWC) မှာ 2G ကွန်ယက်စနစ် ထောက်ပံ့ပေးနိုင်တဲ့ ဖုန်းတစ်လုံးအဖြစ် ပြန်လည် အသက်သွင်းခဲ့ပါတယ်။ ဒါပေမယ့် 2G Nokia 3310 က နိုင်ငံတိုင်းရဲ့ မတူညီတဲ့ ကွန်ယက်စနစ်တိုင်းကို ထောက်ပံ့မပေးနိုင်တဲ့အတွက် 3G Nokia 3310 ကို အောက်တိုဘာလမှာ ထပ်မံမိတ်ဆက်ပေးခဲ့ပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ ကွန်ယက်စနစ်တွေနဲ့အညီ Nokia 3310 ကလည်း ပြောင်းလဲရတော့မှာ ဖြစ်ပါတယ်။


                ဒါကြောင့် လာမယ့်နှစ်မှာလဲ 4G ကွန်ယက်စနစ် ထောက်ပံ့နိုင်တဲ့ Nokia 3310 Version အသစ်ကို မိတ်ဆက်လိမ့်လို့ တရုတ်နိုင်ငံ အခြေစိုက် နည်းပညာ ဝက်ဆိုက်တစ်ခု ဖြစ်တဲ့ VTECHGRAPHY ကတစ်ဆင့် သိရှိရပါတယ်။ ဒီသတင်းဟာ တရုတ်နိုင်ငံရဲ့ အစိုးရဝက်ဆိုက်တစ်ခုဖြစ်တဲ့ TENAA မှ ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး Code-Name ကတော့ TA-1077 လို့ သိရပါတယ်။


                4G Nokia 3310 ရဲ့ Screen Size က 2.4-inch ဖြစ်ပြီး Body Size ကတော့ 117x 52.4x 13.35mm ဖြစ်တယ်လို့ သိရပါတယ်။ Battery ပမာဏ 1200 mAh ပါ၀င်မှာ ဖြစ်ပါတယ်။ 4G Nokia 3310 မှာ Android Open Source Project (AOSP) ကို အခြေခံထားတဲ့ YunOS ကို အသုံးပြုထားပါမယ်။ နောက်ပြီး ဒီ OS ကို Alibaba Group က ဖန်တီးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

                4G Nokia 3310 ကို နောက်နှစ် ဇန်နဝါရီထဲမှာ ကျင်းပမယ့် CES ပွဲမှာ Nokia 9 နဲ့ Nokia 6 (2018) တို့နဲ့အတူ မိတ်ဆက်နိုင်ဖွယ် ရှိပါတယ်။ စျေးနှုန်းကတော့ 3G Nokia 3310 ကို ကန်ဒေါ်လာ ၆၀ နဲ့ ရောင်းချခဲ့တာ ဖြစ်တဲ့အတွက် အခု 4G Nokia 3310 ကိုလည်း ကန်ဒေါ်လာ ၁၀၀ ဝန်းကျင်ခန့်နဲ့ ရောင်းချသွားမယ်လို့ မျှော်လင့်ရပါတယ်။

This Article is contributed by Thaw Zin.
References
Android Authority NokiaMob
About Author
Assinged Tags
Nokia Nokia 3310
Categorized Under
Rumors

Join Us On

Facebook
YouTube
Twitter
GooglePlus
TechX RSS Feed